Ep-53

462 26 0
                                    


Unicode Version

Toilet မှပြန်ထွက်လာကာ မိုးထက်မြင့်တို့ဝိုင်းကိုလှမ်းကြည့်လိုက်တော့ သူငယ်ချင်းတစ်စု သောက်ကြစားကြ စကားတွေဖောင်ဖွဲ့ကြနဲ့ ပွဲကျနေကြသည်ကို တွေ့ရသည်။ ထိုဝိုင်းသို့ ပြန်သွားထိုင်လျှင် မိမိကြောင့် အပျော်တွေပျက်သွားမည်စိုး၍ အပြင်သို့ ခဏလောက်လေကောင်းလေသန့်ရှူရန်ထွက်လာခဲ့သည်။

'ဟာ!'

Club​ ၏အဝင်ဝ၌ မိန်းကလေးတစ်ယောက်နှင့်တိုက်မိလေသည်။ ထိုမိန်းကလေးက အဝတ်အစားလှလှပပ၊ ဆံပင်အကောက်များကိုစည်းထားပြီး မှောင်မဲနေသည့်တိုင်အောင် Mask အမဲရောင်လည်းတပ်ထားသည်။ ဝိုင်လည်း မိမိကမမှားသော်လည်း ပြဿနာတက်မည်စိုးသောကြောင့် တောင်းပန်လိုက်သည်။

Wine: 'တောင်းပန်ပါတယ်နော်'

ဝိုင့်ရဲ့အသံကိုကြားတော့ ဝိုင့်ဘက်လှည့်ပြီး ခြေဆုံးခေါင်းဆုံးကြည့်ကာ

Sammy: 'ဘာလဲကွာ...ပျော်ချင်လို့လာတာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်၊ ဒီလိုနေရာမျိုးကို ဘယ်ကတိုက်ဂေါတွေရောက်လာမှန်းမသိဘူး၊ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ' ဟု ခပ်ရွဲ့ရွဲ့လေသံဖြင့်ပြန်ပြောလေသည်။

​မိမိမမှားပဲတောင်းပန်သော်လည်း တစ်ဖက်က မကျေနပ်နိုင်သည့်အပြင် ရန်ပါထပ်ရှာနေသောကြောင့် ဝိုင်လည်း ဆက်သည်းမခံနိုင်တော့ပေ။

Wine: 'ဒီမှာ အစ်မ၊ တောင်းပန်နေတာပဲလေ။ ပြီးတော့ သေချာလည်းစဉ်းစားဦး ကျွန်မက ဝင်တိုက်တာမဟုတ်ဘူး ဒီကအစ်မက ကျွန်မကိုဝင်တိုက်တာ'
Sammy: 'ဘာ! အစ်မ? ဘယ်လိုတွေခေါ်နေတာလဲ? ပြီးတော့ ပေါက်ကရတွေမပြောနဲ့ ငါလာတာ မင်းကိုမမြင်ပါဘူး  သူကဖြင့် ဘယ်ကနေဘွားခနဲပေါ်လို့ပေါ်လာမှန်းမသိပဲနဲ့'
Wine: 'ဪ ဘယ်မြင်မလဲ အစ်မရယ်၊ အစ်မက ဒီလောက်မှောင်နေတဲ့နေရာကို မျက်မှန်အမဲကြီးတပ်ပြီးလာတယ်လေ။ ပြီးတော့ စီးထားတဲ့ဒေါက်ကလည်း ကျွန်မတစ်ရပ်လောက်ရှိတာကိုစီးပြီးတော့ မိုးပေါ်ပဲကြည့်လျှောက်နေတာကိုး'
Sammy: 'ဒါဆို မင်းမမှားဘူးပေါ့?'
Wine: 'အင်းလေ'
Sammy: 'ဒါဆိုဘာလို့တောင်းပန်တာလဲ?'

ပြဿနာမဖြစ်ချင်လို့ဟုဖြေလိုက်ပြန်ရင်လည်း မိမိအားနည်းချက်ကိုသိသွားမည်စိုးသဖြင့်

PoisonWhere stories live. Discover now