Ep-29

571 28 0
                                    


Unicode Version

မနက်ခင်းနေရောင်က ပြတင်းပေါက်မှန်ကိုဖြတ်သန်းလာပြီး ဝိုင့်ရဲ့မျက်နှာပေါ်ဖြာကျလျှက်ရှိသည်။ မျက်လုံးစူး၍ အိပ်ရာမှနိုးလာကာ ဘေးဘီဝဲ၊ယာ ကြည့်သောအခါ ဘယ်သူမှမရှိ၊ ကုတင်ပေါ်၌ မိမိတစ်ယောက်တည်း တစ်ညလုံးအိပ်ပျော်နေခဲ့ပုံပေါ်သည်။
(ဟိုလူညက အိမ်ပြန်မလာဘူးလားမသိပါဘူး။ မမ မသိစေချင်ဘူးလည်းပြောသေးတယ်၊ သူကိုက သိသာအောင်နေတယ်)
အိပ်ရာမှ ထ၍ မျက်နှာသစ်ရန် ရေချိုးခန်းသို့ဝင်သည်။
(ဟမ် သွားတိုက်တံနဲ့သွားတိုက်ဆေး အဆင်သင့်ပါလား ။ ပြန်လာသေးတယ်ထင်တယ်။ ဒီလိုကျတော့လည်း လူလိုသိတတ်သွားပြန်ရော)
အသင့်ပြင်ဆင်ထားသော သွားတိုက်တံနှင့် သန့်ရှင်းပြီး၊ ရေချိုးသန့်စင်၍ အိမ်အောက်ထပ်သို့ဆင်းလာသည်။
Nwe: 'ညီမလေး နိုးပြီလား? လာလေ၊ မနက်စာလာစား'
Wine: 'ဟုတ် မမ'
မိုးထက်မြင့်ဘေးမှာ မထိုင်လို၍ နွယ့်ဘေးကထိုင်ခုံမှာ ခပ်မြန်မြန်ဝင်ထိုင်လိုက်သည်။
Wine: 'မမဘယ်တုန်းကပြန်ရောက်တာလဲ? ဝိုင်အသံမကြားလိုက်လို့'
MHM: 'ဘယ်ကြားမလဲ! အိပ်တာမှသိုးနေရော။ မိန်းကလေးဖြစ်ပြီး စောစောလည်းမထ။ မြင်ကိုမမြင်ဖူးဘူး'
Wine: 'ဒီမှာ! ရှင့်ကိုမပြောဘူး။ ကျွန်မဖာသာ မမကိုမေးနေတာ'
Nwe: 'မမပြန်လာတာ မနက် ၅ နာရီလောက်တည်းက။ ခြံရှေ့မှာ မောင်လေးကိုတောင်တွေ့သေးတယ်။ သူ ည ကအိမ်ပြန်မအိပ်ဘူးမှတ်လား?'
မိုးထက်မြင့်က နွယ့်ကိုမသိစေချင်ဘူးဟုပြောထားသဖြင့် ဝိုင်လည်း ပြန်ဖြေရန် ခက်နေသည်။ ညာပြောရန်လည်း မိုးထက်မြင့်နှင့် ဘာမှမတိုင်ပင်ထားသည့်အတွက်
Wine: 'ဟို၊ ဟိုလေ'
Nwe: 'ညီမလေး သူ့ကိုဘာမှကာပြောပေးစရာမလိုဘူး။ ဒင်းကဆုံးမမှကိုရတော့မယ်'
MHM: 'ဟိုလေ မမ။ ကျွန်တော်ပြောပြမယ်'
Nwe: 'တိတ်စမ်း! မမ မင်းကိုအလျှော့ပေးထားလို့ မင်းကကမ်းတက်ချင်တာလား?မင်းအခုအရင်လိုလူပျိုလူလွတ်မဟုတ်တော့ဘူးနော်၊ အိမ်ထောင်သည်ဖြစ်နေပြီ။ ကိုယ့်ဟာကိုထိန်းမှပေါ့'
MHM: 'အိမ်ထောင်သည်ဆိုတော့ အမျိုးသမီးကထိန်းရမှာပေါ့'
Nwe: 'ဆင်ခြေဆင်လက်တွေပေးမနေနဲ့။ ခက်ပါတယ်ကွယ်၊ နောက်လဆို ငါကလည်း US သွားရတော့မယ်။ ဝိုင့်ကို မင်းနဲ့နှစ်ယောက်တည်းထားခဲ့ရမှာတောင်စိတ်မချတော့ဘူး'
Wine: 'မမက US ကိုဘာလို့သွားရမှာလဲ? အလည်အပတ်လား?'
Nwe: 'မဟုတ်ပါဘူးညီမလေးရယ်။ အလုပ်ကိစ္စနဲ့ပါ။ တစ်လ ၊ နှစ်လလောက်ကြာတာဆိုပြောမနေတော့ဘူး။ အခုက အနည်းဆုံး နှစ်နှစ်လောက်ကြာမှာမို့လို့'
Wine: 'ရှင်! နှစ်နှစ်တောင်!'
MHM: 'စပ်စုလိုက်တာ။ ကိုယ့်ကိစ္စလည်းမဟုတ်ပဲနဲ့'
Nwe: 'မင်းပါးစပ်ပိတ်ထား။ ဒီမှာ တို့ညီအစ်မနှစ်ယောက်စကားပြောနေတယ်'
MHM: 'မမ! ကျွန်တော်က မမရဲ့ မောင်လေးအရင်းလေ'
Wine: 'ရှင်အသာနေပါ။ ဒီမှာစကားပြောနေတယ်'
MHM: (ဘာလဲဟ! ငါကအပြင်လူဖြစ်သွားတာလား? ဒီကောင်မလေး ငါ့မမကိုပါလုသွားတာလား?😐)
Wine: 'US မှာ ဝိုင့်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ဟိုနဲ့ဒီကို အသွားအပြန်လုပ်နေတာဆိုတော့ မမ မှာချင်တာရှိရင်မှာလို့ရတယ်။ ဝိုင် မမကိုသူနဲ့ မိတ်ဆက်ပေးထားမယ်လေ'
MHM: 'နိုင်ငံခြားကနေ မြန်မာပြည်ကိုဘာမှာစရာရှိမှာလဲ? မင်းအကြံငါသိတယ် မင်းမမကိုခုတုံးလုပ်ပြီး မုန့်တွေမှာမလို့မှတ်လား?'
Wine: 'မဟုတ်တာတွေ။ ကျွန်မသာမုန့်စားချင်ရင် နေမင်းကိုမှာလို့ရတာပဲ။ ကျွန်မစားချင်တယ်ဆို နေမင်းက ကမာ္ဘ့အပြင်ဘက်တောင် သွားဝယ်ပေးလိမ့်မယ်။ အခုက မမအတွက် ပြည်ပမှာ မိတ်ဆွေလည်းရအောင်၊ ပြည်တွင်းဖြစ်လေးတွေလွမ်းရင်လည်း ပို့ပေးလို့ရအောင်ပြောနေတာ။ ဘာမှမသိရင်လည်း ဝင်မပါနဲ့'
Nwe: 'ကဲ! ဟုတ်ပါပြီ။ ရန်မဖြစ်ကြပါနဲ့။ ဘာပဲဖြစ်ဖြစ် ဒီတစ်လအတွင်းတော့ ဒီ Couple ကိုပုံစံသွင်းသွားမှရမယ်'
MHM: 'ဘယ်လိုပုံစံသွင်းမှာလဲ?'
Nwe: 'ပြောမယ်လေ၊ ဘာလို့လော?'
MHM: 'ဟုတ်'
(မိန်းမရမှ အိမ်ကအစ်မကပါအချိုးတွေပြောင်းကုန်တယ်။ ဒီမိန်းမနဲ့ငါ အဆင်ကိုမပြေပါဘူးကွာ...)
Nwe: 'ဟဲ့! ဘာတွေတွေးနေတာလဲ? ဒီမှာပြောတာကြားလား?'
MHM: 'ဟုတ်'
Nwe: 'ဘာဟုတ်လဲ? ပြောတာကိုလက်ခံလား?'
MHM: (မကြားလိုက်ဘူးပြောရင်လည်း အထောင်းကခံရဦးမယ်။ အသာလေး ရေလိုက်ငါးလိုက်နေပြီး ပြီးမှဟိုမိန်းမကိုပြန်မေးရမယ်)
'ဟုတ်'
Nwe: 'အေး! ဒါဆို ဒီနေ့ကစပြီး မနက်စာ၊ ညစာ အတူတူစားကြဖို့နဲ့ ည ၈ နာရီ အချိန်မှန်ပြန်လာဖို့ သဘောတူပြီနော်'
MHM: 'ဗျာ!'
Nwe: 'ဘာဗျာတာလဲ? လက်ခံပြီးပြီလေ။ ယောက်ျားဆို ကိုယ့်စကားကိုယ်တည်'
MHM: (ငါ့နှယ်! လက်မခံပြန်ရင်လည်း ယောက်ျားမဟုတ်ဘူးဖြစ်ဦးမယ်။ လက်ခံပြန်ရင်လည်း ဟိုမိန်းမရဲ့ ရုပ်သေးရုပ်လိုနေရဦးမယ်။ ဘာပဲဖြစ်ဖြစ် တစ်လပဲဆိုတော့လည်း ထားပါ)
'ဟုတ်'
Nwe: 'အေး! ပြီးရော။ နောက်ထပ်ဘာသံညာသံမကြားချင်ဘူးနော်။ အခုမနက်စာစား ပြီးရင် မိုးထက်မြင့် ငါနဲ့ မီးဖိုချောင်မှာကူလုပ်ပေး'
MHM: 'ဗျာ! ကျွန်တော်က ယောက်ျားလေးလေ ဘာလို့မီးဖိုချောင်ဝင်ရမှာလဲ? ဝင်ချင်းဝင် သူကမိန်းကလေးလေ၊ သူပဲဝင်ပေါ့'
Nwe: 'ယောက်ျားလေးမီးဖိုချောင်မဝင်ရတဲ့ ဥပဒေရှိလား? ပြီးတော့ ဝိုင်က ဓားကြောက်တတ်လို့လေ။ ကိုယ်ယူထားတဲ့မိန်းမအကြောင်းလည်းကိုယ်မသိ။ ငါမပြောချင်ဘူးနော်...! ခဏနေ မီးဖိုချောင်ကြွခဲ့ ကိုယ်တော်၊ ကျွန်မစောင့်နေမယ်'
MHM: 'ဟုတ်🤥'

PoisonWhere stories live. Discover now