Ep-87

365 22 0
                                    

Unicode Version

MHM: 'ဘာလို့ငါ့ကိုလက်မခံသေးတာလဲ? အခုပဲ တစ်ပတ်ကျော်ပြီ။ ငါ့ဆီကဘာတွေများမကြိုက်လို့လဲ? ဘာတွေများလိုအပ်နေသေးလို့လဲ? ဘာမှမပြောတော့ ဘာပြင်လို့ပြင်ရမှန်းမသိဘူး😪'

မိုးထက်မြင့်ရုံးခန်းထဲတွင် တစ်ယောက်တည်းရေရွတ်နေရင်း အလုပ်ရှုပ်နေသဖြင့် နှင်းနုရုံးခန်းထဲဝင်လာတာကိုပင်မကြားလိုက်ချေ။

HN: 'သူဌေး!....သူဌေး!'

အသံကြားရာဆီရုတ်တရက်လှည့်ကြည့်မိပြီး လန့်သွားသည်။

MHM: '😳😵...ဘာကြီးလဲဟ'
HN: 'ဘာမှမဟုတ်ပါဘူး...နှင်းနုပါသူဌေး'
MHM: 'ရုံးခန်းထဲဝင်ရင် တံခါးခေါက်ရမယ်ဆိုတာမသိဘူးလား?'
HN: 'ခေါက်တယ်လေသူဌေး။ မကြားလိုက်ဘူးလား? ဪ....ဘယ်ကြားမလဲ....သူဌေးက အတွေးကမ္ဘာထဲရောက်နေတာကိုး'
MHM: 'ဘယ်သူပြောလဲ? ငါဝိုင့်အကြောင်းတွေးနေပါတယ်လို့?'
HN: 'သူဌေးပြောတာလေ အခုလေးတင်'
MHM: '🤭ကဲပါ...လာရင်းကိစ္စပြော'
HN: 'သူဌေးပဲ လချုပ်စာရင်းတွေယူလာခဲ့ပေးဆိုလို့လေ'
MHM: 'ဪ! အေ! ထားခဲ့'
HN: 'ဟုတ်ကဲ့'

နှင်းနုက စာရင်းတွေထားခဲ့ပြီး ပြန်ထွက်ရန်ပြင်ဆင်နေတုန်းမှာပဲ ...
MHM: 'ခဏ!'
HN: 'ဟုတ်'
MHM: 'မင်းတို့မိန်းကလေးတွေက ဘယ်လိုယောက်ျားလေးမျိုးကိုကြိုက်ကြလဲ?'
HN: 'ရှင်!'
MHM: 'ဟဲ့ ငါနင့်ကိုထူးခိုင်းတာမဟုတ်ဘူး။ အကြံဉာဏ်တောင်းနေတာ'
HN: (immm....သူဌေးကိုကြည့်ရတာ ဝိုင်နဲ့ပြဿနာတက်ထားပြီထင်တယ်🤔။ သူဌေးရဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ငါလည်းတစ်ဖက်တစ်လမ်းကနေ ကူညီပေးရမယ်🤔)
'အခက်အခဲဖြစ်တိုင်းပထမဦးဆုံးပေါ်လာတတ်တဲ့လူမျိုး၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးမယ့်လူမျိုး၊ ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကရပ်တည်ပေးမယ့်လူမျိုးပေါ့'
(ဒါက ငါတို့သူဌေးစတိုင်နဲ့ကွက်တိပဲ😉)
MHM: (သူပြောတာတွေက နေမင်းအကြောင်းလို့တောင်ထင်ရတယ်😐။ ငါ့ကိုရန်လာစနေတာလား?😐)
'ဒါလေးမေးတာ အသုံးကိုမကျဘူး။ ဘယ်လိုလုပ်ငါ့ဝန်ထမ်းဖြစ်လာမှန်းကိုမသိဘူး'
HN: 'ဟင်! သူဌေးကလည်း အင်တာဗျူးလာဖြေတုန်းက ဒီလိုမေးခွန်းတွေမှမပါတာ။ ပြီးတော့ နှင်းနုက ဒီကုမ္ပဏီကို အဆင့် ၄ နဲ့ဝင်ခဲ့တာပါနော်'
MHM: 'အဆင့် ၄ လည်းအလုပ်ပြုတ်တတ်တယ်နော်'
HN: 'ဟုတ်ကဲ့! သိပါပြီသူဌေး'
MHM: 'သွားတော့! ဝိုင့်ကိုလွှတ်လိုက်'
HN: 'ဟုတ်'

PoisonWhere stories live. Discover now