Ep-11

786 30 0
                                    


Unicode Version

မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်သည်နှင့်တစ်ပြိုင်နက် မိုးထက်မြင့်နှင့် လက်ထပ်ရမည့်ကိစ္စက Wine​၏ စိတ်ထဲ အလိုလိုရောက်လာသည်။ မိမိနှင့်ချစ်ကြိုက်နေသူမဟုတ်သည့်အပြင် မိမိအားမုန်းနေသော ထိုအမျိုးသားအား လက်ထပ်သင့်ရဲ့လား ဟူသောအတွေးများဖြင့် နေ့ညမပျက် စိတ်ပင်ပန်းလာရသည်။

Wine: (ဟူး...မဖြစ်တော့ဘူး၊ ဖေဖေ့မိတ်ဆွေ ရှေ့နေ ဦးဝင်းမောင်ဆီ အကြံဉာဏ်သွားတောင်းကြည့်ရမယ်။)

ရေမိုးချိုး၍ ဦးဝင်းမောင်ဆီထွက်လာခဲ့သည်။ ဦးဝင်းမောင်​၏ခြံရှေ့တွင် Taxi ပေါ်မှဆင်း၍ ခြံတံခါးမှ ဘဲလ်က်ိုတီးကာ ခြံစောင့်အားတံခါးဖွင့်ခိုင်းသည်။ ခြံစောင့်လည်း အမြင်မစိမ်းသော Wine အား ချက်ချင်းပင် တံခါးဖွင့်ပေးသည်။ အိမ်ဝတွင် မိမိအားစီးကြိုနေပြီဖြစ်သော လှောင်ပြောင်ချင်သည့်မျက်နှာထားဖြင့်လူအား တွေ့လိုက်ရပြီးနောက် Wine စိတ်ပျက်သွားမိသည်။

Wine: (ဒီလူက ငါ့ထက်အမြဲ နှာတစ်ဖျားသာနေသလို ဘာလို့ခံစားနေရပါလိမ့်)
MHM: 'ဘယ်လိုလဲ? မမလေးက Driver နဲ့မလာပဲ  Taxi တွေဘာတွေနဲ့ လာလို့ပါလား၊ ဘာလဲ နေ့ချင်းညချင်း စီးပွားပျက်သွားလို့လား'
Wine: 'ကျွန်မလမ်းမှာ ခွေးအမဲလေးတစ်ကောင်တွေ့ခဲ့တယ်'
MHM: 'အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ?'
Wine: 'မဆိုင်တော့ စိတ်မဝင်စားတော့ဘူးလား အဲ့ခွေးလေးတော်တော်ချစ်ဖို့ကောင်းတာ'
MHM: (ဒီမိန်းမ ချောင်သွားပြီလားဟ)
'စိတ်မဝင်စားဘူး'
Wine: 'ကိုယ်နဲ့မဆိုင်တာ စိတ်မဝင်စားဘူးဆိုရင်လည်း ၊ ကျွန်မဘာသာ Taxi  နဲ့လာလာ Driver နဲ့လာလာ ရှင်ဘာလို့ လိုက်စိတ်ပူနေလဲ၊ ဘာလဲ...ရှင်နဲ့ဆိုင်တယ်လို့သတ်မှတ်ထားလို့လား'
MHM: 'မင်း...မင်း '
Wine: 'မင်း မနေနဲ့ ကျွန်မရှေ့ကဖယ်၊ ကျွန်မရှင့်ဆီလာတာမဟုတ်ဘူး၊ ဦးလေးဆီလာတာ'
MHM: 'ငါကဘာလို့ဖယ်ရမှာလဲ၊ မကျေနပ်ရင် ကျော်သွား'
Wine: 'ဒီမှာ! အသက်သာကြီးပြီး ဦးနှောက်က ဆယ်တန်းမအောင်သေးတဲ့ အစ်ကိုကြီးရေ၊ ကျွန်မစိတ်တွေ သိပ်ရှည်နေတယ်လို့များရှင်ထင်နေလား' ဟုပြော၍ မိုးထက်မြင့်​၏ ခြေထောက်ကိုတက်နင်းကာ လူကိုတိုက်ပြီး အိမ်ထဲဝင်လာတော့သည်။ ကိစ္စအစအဆုံးမြင်ပြီးသော ဦးဝင်းမောင်လည်း မိုးထက်မြင့်အဖြစ်ကိုကြည့်ရင်း ပြုံးမိသည်။ ထို့နောက် မိမိထွက်မလာလျှင် ရန်ပွဲဖြစ်ကြတော့မည့် ကလေးနှစ်ယောက်အား အခန်းထဲမှ ထွက်၍တားသည်။

PoisonWhere stories live. Discover now