Ep-71

730 25 0
                                    


Unicode Version

HN: 'ဝိုင်! အဆင်ပြေရဲ့လား?'
Wine: 'ဟင်! ပြေပါတယ်။ ဘာလို့လဲ?'
HN: 'သူဌေးက တော်တော်လေးဆူလိုက်လား?'
Wine: 'ဟင်! မဆူပါဘူး'
HN: 'ကာပြောပေးမနေပါနဲ့ဝိုင်ရယ်...သူဌေးကတော်တော်လေးဆူလိုက်တယ်မဟုတ်လား?'
Wine: (ဟုတ်သားပဲ၊ မဆူဘူးဆိုရင် ငါကအခွင့်ထူးခံလိုဖြစ်သွားမှာပေါ့)
'ဟုတ်! နည်းနည်းတော့ဆူတယ်'
HN: 'ကာပြန်ပြီ! သူဌေးလား နည်းနည်းဆူမှာ။ သူကမဆူရင်လည်း လုံးဝပဲ၊ ဆူရင်လည်း ၁၅ ရက်လောက်အိပ်မပျော်စားမဝင်တဲ့အထိဆူတာ'
Wine: 'ဟင်! ဟုတ်လား?'
HN: 'ဝိုင်! စိတ်ဓာတ်မကျနဲ့နော်...ဒီရုံးမှာ ဝိုင်ကအလုပ်အကြိုးစားဆုံးပဲ။ သူဌေးဘာပြောပြော စိတ်ထဲမထားနဲ့'
Wine: 'အင်းပါ...မထားပါဘူး'

သူဌေးဆူထားသဖြင့် တစ်ရုံးလုံး အလုပ်ကြိုးစားနေကြသည်။ ဝိုင်လည်း အလုပ်များကိုပုံမှန်အတိုင်းလုပ်ကာ ပြီးသည်နှင့် အိမ်ပြန်ရန်ပြင်သည်။

HN: 'ဝိုင်! မပြန်နဲ့ဦး'
Wine: 'ဘာလို့လဲ? ဝိုင်အလုပ်ပြီးသွားပြီလေ'
HN: 'အာ...ဝိုင်နဲ့တော့ခက်ပြီ။ ဒီနေ့က အပြည်ပြည်ဆိုင်ရာ အဆူခံရတဲ့နေ့လေ'
Wine: 'အဲ့တော့?'
HN: 'အဲ့တော့ အလုပ်ပြီးပြီးမပြီးပြီး သူဌေးထက်အရင် ဘယ်သူမှပြန်လို့မဖြစ်ဘူးပေါ့'
Wine: 'အလုပ်ချိန်လည်းကျော်နေပြီလေ'
HN: 'သူဌေးမှမပြန်သေးတာ'
Wine: 'သူအလုပ်မပြီးသေးလို့နေမှာပေါ့'
HN: 'အင်းလေ သူအလုပ်မပြီးသေးတော့ တို့ပါ လိုက်မပြီးရဘူးပေါ့'
Wine: 'အာ...နှင်းနုကလည်း ဘာဆိုင်လို့လဲ? ဝိုင်ချိန်းထားတာရှိသေးတယ်။ သွားမှဖြစ်မယ်'
DawAye: 'ဟဲ့ စကားများမနေကြနဲ့တော့။ ဟိုမှာ သူဌေးလာနေပြီ'
HN&ရုံးဝန်ထမ်းများ: 'သူဌေးပြန်တော့မှာလား?'
MHM: 'ဟုတ်တယ်။ ခများတို့ကရော ဘာလို့ အခုထိ ရှိနေကြသေးတာလဲ? မပြန်ကြသေးဘူးလား?'

ထိုအခါ ဝိုင်က တစ်ရုံးလုံးကိုယ်စားထ ဖြေတော့သည်။

Wine: 'ပြန်မှာပါ! အခုပဲပြန်တော့မလို့'

နှင်းနုက ဝိုင့်ခါးကိုဆွဲစိတ်ကာ တိတ်တိတ်နေခိုင်းသည်။

Wine: 'နှင်းနုကလည်း ဝိုင်ချိန်းထားတာရှိပါတယ်ဆို'

ထိုအခါမိုးထက်မြင့်က ဝိုင်နေမင်းနှင့်သွားတွေ့မည်ထင်သဖြင့် ဝိုင့်ကိုအချိန်ဆွဲရန်ပြင်သည်။

PoisonWhere stories live. Discover now