Ep-5

1.2K 36 0
                                    


Unicode Version

ဆောင်းညနေခင်းရဲ့ လေပြင်းများ တိုက်ခတ်နေသည်။ တိမ်စိုင်တိမ်ခဲများနှင့် ကောင်းကင်ကြီးသည်လည်း မဲမှောင်လျှက်ရှိသည်။ (အချိန်အခါမဟုတ် မိုးရွာတော့မှာပဲ) ။
အချိန်တွေကုန်တာလည်း မြန်လွန်းလှသည်။
Wine အဖေဆုံးတာလည်း တစ်လပြည့်ခဲ့ပြီ။
အရာအားလုံးတည်ငြိမ်သွားပြီဟုထင်သော်လည်း Wine ဘဝရဲ့မုန်တိုင်းက စတင်တော့မည်ဖြစ်သည်။

'🎶🎵...Ringtone'
Wine: 'ဟယ်လို...နေမင်းပြော'
NM: 'ဝိုင်...နင်အဆင်ပြေရဲ့လား?'
Wine: 'ပြေပါတယ် ၊ ငါပြေအောင်နေနေပါတယ် ၊ ငါအဆင်ပြေသွားမှာပါ'
(Wine အသံကအားပျော့လွန်းသည်။ သူမမှာမိသားစုဆိုလို့ အဖေတစ်ခုသမီးတစ်ခုဘဝပင်။ တစ်ယောက်တည်းရှိသော မိသားစုဆုံးရှုံးလိုက်ရသလိုဖြစ်၍ အဆင်ပြေသေးမည်မဟုတ်ဟုထင်သည်။ Wine ဘဝရဲ့ဒီလိုအချိန်တွေမှာ ကျွန်တော် သူမအနားရှိပေးချင်သည်။ သို့သော်လည်း အခြေအနေကမပေးပေ။)

NM: 'ဝိုင်ရေ ငါမနက်ဖြန် US ကိုသွားရမယ်'
Wine: 'ဟင်?...ချက်ချင်းကြီးပါလား? ဘာဖြစ်လို့လဲ?'
NM: 'အေးဟ...ဟိုမှာ ဖေဖေနေမကောင်းဘူးဆိုလို့ ငါဖေဖေ့အလုပ်တွေ သွားဝိုင်းကူပေးရမယ်ဟ'
(ငါ့ကိုခဏပဲစောင့်ပါ Wine ရယ် ငါအလုပ်ကြိုးစားပြီး နင့်အကြွေးတွေကိုကျေအောင် ဆပ်ပေးချင်တယ်)
Wine: 'အင်း...ဂရုစိုက်နော်...ဦးလေးကိုလည်း ဂရုစိုက်လိုက်ပါ...ငါလေဆိပ်တော့လိုက်မပို့တော့ဘူးနော်'
NM: 'အင်းပါ...ရပါတယ် ငါလည်း ရုတ်တရက်ကြီးစီစဉ်လိုက်ရတာမို့ပါ'
Wine: 'အင်း အင်း ဒါဆို ဒါပဲလေနော် ပြန်လာမှတွေ့ကြတာပေါ့'

(ငါ့ ဘဝက ဒီတိမ်စိုင်တွေလို မှောင်မိုက်နေတော့မှာလား? ဖေဖေလည်းမရှိတော့သလို နေမင်းလည်း မရှိတော့ အားကိုးရာမဲ့သလိုခံစားရတယ်။ ဒါပေမယ့်လည်း ငါအားတင်းထားရမယ် ။ ဖေဖေ့အတွက်ပဲဖြစ်ဖြစ်ပေါ့။ )

ပြတင်းပေါက်ကိုမှီရင်း ငေးကြည့်နေမိသော ပြိုလုဆဲဆဲတိမ်တိုက်တွေနှင့်အတူ Wine ရဲ့ရင်ထဲက ကောင်းကင်ကြီးလည်းအတူတကွ ပြိုကျလျှက်ရှိသည်။ အပြင်ပန်း၌ ဘာမျှမဖြစ်သလိုနေရသည်။ မိမိပြိုလဲသည်ကိုမြင်လျှင် ဒေါ်ကြီးတို့ မောင်ထူးတို့ ပို၍ခံစားရမည်ကိုကြောက်ရသည်။

PoisonWhere stories live. Discover now