Ep-76

428 24 0
                                    


Unicode Version

Bar ရောက်တော့ မြတ်ဘုန်းရောင်ရဲ့သူငယ်ချင်းတွေထင်သလိုပဲ မိန်းကလေးတိုင်းရဲ့အကြည့်က မိုးထက်မြင့်ဆီမှာ၊ ယောက်ျားလေးများစွာရဲ့အကြည့်ကလည်း ဝိုင့်ဆီမှာသာရောက်နေကြသည်။ မိုးထက်မြင့်ကတော့ ဝိုင်းအကြည့်ခံနေရသောသူ့ဇနီးသည်ကို အစစအရာရာလိုက်ကာကွယ်ပေးနေရှာသည်။

Others: #မြတ်ဘုန်းရောင်ရဲ့သူငယ်ချင်းများ
['လင်မယားလို့မပြောရဘူး။ ချစ်လိုက်ကြတာ'
'ဟုတ်ပါ့။ တစ်ယောက်ကိုယ်တစ်ယောက်ကာကွယ်နေလိုက်ကြတာ။ ငါတောင်မိန်းမယူချင်သွားပြီ'
'ဟုတ်ပါ့။ အမေပေးစားတုန်းက ငြင်းလိုက်မိတာကို နောင်တရနေပြီ'
'ငါရောပဲလေ😄']

MHM: 'ဝိုင် ဘာသောက်မလဲ? သွားမှာပေးမယ်လေ။ အအေးရတယ်သိလား?'
Wine: 'ရှင်ကလည်းလေ။ ဘယ်ကတည်းက ဖဲ့ဖို့ချောင်းနေလဲမှတ်ရတယ်။ ဘာဖြစ်ဖြစ် ချဉ်ချဉ်လေးသောက်ရမယ့်ဟာဆိုရပြီ'
MHM: 'သံပုရာရည်သောက်မလား? မင်းလိမ္မော်ရည်မကြိုက်ဘူးဆိုတော့လေ'
Wine: 'ကျွန်မလိမ္မော်ရည်မကြိုက်တာ ရှင်ဘယ်လိုသိတာ? နေမင်းပဲမှတ်လား?'
MHM: 'ကဲပါ...သွားမှာလိုက်ဦးမယ်'
Wine: 'ခဏ!'

မိုးထက်မြင့်ထသွားတော့ ဝိုင်က မိုးထက်မြင့်လက်ကိုပြန်ဆွဲထားလိုက်သည်။ မိုးထက်မြင့်လည်း သူ့လက်ကိုကိုင်ထားတော့ ရင်ခုန်ပြီး ဝိုင့်ကို ကြောင်ကြည့်နေသည်။ ဝိုင်လည်း ရုတ်တရက်ဆွဲကိုင်မိသွားတော့ကြောင်နေပြီး ခဏကြာမှ သတိပြန်ဝင်ကာ လက်ကိုချက်ချင်းဖယ်လိုက်သည်။

MHM: 'ဘာလိုသေးလို့လဲ?'
Wine: 'မလိုပါဘူး။ ရှင့်ကိုအရက်မသောက်ဖို့ပြောမလို့ပါ။ ရှင်နေကောင်းသေးတာလည်းမဟုတ်ဘူးဆိုတော့လေ...'
ဝိုင့်ရဲ့သတိပေးစကားလေးကြောင့် မိုးထက်မြင့် ပီတိဖြာသွားတော့သည်။
MHM: 'အင်း! မင်းသာသတိမပေးရင် သောက်မိတော့မလို့😊။ ကိုယ်လည်းမင်းသောက်တဲ့ဟာပဲ လိုက်သောက်တော့မယ်'

ဝိုင်လည်း ဘာမှပြန်မပြောတော့ပဲ ခေါင်းလေးတစ်ချက်ငြိမ့်၍ ပြုံးပြလိုက်သည်။

MHM: (အမ်မလေး! ငါမြန်မြန်ထွက်လာနိုင်လို့တော်ပါသေးရဲ့။ မဟုတ်ရင် ငါ့ရင်ဘတ်ကြီးပေါက်ထွက်တော့မလို့😪။ ဟူး...ဝိုင်! မင်းနဲ့တော့ ဒုက္ခပါပဲကွာ...)
-----------------------------------
Wine: (ဟင်! ဒါကိုမိုးထက်မြင့်ဖုန်းပဲ...ကျန်ခဲ့တာလားမသိဘူး။ လိုက်ပေးလိုက်ဦးမယ်)
'အစ်ကိုတို့...ဝိုင် ခဏသွားလိုက်ဦးမယ်နော်။ ပိုက်ဆံအိတ်လေးထားခဲ့လို့ရမလားဟင်?'
Others: #မြတ်ဘုန်းရောင်ရဲ့ သူငယ်ချင်းများ
'ဪ! ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော်တို့စောင့်နေပါ့မယ်'
['အသံလေးကလည်း သာယာလိုက်တာကွာ.....ရုပ်နဲ့အသံက ကွက်တိပဲ'
'အေးကွာ...ဒီဘားမှာ အပျိုလေးတွေအများကြီးပေမယ့်၊ ဝိုင်က အပျိုတွေအားလုံးထက်ပိုလှနေတယ်'
'ဟုတ်ပါ့ကွာ.....ဒါနဲ့! သူတို့လင်မယားကြည့်ရတာ တစ်ခုခုထူးဆန်းနေသလိုပဲ'
'ဘာကိုလဲကွ?'
'မင်းမမြင်ဘူးလား? လက်ကလေးထိမိတာတောင် ရှက်နေကြတာလေ'
'အေးကွ! မင်းပြောမှတွေ့မိတယ်။ လင်မယားတွေက လက်ကလေးထိတာလောက်နဲ့ ဒီလောက်ရှက်ကြလို့လား?']

PoisonWhere stories live. Discover now