Ep-130

435 19 0
                                    

Unicode Version

မိမိဘေး၌ လူရော စိတ်ရောတည်ငြိမ်စွာထိုင်​နေသော ဝိုင့်ကိုမယုံကြည်နိုင်အောင် ငေးကြည့်နေမိသည်။

Wine: 'ဘာကြည့်တာလဲ?'
Naymin: 'မဟုတ်ပါဘူး။ ငါထင်တာက...နင်ဒီတစ်ခေါက်တော့ တကယ်လဲကျတော့မယ်လို့ပေါ့!'
Wine: 'ငါအရင်ကဝိုင်မဟုတ်တော့ပါဘူး။ နင်စဉ်းစားကြည့်လေ...အရင်ကဝိုင်ဆိုရင် သူ့ကိုမချစ်တဲ့သူတစ်ယောက်ကို လက်ထပ်ပါ့မလား?'
Naymin: 'ဒါတော့ဟုတ်ပါတယ်။ ဒါပေမယ့် အခုတကယ်အဆင်ရော ပြေနေရဲ့လား?'
Wine: 'ပြေတာထက်တောင်လွန်နေသေးတယ်။ ဒါနဲ့နေမင်း! ငါတစ်ခုလောက်တောင်းဆိုချင်လို့'
Naymin: 'ပြောလေ!'
Wine: 'ဒီကိစ္စတွေပြီးရင် ငါ US မှာ ၃ နှစ်လောက်သွားနေချင်တယ်။ နင်တို့ရုံးချုပ်ကအဲ့ဒီမှာပဲဟာ...ငါ့ကိုလွှဲပြောင်းပေးလိုက်ပါလား!'
Naymin: 'လွှဲတာကတော့ရပါတယ်...ဒါပေမယ့် ၃ နှစ်က မများလွန်းဘူးလား?'
Wine: 'ငါကနည်းသေးတယ်တောင်ထင်တာ။ ငါဒီအရိပ်ထဲကနေ ရုန်းထွက်ဖို့အတွက် အဲ့ဒီ ၃ နှစ်က လုံလောက်ပါ့မလားလို့တောင်တွေ့နေတာ'
Naymin: 'နင် ကိုမိုးထက်မြင့်ဆီက ထွက်ပြေးချင်လို့ ဒီလိုလုပ်တာလား?'
Wine: 'အမှန်အတိုင်းဝန်ခံရရင်တော့ ဟုတ်တယ်။ ကိုသူရိန့်ကိုငါ ၂ နှစ်လောက်နဲ့ မေ့နိုင်ခဲ့တယ်လေ။ ကိုမိုးထက်မြင့်ဆိုရင်တော့ ၃ နှစ်လောက်ဆိုရလောက်မယ်ထင်တာပဲ'

ထိုအခါ နေမင်းလည်း ရုတ်တရက် ကားကိုလမ်းဘေးချရပ်လိုက်သည်။

Wine: 'ဘာလို့လဲ? ကားဘာဖြစ်သွားတာလဲ?'
Naymin: 'နင်ငယ်ငယ်တည်းကနေ အခုထိ ဘာလို့ဒီလောက်ငါ့ကိုကာကွယ်ပေးချင်နေတာလဲ?'
Wine: 'ဟင်! အဲ့ဒါ နင့်ကိုယ်နင်မသိဘူးလား? နင်ကငယ်ငယ်တည်းကဒီလောက် ချူချာနေတာ။ ပြီးတော့ အတန်းထဲမှာလည်း သူများအနိုင်ကျင့်တာပဲခံတယ်။ ပြီးတော့ သူငယ်ချင်းဆိုလို့လည်း ငါပဲရှိတယ်လေ။ နင့်ကိုငါမှမကာကွယ်ရင် ဘယ်သူကာကွယ်မှာလဲ?'
Naymin: 'ဒါဆို ငါကမချူချာဘူး။ အနိုင်ကျင့်လည်းမခံရဘူးဆိုရင်ရော နင်ကာကွယ်ပေးမှာလား?'
Wine: 'ဟဲ့! ဒီမှာ! ငါ့ဘဝမှာ ငါကာကွယ်ပေးရမှာဆိုလို့ ဖေဖေနဲ့ နင်ပဲရှိတာ။ ပြောရတာလည်းတစ်မျိုးကြီးပဲ! အမှန်ဆို နင်ကယောက်ျားလေးလေ...နင်ကာကွယ်ပေးရမှာကို။ အခုတော့ နင်က ငပျော့ကောင်ဖြစ်နေတော့လည်း....'
Naymin: 'ငါ့ကိုနင့်မိသားစုဝင်လို့ သဘောထားတယ်ပေါ့?'
Wine: 'ဒါပေါ့! နင်က ငါ့သူငယ်ချင်းမဖြစ်သင့်ဘူး။ နင်ကငါ့အစ်ကိုကြီးဖြစ်သင့်တာ'
Naymin: 'သူငယ်ချင်းထက်ပိုသွားတော့ အစ်ကိုကြီးဖြစ်သွားတယ်ပေါ့! အစ်ကိုကြီးထက်ပိုရင်ရော...ငါနင့်ရဲ့ဘာဖြစ်သွားနိုင်မလဲ?'
Wine: 'အစ်ကိုထက်ပိုရင်လည်း အဖေပဲဖြစ်တော့မယ်။ အဖေတော့မဖြစ်ချင်ပါနဲ့ဟာ...'
Naymin: 'ဒါပဲလား?'
Wine: 'ဒါပဲပေါ့! ဘာထပ်ဖြစ်ချင်သေးလို့လဲ? အမေတော့မဟုတ်ပါဘူးနော်?😳'
Naymin: 'နင့်ဘဝမှာ သူတို့နှစ်ယောက်ကိုပဲ ချစ်ဖူးတာလား?'
Wine: 'ဒါများမေးနေသေးတယ်။ နင်သိရဲ့သားနဲ့'
Naymin: 'သိတယ်! ဒါပေမယ့် သေချာအောင်မေးတာ။ နင့်ဘဝမှာ တကယ်ချစ်ခဲ့ဖူးတာ သူတို့နှစ်ယောက်တည်းလား?'
Wine: 'အင်းလေ!'
Naymin: 'ငါကရော!'

PoisonWhere stories live. Discover now