Ep-48

479 29 0
                                    


Unicode Version

Naymin: 'ဝိုင်ရေ! ဝိုင်!'
Wine: 'ဟင်! နေမင်း၊ ဘာလာလုပ်တာလဲ?'
Naymin: 'ဒဏ်ရာရထားတယ်ဆို ဘယ်မှာလဲ? ပြစမ်ပါဦး'

ကပြာကယာနဲ့ ဝိုင့်လက်တွေ ခြေထောက်တွေကို လိုက်စမ်းကြည့်ရင်း အနာပေါ်ထိမိသွားတော့ မယ်မင်းကြီးမ ထ အော်ပါလေရော။

Wine: 'ဟဲ့ကောင်! နာတယ်လေ။ ကိုယ့်အသားမဟုတ်တိုင်း'
Naymin: 'ကိုယ့်အသားမဟုတ်လို့ပေါ့။ ကိုယ့်အသားသာဆို ဒီလောက် ဂရုစိုက်မနေဘူး။ ဒါနဲ့ ဘယ်လိုဖြစ်တာလဲ?'
Wine: 'နင်ကြားလာတဲ့ဆီက ဒဏ်ရာဘယ်လိုရလဲဆိုတာပါ မပြောလိုက်ဘူးလား?'
Naymin: 'နင်ဒဏ်ရာရတယ်ဆိုတာနဲ့ပဲ တစ်ခါတည်းတန်းပြေးလာတာ။ ကိုမိုးထက်မြင့် ဘာဆက်ပြောလဲတောင်နားမထောင်ခဲ့ရဘူး။ မှန်းစမ်း! ဒဏ်ရာက နည်းနည်းနောနောမဟုတ်ပါလားကွာ'

ပြောရင်းဆိုရင်း ဝိုင့်လက်မောင်းကို ဖြန်းခနဲ တစ်ချက်ရိုက်လိုက်သည်။

Wine: 'အ! ဘာလုပ်တာလဲ?'
Naymin: 'ကိုယ့်ကိုယ်ကိုဂရုမစိုက်ဘူး။ ငါအမြဲရှိမနေတာကို သိရဲ့သားနဲ့'
Wine: 'နင်မရှိလည်း ကိုမိုးထက်မြင့်ရှိတာပဲလေ'

ဝိုင့်ရဲ့ နောက်ပြောင်မှုသေးသေးလေးတစ်ခုက နေမင်းရင်ဝတည့်တည့်ကို ထိုးစိုက်မိသွားသလိုပဲ နေမင်းခံစားလိုက်ရသည်။
(ဪ...) ဆိုတဲ့ အတွေးမှအပ နောက်ထပ်ဘာမှတောင် ထပ်မတွေးနိုင်တော့ပေ။

Wine: 'ဒါနဲ့၊ နင် ဒီနေ့ US ပြန်သွားရမှာမဟုတ်လား? ၁၂ နာရီတောင်ထိုးနေပြီ၊ နောက်ကျနေပြီ မဟုတ်လား?'
Naymin: 'ဘာလဲ? နင်ကငါ့ကို နှင်တာလား?'
Wine: 'အမ်မလေး နှင်စရာလားဟယ်။ ငါက နင်မသွားရင်တောင်ပျော်နေတာ'

("ငါမသွားရင်တောင်ပျော်နေတာတဲ့လား?" ဒီစကားလေးတစ်ခွန်းက နင့်အတွက်တော့ ဘာမှမဟုတ်ပေမယ့်၊ ငါ့အတွက်တော့ နွေးထွေးမှုလေးတစ်ခုရလိုက်သလိုပါပဲဟာ)

Naymin: 'အင်း! ငါလေယာဉ်ချိန်ပြောင်းလိုက်တာ။ ညနေမှသွားရမှာ။ ​ဒါနဲ့ နင်ဘာထိုင်လုပ်နေတာလဲ ဒီမှာ?'
Wine: 'စားနေတာလေ'
Naymin: 'နင်တော်တော်စားနိုင်သောက်နိုင်နေတယ်ပေါ့လေ။ ကြည့်စမ်းပါဦး နည်းနည်းနောနော စားစရာသောက်စရာတွေလား?'
Wine: 'မတတ်နိုင်ဘူးလေ၊ရှောင်လွှဲလို့မှမရတာ။ ကိုမိုးထက်မြင့်က ငါနေမကောင်းတာကို အခွင့်ကောင်းယူပြီး အတင်းစားခိုင်းခဲ့တယ်လေ'
Naymin: 'ဟင်! နေမကောင်းဘူး? မှန်းစမ်း၊ ဟုတ်ပါရဲ့ ကိုယ်တွေပူနေပါလား'
Wine: 'ပူမှာပေါ့၊ နေမကောင်းပါဘူးဆို'
Naymin: 'နင့်ကိုအဲ့ဒါပြောတာမဟုတ်ဘူး။ ငါထပ်ရိုက်လိုက်ရ'
Wine: 'နင်တို့ကလေ ငါနေမကောင်းလို့ မလုပ်နိုင်မကိုင်နိုင်တဲ့အချိန်ကိုစောင့်ပြီး အနိုင်ကျင့်နေသလားမှတ်ရတယ်။ ငါ့တစ်ကိုယ်လုံးနာနေတာ...ခြေထောက်ဆို ဒဏ်ရာအရှိန်ကြောင့် လှုပ်တောင်မလှုပ်နိုင်ဘူး။ ဝှီးချဲပေါ်ထိုင်နေရတာသာကြည့်'
Naymin: 'အေးပါ။ မရိုက်ပါဘူးဟ။ ဟဲ့ ဆက်စားမနေနဲ့တော့၊ ဗိုက်လည်းပေါက်ထွက်သွားဦးမယ်။ ဆေးသောက်ပြီးပြီလား?'
Wine: 'ဟီး...ပြီးပြီ'
Naymin: 'ဒါဆို ငါဆေးသွားယူလိုက်ဦးမယ်'
Wine: 'ပြီးပါပြီဆို!'
Naymin: 'မလိမ်တတ်ရင်မလိမ်ပါနဲ့လား။ ဒီလောက်ဖြီးပြနေတာ လိမ်မှန်းသိသာလွန်းတယ်'
Wine: 'မသောက်ချင်ဘူး🥺'
Naymin: 'ဘာမှ မျက်နှာငယ်နဲ့ လာလုပ်ပြမနေနဲ့။ ဆေးမသောက်ရင် သက်သာမလား?'
Wine: '🥺🥺🥺'

PoisonWhere stories live. Discover now