Ep-49

487 28 0
                                    


Unicode Version

MHM: 'ကဲကဲ! လုပ်စရာရှိတာဆက်လုပ်လိုက်ကြပါ။ ကျွန်တော်ပြန်တော့မယ်'
Mark: 'သူဌေးကလည်း ရုံးဆင်းချိန်ရောက်ဖို့အဝေးကြီးလိုသေးတာကို ပြန်တော့မလို့လား?'
MHM: 'အေး၊ ငါ့ဇနီး နေမကောင်းလို့။ ဒါပဲနော် သွားပြီ၊ ကြိုးစားလိုက်ကြပါဦး'
Mark& ရုံးဝန်ထမ်းများ: 'ဟုတ်ကဲ့'

{ရုံးဝန်ထမ်းများ:
'ဟဲ့! သူဌေးက သူဌေးကတော်ကို ချစ်လိုက်တာနော်။ သူဌေးကတော်တော့ ကံကောင်းပြီ'
'အချစ်မခံရရင်တောင်ဟယ် ငါတို့ သူဌေးလိုလူမျိုးကို ရရုံနဲ့တင် ကံကောင်းနေပါပြီ'
'ဟဲ့ ဒါနဲ့ သူဌေးကတော်က SUN.co.ltd ကသူဌေးရဲ့ တစ်ဦးတည်းသော သူငယ်ချင်းတဲ့'
'ဟေ! ဟို မျက်နှာဆူပုပ်ပုပ်နဲ့ သူဌေးလား? သူက လုံးဝမပြုံးတာနော်'
'ဟုတ်ပါ့! အဲ့လိုလူက သူဌေးကတော်နဲ့ကျ ပြုံးတယ်တဲ့တော်ရေ။ သူဌေးကတော်က အရင်ဘဝက ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ထားတဲ့ပုံပဲ။ အားကျလိုက်တာဟယ်'
'ဒါနဲ့ ငါတို့သူဌေးကတော်ကို အခုထိ မမြင်ဖူးသေးဘူးနော်'
'ဘယ်မြင်ဖူးမလဲ? သူဌေးကလျှိုထားတာနေမှာပေါ့'
'ဟီးဟီးဟီးဟီး'}

---------------------------------
Mark: 'ဟယ်လို ဆရာ!'
Naymin: 'ဘာကိစ္စလဲကွ။ ငါလေယာဉ်ပေါ်ရောက်နေပြီ။ ခဏနေ ဖုန်းပိတ်ရတော့မှာ'
Mark: 'ဆရာ့ကိုပြောစရာရှိလို့'
Naymin: 'အေးပြောလေ မြန်မြန်'
Mark: 'ဝိုင် ဖျားနေတယ်တဲ့'

ဝိုင်ဖျားနေတာကို အခုမှသိတဲ့ Mark က ဝိုင့်ကိုဆေးတိုက်ပြုစုပေးခဲ့တဲ့ နေမင်းကို သတင်းလှမ်းပို့တော့ နေမင်းလည်း ဘာမှပြန်မပြောပဲ ပြုံးပြီးနားထောင်နေလိုက်သည်။

Mark: 'ဖျားတာတော်တော်ပြင်းထန်လားမသိဘူး၊ သူဌေးက အိမ်ကို အစောကြီး ပြန်သွားတယ်။ သိလားလို့ဆရာ? ဘာမှလည်းပြန်မပြောဘူး'
Naymin: 'မင်းပြောချင်တာ ဒါပဲလား? ငါဖုန်းပိတ်ရတော့မယ်'
Mark: 'ဗျာ! ဆရာစိတ်မပူဘူးလား?'
Naymin: 'ဖုန်းချပြီ'

နေမင်းဖုန်းချသွားသည့်တိုင်အောင် Mark တစ်ယောက် နားမလည်နိုင်စွာ စဉ်းစားနေသည်။
(ဟင်! ဝိုင်ဖျားနေတယ်လို့ကြားတာတောင် အေးဆေးပဲလား? ဆရာက ဝိုင့်ကို လက်လွှတ်လိုက်ပြီထင်တယ်။ ကောင်းပါတယ်လေ၊ တော်ကြာ ဆရာ ကံကြီးထိုက်နေဦးမယ်)

PoisonМесто, где живут истории. Откройте их для себя