Ep-31

547 29 0
                                    


Unicode Version

🎵🎶..........Ringtone
Wine: 'ဟယ်လို!'
Naymin: 'ဝိုင်ရေ ၊ နေကောင်းလား?'
Wine: 'ကောင်းတယ်လေ၊ မြင်တဲ့အတိုင်း ဒေါင်ဒေါင်ကိုမြည်လို့'
Naymin: 'ငါမနက်ဖြန်ပြန်လာမလို့၊ နင်ဘာမှာဦးမလဲ?'
Wine: 'ထုံးစံအတိုင်း Chocolate ပေါ့'
Naymin: 'Chocolate ကဝယ်ထားပြီးပြီ။ နောက်ထပ် ဘာမှာဦးမလဲမေးတာ'
Wine: 'မှာချင်တာကတော့ နိုင်ငံခြားမှာမရှိဘူး။ နင်ပြန်လာမှပဲပြောတော့မယ်'
Naymin: 'ဘာများလဲဟ'
Wine: 'ပြန်လာမှပြောပါ့မယ်ဆိုနေ'
Naymin: 'အေးအေး၊ ပြီးရော ပြီးရော။ မှာချင်တာရှိရင် မနက်ဖြန် ၁၂ မတိုင်ခင်ပြောနော်။ ငါ Online ဖွင့်ထားလိုက်မယ်'
Wine: 'အင်း'
------------------------------
မီးဖိုချောင်ဝင်အပြီး မောမောပန်းပန်းနှင့် မိုးထက်မြင့် အခန်းထဲဝင်လာကာ...
MHM: 'အမ်မလေး မောလိုက်တာကွာ...။ ဘယ်လိုအလုပ်တွေမှန်းကိုမသိဘူး။ ကုမ္ပဏီမှာအလုပ်သင်သွားလုပ်တုန်းကတောင် ဒီလောက်မမောဘူး'
Wine: 'ကိုမိုးထက်မြင့်!'
MHM: 'ဘာလဲ! ဘာခိုင်းဦးမလို့လဲ? ဘာမှမလုပ်ပေးနိုင်တော့ဘူးနော်'
Wine: 'ဒီမှာ! ကျွန်မပြောတာနားထောင်ဦး။ တောင်းဆိုစရာရှိလို့'
MHM: 'တောင်းဆိုစရာ? ဘာလဲပြော'
Wine: 'ကျွန်မ အလုပ်လုပ်ချင်လို့'
MHM: 'မင်းဟာမင်းလုပ်ချင်တာ လုပ်ပေါ့'
Wine: 'SUN co.ltdမှာ အလုပ်သွားလုပ်လို့ရတယ်ပေါ့?'
MHM: 'အဲ့ဒါ နေမင်းကုမ္ပဏီမဟုတ်လား?'
Wine: 'အင်းလေ'
MHM: 'မင်း ဘယ်လိုမိန်းကလေးလဲ? ကိုယ့်အရည်အချင်းနဲ့ကိုယ်ကြိုးစားပြီး တခြားကုမ္ပဏီကိုသွားလေ'
Wine: 'မကြိုးစားချင်ဘူးများထင်နေလား?ကျွန်မဘွဲ့လက်မှတ်မှမရသေးတာ'
MHM: 'ဟမ်! မင်းကျောင်းမပြီးသေးဘူးလား?'
Wine: 'ကျောင်းကပြီးပြီလေ။ ဘွဲ့ကဒီ ကိုဗစ်ကြောင့်မရသေးတာ'
MHM: 'ဪ! အေး။ ဘွဲ့လက်မှတ်မရှိရင် တခြားကုပ္မဏီမှာဆို အလုပ်သင်ကနေတက်မှာမဟုတ်ဘူး။ ဒါနဲ့ နေပါဦး မင်းအသက် ၂၃ ရှိပြီလေ။ ကိုဗစ်မဖြစ်ခင်တည်းက ဘွဲ့ရ ရမှာလေ။'
Wine: 'ကျွန်မ ၁၉ နှစ်မှ တက္ကသိုလ်တက်တာမို့လို့'
MHM: 'ဘာလို့အသက်ကြီးမှတက်တာ? ဆယ်တန်းကျလို့လား?'
Wine: 'ကျစရာလား? ကျွန်မ နေမကောင်းလို့ ကျောင်းနားလိုက်တာ'
MHM: 'ဘာရောဂါလဲ? သေတော့မှာလား?'
Wine: 'ကျွန်မကို ရန်စဖို့များ မွေးဖွားလာတာလား? ဘာဖြစ်ဖြစ် ကျွန်မအလုပ်လုပ်တော့မယ်'
MHM: 'လုပ်ချင်ရင်လည်းလုပ်ပေါ့။ ဒါမယ့် Rain Drop co.ltd မှာလာလုပ်'
Wine: 'အဲ့ကုမ္ပဏီက ရှင့်ဟာလေ'
MHM: 'အေးလေ ငါ့ကုမ္ပဏီမို့လာလုပ်ခိုင်းတာလေ။ မင်းကိုယ်မင်း ငါ့ဇနီးဆိုတာလည်းမမေ့နဲ့ဦး။ တခြားကောင်ရဲ့ ကုမ္ပဏီမှာသွားလုပ်ရင် ငါ့သိက္ခာကျတယ်'
Wine: 'မဆိုင်တာတွေပြောပြန်ပြီ။ ရှင်ခန့်မယ်ဆိုလည်းပြီးတာပဲလေ။ ဒါမယ့် တစ်ခုတော့ရှိတယ်'
MHM: 'ဘာရှိပြန်ပြီလဲ?မပြီးနိုင်တော့ဘူး'
Wine: 'ကျွန်မကို ရှင့်ဇနီးလို့ ဘယ်သူမှမသိစေချင်ဘူး'
MHM: 'ဘာလဲ! မင်းက ငါ့ဇနီးလို့ လူသိမှာကြောက်နေတာလား?'
Wine: 'စိတ်ချည်ပဲ၊ ပြောတာနားထောင်ဦး။ ကျွန်မကို အဆက်အသွယ်နဲ့ ဝင်လာတယ် ပြောကြမှာစိုးလို့ပါ'
MHM: 'ဘွဲ့မရပဲ ကုမ္ပဏီအလုပ်ဝင်တည်းက အဆက်အသွယ်နဲ့ဆိုတာ သိပြီးသားပဲကို'
Wine: 'မဟုတ်ပါဘူး။ ကျွန်မကို သူဌေးရဲ့ဇနီးဆိုပြီး ရိုသေနေကြမှာစိုးလို့ပါ'
MHM: 'အိုကေ! နားလည်ပြီ။ ဒါပဲမှတ်လား? မောရတဲ့အထဲ၊ ဘာများလဲလို့'
Wine: 'အင်း၊ ဒါဆို ကျွန်မရုံးတက်ဖို့ ပြင်ဆင်တော့မယ်နော်'
MHM: 'ကြွကြွ။ ဪ! ဒါနဲ့ နေ့လည်စာ အဆင်သင့်ပဲနော်'
Wine: 'အိုကေ!'

PoisonWhere stories live. Discover now