Ep 4

1.3K 37 0
                                    



Unicode Version

တီ...တီ...📣🚙
ခြံစောင့်: 'ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျ...'
MHM: 'ဦးမိုးဟိန်းရဲ့သား မိုးထက်မြင့် လာနေတယ်လို့ပြောလိုက်...'
ခြံစောင့်: 'ဟုတ်ကဲ့...ခဏလေးစောင့်ပေးနော်'

ခြံစောင့်: 'မမလေးရေ မမလေး'
Wine: 'မောင်ထူး ဘာလို့လဲ'
ခြံစောင့်: 'အပြင်မှာ ဦးမိုးဟိန်းရဲ့သား ကိုမိုးထက်မြင့်ဆိုတာ ရောက်နေတယ်ခင်ဗျ'
Wine: 'ဪ ဖေဖေ့သတင်းလာမေးတာနဲ့တူပါရဲ့ လွှတ်လိုက်လေ'
ခြံစောင့်: 'ဟုတ်ကဲ့ မမလေး'

ခြံစောင့်: 'ဝင်လို့ရပါပြီ ခင်ဗျ'
MHM: 'Okay👌'

Wine: 'ကိုမိုးထက်မြင့်ဆိုတာလား'
MHM: (ဒီမိန်းမက ဟိုဓာတ်ပုံထဲက မိန်းမပဲ) 'မြင်ရုံနဲ့မသိဘူးလား ? ခြံစောင့်လည်း ပြောထားတယ်မဟုတ်လား?'
Wine: 'ဪဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲရှင့်'
(ဒီလူကဘာလဲဟ စကားပြောတာ မာရေကြောရေနဲ့ တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရသလို မျက်နှာဘေးနဲ့ တစ်စက်မှလည်းအချိုးမပြေဘူး ၊ ငါနော် ....သည်းခံ သည်းခံ ဒါ ဖေဖေ့အချစ်ဆုံးသူငယ်ချင်းရဲ့သား...)
MHM: 'ဘာရယ်မဟုတ်ပါဘူး အကြွေးလာတောင်းတာ'
Wine: 'အကြွေး?...ဘာအကြွေးလဲ?'
MHM: 'ကြည့်ရတာ ဒီကအမိ မသိဘူးထင်ပါရဲ့ ၊ဦးမင်းလွင်မဆုံးခင်က ကျွန်တော့်အဖေဆီက ချည်းထားတဲ့ အကြွေး သိန်းငါးသောင်း အကြောင်းလေ'
Wine: 'သိန်း...သိန်းငါးသောင်း?...ဖေဖေကချည်းခဲ့တာဆိုတာ ဟုတ်လို့လား?'
MHM: 'ဘာကွ မင်းပြောတဲ့ပုံအရ ငါကပဲ ရိုက်စားလာလုပ်နေသလိုလိုနဲ့...စာချုပ်အပြည့်အစုံရှိတယ် မင်းမယုံရင် ဒီမှာကြည့်'
Wine: (စာချုပ်ကတော့ အမှန်အကန်ပဲ ဒီလူလိမ်တာတော့ မဖြစ်နိုင်ဘူး)
'ဖေဖေက ဘာလို့ပိုက်ဆံချည်းရတာလဲ ကျွန်မလည်းမသိရပါလား'
MHM: 'တစ်ခုတော့ကျေးဇူးတင်ရမယ် ငါ့အဖေက စာချုပ်မလိုဘူးဆိုတာကို ဦးမင်းလွင်ကအတင်းချုပ်ခဲ့လို့သာ ဒီအကြွေးကိစ္စသက်သေရှိတာ မဟုတ်ရင် ငါလည်း မင်းလိုသိရမှာမဟုတ်ဘူး ၊ ပြီးတော့ မင်းအဖေရဲ့ ယုတ်မာတဲ့အကြံတွေလည်း သိရမှာမဟုတ်ဘူး'
Wine: 'ရှင်ဘာပြောတယ်...ကျွန်မအဖေက ဘာတွေယုတ်မာထားလို့လဲ?၊ ရှင်တစ်ခုခုအထင်လွဲနေပုံပဲ '
MHM: 'ငါအထင်လွဲ မလွဲက အရေးမကြီးတော့ပါဘူး ၊ အရေးကြီးတာက ဒီဘာမဟုတ်တဲ့ ငွေလေးအတွက် ငါ့အဖေ အသက်ပေးလိုက်ရပြီ ၊ မင်းတို့ဘယ်လိုပြန်ပေးဆပ်မလဲ '
Wine: 'ရှင်ပြောချင်တာ​က ကျွန်မအဖေ​က ရှင့်အဖေကိုသတ်တယ်ပေါ့ '
MHM: 'မင်းရဲ့ IQ ကထင်သလောက်တော့ မဆိုးသေးဘူးပဲ '
Wine: 'ဘာရှင့်....'
MHM: 'ကဲ...အမိ ရှည်ရှည်ဝေးဝေးတွေမပြောနဲ့တော့ ၊ ငါဒီကိုလာတာ အကြွေးလာတောင်းတာ'
Wine: 'ရှင်တစ်ကိုယ်ကောင်းမဆန်ပါနဲ့ ကျွန်မလည်း ရှင်နဲ့ထပ်တူ ကျွန်မအဖေကိုဆုံးရှုံးခဲ့ရတာပါပဲ  ၊ ပြီးတော့ ရှင့်အကြွေးကိုကျွန်မ ဆပ်မှာပါ'
MHM: 'ထပ်တူ?...ဟုတ်လား? ဘယ်လိုတူသွားတာလဲ ? မင်းတို့မိသားစုရဲ့လောဘကြောင့် ငါ့အဖေအသက်ပေးခဲ့ရတာလေ ၊ ဘယ်နေရာမှာ မင်းနဲ့တူသွားရတာလဲ? '
Dawgyi: 'မောင်မိုးထက်မြင့်ရယ် ဒေါ်ကြီးပဲကြားကနေ တောင်းပန်ပါတယ်...ဒီအိမ်ကလည်း နာရေးဖြစ်နေတာမို့ပါ...မင်းပြန်လိုက်ပါတော့'
Wine: 'ဒီမှာ ကိုမိုးထက်မြင့်...ကျွန်မဘာမှမပြောနိုင်သေးဘူး ၊ အခုချိန်မှာကျွန်မပြောနိုင်တာကတော့ ရှင်တစ်ခုခုကိုနားလည်မှုလွဲနေတယ်ဆိုတာပဲ ၊ ရှင်သွားပါတော့...ရှင်နဲ့ စကားများနေဖို့ ကျွန်မအားမရှိသေးဘူး '
MHM: 'မင်းနှင်စရာမလိုပါဘူး...ငါ့စိတ်နဲ့ငါသွားမယ်...အေး...ငါပြန်လာခဲ့မယ်'

PoisonWhere stories live. Discover now