Ep-99

379 20 0
                                    

Unicode Version

မျက်စိရှေ့မှာ မှောင်မဲနေတဲ့လမ်းမပဲရှိနေတာကိုသိရက်နဲ့ ဝိုင်ဆက်လျှောက်နေခဲ့သည်။ ဘာရယ်မဟုတ်၊ ဘာအတွေးမျှမတွေးပဲ ခြေဦးတည့်ရာသာဆက်လျှောက်နေသည်။

Naymin: 'ဝိုင်! ဘယ်သွားချင်လဲပြောလေ။ ငါလိုက်ပို့ပေးမယ်။ ဒီအတိုင်းကြီးဆက်လျှောက်မနေပါနဲ့ဟာ... အရှေ့မှာအရမ်းမှောင်နေတယ်။ နင်အမှောင်ကြောက်တယ်လေ'
Wine: 'အမှောင်ကြောက်တယ်? ဟုတ်သားပဲ...ငါအမှောင်ကြောက်တတ်တာပဲ။ အခုငါ့ဆီမှာကြောက်စိတ်ရယ်လို့မရှိတော့ပါဘူး။ ငါ့ဘဝကြီးက ဒီထက်ပိုမှောင်မိုက်ပြီး အေးစက်နေမှတော့ ဒီအမှောင်လောက်ကို ကြောက်မနေတော့ပါဘူးဟာ'
Naymin: 'ဝိုင်! ငါတောင်းပန်ပါတယ်။ အိမ်ပြန်ကြရအောင်ပါ'
Wine: 'အိမ်? ငါ့မှာအိမ်မရှိဘူးလေ။ နင်မေ့နေတာလား? ငါကကပ်ပါးကောင်လို အဲ့ဒီလူရဲ့အိမ်မှာကပ်နေရတဲ့လူဆိုတာကို'
Naymin: 'ငါ့အိမ်လိုက်ခဲ့ပါ...လာ။ ငါခေါ်သွားမယ်။ နင်ဒီအတိုင်းတော့ဆက်လျှောက်နေလို့တော့မရဘူးလေဟာ'
Wine: 'ဆက်လျှောက်ရင် ဘာဖြစ်သွားမှာလဲဆိုတာ ငါသိချင်သေးတယ်။ ငါရွေးချယ်မိတဲ့ ဒီလမ်းကိုမျက်စိမှိတ်ပြီး ဆက်လျှောက်သွားရင် ဘာဖြစ်မှာလဲဆိုတာ သိချင်လို့ပါ'
Naymin: (မဖြစ်ဘူး...ဝိုင်အသိစိတ်မရှိဘူး။ ဒီအတိုင်းခေါ်နေရင် အဆင်ပြေမှာမဟုတ်ဘူး။ ငါတစ်ခုခုကြံမှဖြစ်တော့မယ်)

ထို့နောက် တားမရသည့်အဆုံး ဝိုင့်ကိုပွေ့ချီပြီးကားပေါ်တင်လိုက်သည်။

Wine: 'ဘာလုပ်တာလဲ? ငါ့ကိုအခုအောက်ချပေး။ ငါထိုးမှာနော်'
Naymin: (ထိုးချင်လည်းထိုး၊ ရိုက်ချင်လည်းရိုက်တော့။ ငါ့အတွက်က ဒီအချိန်မှာ နင်ကလွဲရင် ဘာမှအရေးမကြီးဘူး)
--------------------------------------

ကားတစ်စီးတည်းအတူစီးလာရသော်လည်း သူရိန်ကစကားတစ်ခွန်းမှမဟသောကြောင့် တိတ်ဆိတ်နေသည်။ ရွှေစင်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေသည်။ ရွှေစင်ရဲ့ ကျေနပ်နေတဲ့မျက်နှာကို သည်းမခံနိုင်သည့်အဆုံး သူရိန်ကားကို လမ်းဘေးချရပ်လိုက်သည်။

သူရိန်: 'မင်း ဝိုင့်ကိုဘာတွေသွားပြောလိုက်သေးလဲ?'
ShweSin: 'ဘာကိုလဲ ကိုရဲ့။ ဘာမှမပြောပါဘူး'
သူရိန်: 'ဒါဆို ဝိုင်ကမင်းနဲ့စကားပြောပြီးတာနဲ့ ဘာလို့မျက်နှာပျက်သွားတာလဲ?'
ShweSin: 'ဒါကတော့ အမှန်တရားတချို့ကိုသိသွားလို့နေမှာ...ဟင်! ကိုက အဲ့မိန်းမမျက်နှာကိုပဲကြည့်နေတာလား? ပွဲထဲမှာ ကို့ကိုသတိထားမိပါတယ်...ရွှေစင့်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ဘူး'
သူရိန်: 'ဝိုင်က ငါချစ်ရတဲ့လူပဲလေ၊ ကြည့်တော့ဘာဖြစ်လဲ? မင်းကိုတော့လား?  တစ်လောကလုံးမှာ မိန်းကလေးဆိုလို့ မင်းတစ်ယောက်ပဲရှိနေရင်တောင် လှည့်မကြည့်ချင်ဘူး။ အခုတောင်မဖြစ်မနေမို့လို့ ပက်သက်နေရတာ'
ShweSin: 'ကို! ရွှေစင့်ကိုဘယ်လိုတွေပြောနေတာလဲ? ရွှေစင်က ကိုနဲ့လက်ထပ်ရမယ့်မိန်းကလေးပါ ကိုရဲ့'
သူရိန်: 'ငါကလက်ထပ်ချင်ပါတယ်လို့ပြောဖူးလို့လား? မင်းတို့မိသားစုကပဲ တစ်ဖက်သတ်စီစဉ်နေကြတာလေ'
ShweSin: 'ကိုအဲ့လိုတော့မပြောပါနဲ့။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ။ ကိုတို့လက်မခံပဲ ရွှေစင်လည်းတစ်ဖက်သတ်စီစဉ်လို့မရပါဘူး'
သူရိန်: 'ဒါဆိုလည်း စဉ်းစားကြည့်ပါဦး။ မင်းမိဘတွေက ငါ့မိဘတွေနဲ့ ငယ်သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကိုအသုံးချပြီး အတင်းစေ့စပ်ခဲ့တယ်။ ငါ့မိဘတွေကိုမလွန်ဆန်နိုင်မှန်းသိရက်နဲ့လေ။ ပြောကြည့်စမ်းပါဦးရွှေစင်...ဘယ်မှာလဲ ငါ့ဆန္ဒ? ငါ့ဆီက မင်းကိုချစ်ပါတယ်၊ လက်ထပ်ချင်ပါတယ်လို့ တစ်ခါလေးတောင်ပြောသံကြားဖူးရဲ့လား?'
ShweSin: 'ကိုရွှေစင့်ကိုနည်းနည်းလေးတောင်မချစ်ခဲ့ဖူးဘူးလား?'
သူရိန်: 'ပြောစရာတောင်မလိုပါဘူး။ ဒါပေမယ့် ပြောမှသိမယ်ဆိုရင်လည်း ပြောရတာပေါ့။ မချစ်ဖူးဘူး။ နောက်လည်းချစ်လာမှာမဟုတ်ဘူး'
ShweSin: 'အဲ့ဒါ ဝိုင့်ကြောင့်မဟုတ်လား? ကိုအဲ့လောက်ချစ်နေတဲ့မိန်းမက သူ့အတက်သူဆူးနေပြီသိရဲ့လား?'
သူရိန်: 'ဘာပြောချင်တာလဲ?'
ShweSin: 'ကိုမိုးထက်မြင့်ကိုချမ်းသာလို့ဆိုပြီးယူလိုက်ပေမယ့် ကိုမိုးထက်မြင့်က အမွေကြောင့်သူ့ကိုလက်ထပ်တာလေ။ ပြီးတော့သူ့အဖေအတွက် လက်စားချေချင်တာလည်းပါတာပေါ့'
သူရိန်: (ဒီအကြောင်းကို မမနွယ်နားက နည်းနည်းပါးပါးကြားထားပေမယ့် အစ်ကိုက ဝိုင့်အပေါ်ဒီလောက်ထိ မလုပ်လောက်ဘူးလို့ ထင်လို့ ဘာမှဝင်မပြောခဲ့တာ။ ဒါနဲ့နေပါဦး ရွှေစင်ကရော ဘယ်လိုလို့သိနေရတာလဲ? ပြီးတော့ မဟုတ်မှလွဲရော....)
'ဘာ! ဒါဆို မင်းအဲ့ဒီအကြောင်းပြောလိုက်လို့ ဝိုင်မျက်နှာပျက်သွားတာပေါ့'
ShweSin: 'ရွှေစင်က စေတနာနဲ့ပြောတာပါ။ အမှန်တရားမသိပဲ အလိမ်ခံနေရမှာစိုးလို့'
သူရိန်: 'ဆင်းတော့!'
ShweSin: 'ဟင်!'
သူရိန်: 'မင်းကိုငါဆင်းတော့လို့ပြောနေတယ်လေ'

PoisonOnde histórias criam vida. Descubra agora