Ep-117

307 19 1
                                    

Unicode Version

တစ်ရေးနိုးလို့ ရေထသောက်ရန်ပြင်သောအခါ မိမိဘေး၌ မိမိလက်ကိုတင်းကြပ်စွာဆုပ်ကိုင်လျှက်အိပ်ပျော်နေသော မိုးထက်မြင့်ကိုမြင်ရသည်။

Wine: (ဘာလို့ဒီလိုကြီးအိပ်နေတာလဲ? ညောင်းနေတော့မှာပဲ...)

ထိုနောက် မိုးထက်မြင့်ခေါင်းကို အသာအယာကိုင်ကာ ဆံပင်များကိုသပ်ပေးရင်းမျက်ရည်များစီးကျလာသည်။

Wine: 'ဘာအကြောင်းတွေရှိနေလို့ ကျွန်မကို ပစ်ပစ်ခါခါဆက်ဆံနေရတာလဲဟင်? ဘာလို့ကျွန်မအပေါ် မပွင့်လင်းပေးနိုင်ရတာလဲ? ကျွန်မကို မချစ်တော့ဘူးလို့ ဘာလို့ညာနေရတာလဲ? ကျွန်မဘယ်လောက်ရင်နာရလဲဆိုတာသိရဲ့လား?'

ထို့နောက် မိမိထလျှင် မိုးထက်မြင့်နိုးသွားမည်စိုးသောကြောင့် မထတော့ပဲ အသာအယာ ပြန်အိပ်နေလိုက်သည်။ ထိုအခါ မိုးထက်မြင့်လည်း အတင်းမှိတ်ထားရသော မျက်လုံးများမှ အဆက်မပြတ်စီးကျလာသည့် မျက်ရည်များကိုသုတ်ကာ ပြန်ငြိမ်နေလိုက်သည်။

MHM: (မင်းသာအမှန်တရားတွေကိုသိသွားတဲ့အခါ ငါ့အပေါ်ဒီလိုပဲ ဆက်ဆံနေပေးနိုင်မှာတဲ့လား? ငါ့အပေါ်ဒီလိုသာချစ်နေရင် နောင်တစ်ချိန်ကျ မင်းငါ့လိုနာကျင်ရလိမ့်မယ်။ ဒီနာကျင်မှုက ငါတစ်ယောက်တည်းနဲ့တင်တော်ပါပြီကွာ...။ အဲ့ဒါကြောင့် ငါ့ကိုမချစ်ပါနဲ့ဝိုင်ရယ်...။ မင်းချစ်သလောက် မင်းပင်ပန်းရလိမ့်မယ်)
------------------------------------------

Sammy: 'ဟင်! ငါ့အခန်းလည်းမဟုတ်ဘူး။ နေပါဦး ဒီအခန်းကိုမြင်ဖူးသလိုလိုပဲ...'
နေရောင်: 'မြင်ဖူးရုံပဲလား? နင်အမြဲလာအိပ်နေကျလေ'
Sammy: 'ဟမ်! နေရောင်! ဟုတ်သားပဲ...ဒါနင့်အိမ်ကအခန်းပဲ။ ဆောရီး ဆောရီး ငါညကနည်းနည်းမူးသွားလို့'
နေရောင်: 'နည်းနည်းမူးသွားလို့တဲ့လား? ဟဲ့! နောက်တစ်ခါ အရက်သောက်ဖို့မစဉ်းစားနဲ့'
Sammy: 'အံမယ်! နင်ကငါ့ကိုလာတားနေရအောင် ငါ့အဖေလား? ငါ့အဖေတောင်ငါ့မတားဘူး'
နေရောင်: 'ဘယ်တားမလဲ? နင့်အဖေက ပိုက်ဆံမှမကုန်တာ🙁'
Sammy: 'အမ်မလေးဟယ်...ငါ့အရက်ဖိုးလေးက ဘယ်လောက်ကျမှာမို့လို့လဲ? ပြော! ငါပြန်ပေးမယ်'
နေရောင်: 'တစ်ညတည်းတင် ငါ့ပိုက်ဆံ သိန်း ၃၀ ကျော်ကို ဖြုတ်သွားတာလေ'
Sammy: 'ဘာ! သိန်း ၃၀! မဟုတ်တာတွေလာမပြောနဲ့! ငါ့ဗိုက်သေးသေးလေးက အရက်သိန်း ၃၀ ဖိုးလောက်ဆံ့ပါ့မလား?'
နေရောင်: 'အေး! နင့်ဗိုက်သေးသေးလေးကတော့ သေချာပေါက်မဆံ့ဘူးပေါ့! အခုက သူများဗိုက်တွေပါငှားပြီးသောက်လာတာလေ🙁'
Sammy: 'ဘာတွေပြောနေတာလဲ?'
နေရောင်: 'သေချာစဉ်းစားကြည့်လေ🙁'
Sammy: 'ဟဲ့! နင်ကလည်း...ငါကအရက်သောက်ပြီးရင် ဘာမှမမှတ်မိဘူးဆိုတာသိရဲ့သားနဲ့'
နေရောင်: ( {'ငါ! ဒီနေ့ကစပြီး! ငါ့ရဲ့အချစ်ဦးကို စွန့်လွှတ်လိုက်ပြီ! '} 😊😁)
'မသိလည်းထားလိုက်တော့! မနက်စာစားမယ် ထမင်းစားခန်းကို ကြွ!'
Sammy: 'အတော်ပဲ! ငါနိုးလာတည်းက ဗိုက်တော်တော်ဆာနေတာ'
နေရောင်: 'ဪ...ဗိုက်ဆာနေတာပေါ့လေ! ငါနော်...မပြောလိုက်ချင်ဘူး။ နောက် အရက်သောက်ဖို့မစဉ်းစားနဲ့! သောက်ပြီးရင် အရူးကျနေတာပဲ!'

PoisonWhere stories live. Discover now