Ep-83

393 23 0
                                    


Unicode Version

အဖေ့ဆီသွားရမယ်ဆိုသော စိတ်ဖြင့် တစ်မနက်ခင်းလုံးတက်ကြွနေသည်။ မိုးထက်မြင့်မနိုးခင်အရင်နိုးပြီး မနက်စာများထပြင်ဆင်နေသည်။

မိုးထက်မြင့်အိပ်ရာနိုးလာသောအခါ ဆိုဖာပေါ်လှမ်းကြည့်လိုက်တော့ ဝိုင့်ကိုမတွေ့။

MHM: 'ဟင်! ဝိုင်ဘယ်ရောက်သွားလဲ? ဘယ်အချိန်ရှိပြီလဲမသိ'

နာရီကိုတစ်ချက်လှမ်းကြည့်လိုက်တော့ မနက် ၆ နာရီသာရှိသေးသည်။

MHM: 'ဒီလောက်အစောကြီး ဘယ်ထသွားတာလဲမသိ'

🎶🎵...................Ringtone
MHM: 'Hello!'
Nwe: 'မောင်လေး! မမဒီနေ့အိမ်ပြန်နောက်ကျမယ်နော်'

နွယ့်အသံက တုန်တုန်ယင်ယင်ဖြစ်နေတော့ မိုးထက်မြင့်စိတ်ပူလာသည်။

MHM: 'မမ ဘာဖြစ်လို့လဲ? ကျွန်တော့်ကိုပြောလေ။ မဟုတ်သေးဘူး။ အခုဘယ်မှာလဲ မမ?'
Nwe: 'မမ........အခု......အ...အခင်း... ဖြစ်ခဲ့တဲ့နေ...ရာမှာ...ရောက်နေတာ'
MHM: 'ကျွန်တော်အခုလာခဲ့မယ်။ စောင့်နေနော် မမ'

မိုးထက်မြင့်ဖုန်းကိုချပြီး ကပျာကယာဖြင့် မျက်နှာသစ် အဝတ်အစားလဲပြီးအိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။

Wine: 'ကိုမိုးထက်မြင့်! မနက်စာအဆင်သင့်ပဲနော်!'
MHM: 'အင်း...ကိုယ်ပြန်လာမှစားတော့မယ်နော်'
Wine: 'ဘယ်သွားမလို့လဲ?'
MHM: 'ဪ! မမလေ...မမ အပြင်သွားတာပိုက်ဆံပါမသွားဘူးဆိုလို့ သွားပေးမလို့။ မကြာပါဘူး...ပြန်လာခဲ့မယ်။ စောင့်နေနော်'
---------------------------------
အဖေနှစ်ယောက်သေဆုံးခဲ့သောနေရာသို့ရောက်သောအခါ ရင်ထဲအလိုလိုဝမ်းနည်းလာသည်။
(အဖေ! ကျွန်တော်လာတယ်...)
နွယ့်ကို မီးလောင်ထားတဲ့ဂိုဒေါင်ဘေး၌ ထိုင်နေသည်ကိုတွေ့သောအခါ စိုးရိမ်တကြီးပြေးသွားတော့သည်။

MHM: 'မမ! မမဘာဖြစ်လို့လဲ?'
Nwe: 'မောင်လေး! မနက်က ရဲစခန်းကဖုန်းဝင်လာလို့...အဲဒါ....မမသွားတော့...'
MHM: 'ဘာဖြစ်နေတာလဲ မမရဲ့။ မြန်မြန်ပြောပါ'
Nwe: 'အခင်းဖြစ်တဲ့နေရာမှာ ဓား....ဓား...တစ်လက်တွေ့တယ်တဲ့'
MHM: 'ဗျာ...ဘယ်သူ့ဓားလဲ?'
Nwe: 'ဓား...ဓားရဲ့...လက်ကိုင်မှာ အဖေ့ရဲ့လက်...လက်ဗွေရာတွေ့တယ်တဲ့။ ပြီးတော့...'
MHM: 'ပြီးတော့ ဘာဖြစ်လဲမမ?'
Nwe: 'ဓားမှာ...စွန်းနေတဲ့သွေးတွေက...ဝိုင့်အဖေရဲ့....သွေး...သွေးတွေ...တဲ့'
MHM: 'ဗျာ......ဒါ...ဒါဆို ပြောချင်တာက? အဖေက ဝိုင့်အဖေကိုသတ်လိုက်တယ်ပေါ့? မဖြစ်နိုင်တာ။ ဘယ်လိုလို့ဖြစ်နိုင်မှာလဲဗျာ...'
Nwe: 'အခင်းဖြစ်ပွားတဲ့နေရာရဲ့ မျက်မြင်သက်သေ ဦးကြည်ဆိုတဲ့လူကို ရဲစခန်းမှာထိန်းသိမ်းထားတယ်။ သူပြောတဲ့ စကားတွေအရ...အဖေက ဒီဖြစ်စဉ်တစ်ခုလုံးရဲ့ တရားခံတဲ့'
MHM: 'မဖြစ်နိုင်ဘူး။ ကျွန်တော်မယုံဘူး။ ကျွန်တော့်အဖေက ဘယ်တော့မှ ဒီလိုအလုပ်မျိုးလုပ်မှာမဟုတ်ဘူး။ အဲ့ဦးကြည်ဆိုတဲ့လူ လုပ်ကြံပြီးပြောတာပဲဖြစ်ရမယ်။ ကျွန်တော်အခုချက်ချင်းသွားတွေ့မယ်'

PoisonTempat cerita menjadi hidup. Temukan sekarang