Ep-66

444 26 1
                                    


Unicode Version

Wine: 'မေမေ! ဝိုင့်ကို မထားခဲ့ပါနဲ့။ မေမေ! မေမေ!'

ချွေးသီးချွေးပေါက်များကျဆင်းလျှက် ဝိုင်အိပ်ရာမှ နိုးထလာသည်။

ဦးမင်းလွင်: 'သမီးလေး! ဝိုင်! ဘာဖြစ်တာလဲ?'

သမီးဖြစ်သူအော်သံကြောင့် ဦးမင်းလွင်စိုးရိမ်တကြီးဖြင့် အိပ်ခန်းထဲပြေးဝင်လာသည်။

Wine: 'ဘာမှမဖြစ်ပါဘူး ဖေဖေ။ သမီးအိပ်မက် မက်လို့ပါ'
ဦးမင်းလွင်: 'ဘာလဲ! သမီးမေမေကိုအိပ်မက် မက်ပြန်ပြီလား?'
Wine: 'အင်း!'
ဦးမင်းလွင်: 'အခုတလော ခဏခဏ မက်နေတယ်နော်? ဖေဖေမှတ်မိသလောက်ဆိုရင်တော့ မောင်သူရိန် သမီးဘဝထဲ ဝင်လာကတည်းကပဲ'

ဝိုင်လည်း ဘာမှပြန်မဖြေပဲ "ဖေဖေပြောတာဟုတ်ပါတယ်" ဆိုတဲ့ပုံစံမျိုးနဲ့ပဲနေလိုက်သည်။

ဦးမင်းလွင်: 'သမီးမေမေလို ထားခဲ့မှာကြောက်နေပြန်တာလား?'
Wine: 'ဟုတ်'
ဦးမင်းလွင်: 'မတူဘူးလေ သမီးရယ်။ သမီးမေမေက ဆုံးသွားတာလေ။ သမီးကိုထားခဲ့ချင်လို့မှမဟုတ်တာ'
Wine: 'မဟုတ်ဘူး။ ဝိုင်မသွားပါနဲ့လို့ အတန်တန်တားရဲ့သားနဲ့ မေမေဝိုင့်ကိုထားသွားခဲ့တာ။ အဲ့ဒီနေ့ကသာ ဝိုင့်စကားနားထောင်ပြီး ထွက်မသွားခဲ့ရင်...မေမေဒီလိုဖြစ်မှာမဟုတ်ဘူး'
ဦးမင်းလွင်: 'သမီးမေမေမှာလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့ သမီးရယ်။ ဖေဖေတို့မှအရာရာတိုင်း မသိနိုင်တာ။ ကဲပါ! မနက်ကျ မောင်သူရိန်လာခေါ်မှာမဟုတ်လား? အိပ်တော့လေ'
Wine: 'ဟုတ်'

ဦးမင်းလွင်လည်း ဝိုင်ပြန်အိပ်ပျော်သွားတဲ့အထိစောင့်ပြီး ဝိုင့်နှိုးစက်ကို မသိအောင် ပိတ်ပေးသွားခဲ့သည်။ မနက်မိုးလင်းလို့ သူရိန်ရောက်လာသောအခါမှ ဝိုင့်ကိုသွားနှိုးပြီး ပြင်ဆင်စေသည်။

ဦးမင်းလွင်: 'မောင်သူရိန်! လာလေကွယ်။ သမီးက ပြင်ဆင်တုန်း'
သူရိန်: 'ကျွန်တော်စောပြီး လာမိတယ်ထင်တယ်...ရပါတယ် ဒီမှာပဲစောင့်လိုက်ပါတော့မယ်'
ဦးမင်းလွင်: 'မဟုတ်ပါဘူး။ သမီးရဲ့ နှိုးစက်ကို ဦးလေးသူမသိအောင် ပိတ်ထားလိုက်တာကြောင့်ပါ'
သူရိန်: 'ဗျာ! ဘာလို့လဲ ဦးလေး?'
ဦးမင်းလွင်: 'ဦးလေး မင်းကို မေးစရာလေးရှိလို့ပါ။ သမီးရှေ့မှာကျ မေးလို့အဆင်မပြေလို့လေ'
သူရိန်: 'ဪ! ဟုတ်ကဲ့၊ မေးပါဦးလေး'
ဦးမင်းလွင်: 'အခုတလော သမီးထူးခြားနေလားလို့ပါ'
သူရိန်: 'ဒီလိုပါပဲဗျ။ ဘာမှမထူးခြားပါဘူး'
ဦးမင်းလွင်: 'အေးကွယ်၊ ဒါဆိုရင်လည်း ဦးလေး စိတ်ထင်နေတာပဲဖြစ်မှာပါ...'
သူရိန်: 'ဝိုင်က ဦးလေးစိတ်ထဲ ဘယ်လိုများထူးခြားလာလို့လဲဗျ?'
ဦးမင်းလွင်: 'ထားပါတော့...ဦးလေးတစ်ခုတော့ပြောမယ်ကွာ။ သမီးက ချစ်သူတစ်ယောက်ရှိလာတယ်ဆိုတာ...သူ့အတွက်တော့ စွန့်စားမှုကြီးပဲ။ အကယ်၍ တစ်ခုခုသာလွဲချော်ခဲ့ရင်...အားလုံးထက်ပိုပြီး ဆုံးရှုံးရမယ့်လူက သမီးပဲ။ အဲ့တော့ ဦးပြောချင်တာက...မောင်သူရိန် ဦးလေးသမီးကို တကယ်မချစ်ရင်၊ အချိန်တွေမလွန်ခင် ဆုံးဖြတ်ချက်တစ်ခု ချပေးစေချင်တယ်'
သူရိန်: 'ဗျာ! ဘာ...ဘာလို့...အဲ့လိုထင်ရတာလဲ?'
ဦးမင်းလွင်: 'ထင်တာမဟုတ်ပါဘူး။ မချစ်ရင် လို့ပဲပြောတာပါ။ ချစ်ရင်တော့ လုပ်စရာမလိုဘူးပေါ့ကွယ်...'

PoisonWhere stories live. Discover now