Ep-43

469 26 0
                                    


Unicode Version

သတ်မှတ်နေရာရောက်သည်နှင့် ကားအနီရောင်လေးကို လမ်းဘေးချရပ်၍ ပါကင်ထိုးနေသည်။

ULayGyi: 'မောင်ရင် ရောက်လာပြီလား!'
MHM: 'ဟုတ်ကဲ့ဦးလေး'
ULayGyi: 'လာ! ဦးလေးနဲ့လိုက်ခဲ့'

မိုးထက်မြင့်လည်း စုံထောက်ဦးလေးညွှန်ပြရာသို့ လိုက်သွားတော့သည်။ ခပ်နွမ်းနွမ်းတဲအိမ်တစ်ခုအထဲတွင် အပေါက်အပြဲများကို ဖာထေးထားသောအိပ်ရာလေးတစ်ခုနှင့် အုတ်နီခဲလေးလုံးကိုစီကာ မီးဖိုလုပ်၍အပေါ်၌တင်ထားသော ပိန်လိန်နေသည့်အိုးတစ်လုံးသာတွေ့ရသည်။

MHM: 'ဒီအိမ်ကဘယ်သူ့အိမ်လဲ ဦးလေး? တော်တော်နွမ်းပါးတာပဲ'
ULayGyi: 'ဒါက ဦးမင်းလွင်အိမ်က Driver ဦးကြည်ရဲ့အိမ်လေ'
MHM: 'ဗျာ! သူဌေးအိမ်မှာ Driver လုပ်တာတောင် ဒီလိုအိမ်နဲ့ပဲနေနိုင်တာလား?'
ULayGyi: 'ဟုတ်တယ်။ ထူးဆန်းတာက ဦးမင်းလွင်ဆုံးပြီးတည်းက သူအလုပ်လည်းမသွားသလို အိမ်ကိုလည်းပြန်မလာဘူး'
MHM: 'အဲ့ဒါ ဘာဖြစ်လို့လဲ ဦးလေး?'
ULayGyi: 'သူဘာလို့ အိမ်ပြန်မလာလဲ သိလား?'
MHM: 'ဘာလို့လဲ?'
ULayGyi: 'အကြွေးရှင်တွေလိုက်နေလို့။ ဦးကြည်က လောင်းကစားသမားလေ။ ဦးမင်းလွင်က လစာလုံလုံလောက်လောက်ပေးပေမယ့် သူကလောင်းကစားပဲလုပ်ပစ်တာ။ အခုလည်း လောင်းကစားကြွေးတွေကြောင့် ပြေးနေရတယ်လေ'
MHM: 'သူပိုက်ဆံကြောင့်နဲ့ သူ့သူဌေးကိုပြန်သတ်လိမ့်မယ်လို့ ဦးလေးရောထင်လား?'
ULayGyi: 'အတိအကျကြီးမသိသေးပေမယ့် အနီးစပ်ဆုံးတွေးကြည့်လို့တော့ရပါတယ်။ ပြီးတော့ ဦးမင်းလွင်မဆုံးခင်နေ့မှာ ဦးကြည်ရဲ့ ဘဏ်စာရင်းမှာ ငွေတွေဝင်နေတာကို တွေ့သေးတာပဲလေ'
MHM: 'ဒါဆို တစ်စုံတစ်ယောက်က ကြိုးကိုင်နေတာလို့ဆိုလိုတာလား?'
ULayGyi: 'မသေချာသေးပေမယ့် အဖြစ်အပျက်တွေက အဲ့ဘက်ကိုဦးတည်နေတယ်။ ဘာပဲဖြစ်ဖြစ် ဦးမင်းလွင်အပေါ်တော့ သံသယနည်းနည်းလျော့သွားတာပေါ့'
MHM: 'ဒီလိုဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်လည်း ဦးမင်းလွင်အပေါ် သံသယထားရတာ ပင်ပန်းပါတယ်။ ဪ! ဦးလေးကိစ္စမရှိတော့ဘူးဆိုလည်း ကျွန်တော် သွားလိုက်ဦးမယ်နော်။ ကျွန်တော့်ဇနီးကို တစ်ယောက်တည်းထားခဲ့ရလို့'
ULayGyi: 'ကောင်းပါပြီ'
MHM: 'ဪ! ဒါနဲ့ ဦးလေး ကျွန်တော့်ကို အတည်ပြုစေချင်တာဘာများလဲ?'
ULayGyi: 'အဲ! ဟုတ်ပါရဲ့၊ မေ့နေလိုက်တာများ...ဦးနှောက်က။ ဒီမှာလေ ဒီဓာတ်ပုံထဲက လူတွေကို မောင်ရင် သိမလားလို့'
MHM: 'ကျွန်တော့်အဖေရယ် ၊ဦးမင်းလွင်ရယ်၊ ဒီဘက်ကတော့ ဘယ်သူလဲမသိဘူး'
ULayGyi: 'အင်း! ဦးကြည်တော့မဟုတ်ဘူး။ ဒါပေမယ့် ဦးကြည်က သူ့ပုံမပါတဲ့ ဓာတ်ပုံတစ်ပုံကို ဘာလို့သိမ်းထားရတာလဲ? ပြီးတော့ ဒီမှာ အရုပ်တစ်ရုပ်တွေ့တယ်။ ဒီအရုပ်ကိုရော မင်းသိလား?'
MHM: 'ဒါတော့ ကျွန်တော်လည်းမသိဘူးဗျ'
ULayGyi: 'အင်း။ သူ့မှာ မိသားစုများရှိနေလားမသိဘူး။ ဦးလေးထပ်စုံစမ်းလိုက်ပါ့မယ်'
MHM: 'ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဦးလေး။ ကျွန်တော် သွားလိုက်ဦးမယ်'
ULayGyi: 'ကောင်းပါပြီ မောင်ရင်'

PoisonWhere stories live. Discover now