Ep-52

452 25 0
                                    


Unicode Version

MHM's fris:
'ဟာ...ဒီကောင် club ကိုတောင်မိန်းမခေါ်လာတယ်ဟ'
'ဟုတ်ပါ့ကွာ...မိန်းမယူတာမှမကြာသေးဘူး မယက ဖြစ်နေပုံပဲ'
MHM: 'ဟေ့ရောင်တွေ အတင်းပြောရင်လည်း တိုးတိုးပြောကြလေကွာ။ ငါအကုန်ကြားနေရတယ်'
MHM's fris: 'ငါတို့က အတင်းပြောတာမဟုတ်ဘူး ပေါ်တင်ပြောနေတာ။ ဘယ့်နှယ့်ကွာ သူငယ်ချင်းတွေနဲ့ Club ကိုလာတာ မိန်းမခေါ်လာရတယ်လို့။ ဟိုမှာ တစ်ယောက်တည်း မျက်စိသူငယ် နားသူငယ်ဖြစ်နေတော့မယ်'
MHM: 'ဒါငါ့အလုပ်ပါ။ မင်းစိတ်ပူစရာမလိုပါဘူး။ ငါ့မိန်းမ ငါ့ဟာငါခေါ်လာတာ ဘာဖြစ်လဲ?'

စကားလုံးများက တဖြည်းဖြည်းပြင်းထန်လာသဖြင့် ဝိုင်ဝင်ပြောရတော့သည်။ ဒီတိုင်းသာ ဆက်ထားထားရင် ရန်ဖြစ်ကြတော့မည်ကိုမြင်ယောင်သည်။

Wine: 'မဟုတ်ပါဘူး။ ဝိုင်တစ်ယောက်တည်း အိမ်မှာမနေရဲလို့ လိုက်လာတာပါ။ ကိုမိုးထက်မြင့်က မခေါ်ပါဘူး'

ဝိုင်ဝင်ပြောသောအခါမှ မိုးထက်မြင့် သူငယ်ချင်းများက ပြန်လျှော်ချတော့သည်။

MHM's fri:
'အေးပါ။ သူ့ဘာသူ သူ့မိန်းမခေါ်လာတော့လည်းဘာအရေးလဲကွာ။ ဒီကောင်မူးရင် ငါတို့ ထိန်းစရာမလိုတော့ဘူးပေါ့'
'အင်းပေါ့၊ ရန်မဖြစ်ကြပါနဲ့ကွာ။ သူငယ်ချင်းအချင်းချင်းပဲ၊ မတွေ့တာကြာလို့တွေ့ကြတာပဲကို ရန်ဖြစ်ရင်းနဲ့ အချိန်မကုန်စေချင်ဘူး'
'အေးပါ။ ရန်မဖြစ်ပါဘူး။ ငါက စ တာပါ'

မိုးထက်မြင့်ကတော့ မျက်နှာကိုဆက်တင်းထားဆဲဖြစ်သဖြင့် ဝိုင်လည်း မိုးထက်မြင့်လက်ကို ကိုင်လျက် သတိပေးလိုက်သည်။
Wine: 'စိတ်လျှော့'
ဝိုင့်အသံကြားမှ ဒေါသကိုဖြေလျော့၍ စကားပြန်ပြောတော့သည်။

MHM: 'ဝိုင်! ပျင်းရင်ပြောနော်၊ ဘာသောက်မလဲ? သွားယူပေးမယ်'
Wine: 'အအေးရောသောက်လို့ရတာလား?'
MHM: 'ရတယ်လေ၊ မသိဘူးလား?'
Wine: 'မသိဘူးလေ၊ ရုပ်ရှင်တွေထဲမှာတော့  အရက်ပဲသောက်ကြတာလေ၊ အဲ့တော့ ကျွန်မလည်း အရက်ပဲရှိတယ်ထင်လို့ပေါ့'
MHM: 'ဟေ! ဒါဆိုမင်းတစ်ခါမှ club မရောက်ဖူးဘူးပေါ့'
Wine: 'အင်း၊ ဒါပထမဦးဆုံးပဲ'
MHM: 'OMG! ဘယ်လိုတောင်ရှားပါးမျိုးစိပ်ပါလိမ့်'
Wine: 'ဒီမှာ ဒီမှာ ဒီစကားတော့လက်မခံနိုင်ပါဘူးနော်၊ ရှင်တို့က ဒီကိုအမြဲလာနေပြီးဒီက မိန်းကလေးတွေနဲ့တော့ လိုက်မယှဉ်နဲ့လေ။ ဒီကို လာဖို့မတတ်နိုင်တဲ့သူတွေ၊ လာချင်လျက်နဲ့ အခွင့်အခါမသင့်သေးတဲ့သူတွေ၊ လုံးဝစိတ်မဝင်စားတဲ့ ကောင်မလေးတွေလည်းရှိတာပဲကို'
MHM: 'မင်းက ဒီကကောင်မလေးတွေကို Blame တာလား?'
Wine: 'မဟုတ်ရပါဘူး၊ ရှိနိုင်တဲ့ အခြေအနေတွေကိုပြောပြတာ။ ဒီကကောင်မလေးတွေက အများစုက ဘောစိတွေပဲနေမှာ၊ ဒီကိုလာနိုင်တယ်ဆိုတော့လေ'
MHM: 'ဟုတ်ပါပြီ။ ဒါနဲ့ ပြောစမ်းပါဦး Club အပေါ် မင်းရဲ့ ပထမဆုံးအမြင်လေး'

PoisonWhere stories live. Discover now