Ep-7

957 31 0
                                    


Unicode Version

ဦးဝင်းမောင်ပြန်သွားပြီးနောက် နံရံအကွယ်၌ချောင်း၍နားထောင်နေသော Nwe ထွက်လာသည်။ မောင်ဖြစ်သူ​၏မျက်နှာကို အကဲခတ်ကြည့်ရာ ဒေါသအရိပ်အရောင်များတွေ့ရသောကြောင့် ခဏတာငြိမ်နေလိုက်သည်။ နာရီဝက်လောက်ကြာတဲ့အထိ တိတ်ဆိတ်နေသောအခါမှ မနေနိုင်တော့ဘဲစကား စ ရသည်။

Nwe: 'မောင်လေး၊ ဘယ်လိုသဘောရလဲ?'
MHM: 'ဘာကိုလဲ မမ'

မိုးထက်မြင့်​၏ ပြင်းထန်လွန်းသော အခြေအနေကြောင့် Nwe စကားပင်ထစ်သွားရသည်။
Nwe: 'ဦးဝင်းမောင်...ပြောသွားတဲ့စကားကိုလေ'
MHM: 'မမရော ဘယ်လိုထင်လဲ?'
Nwe: 'မမကတော့ တကယ်မချစ်ပဲ လက်မထပ်စေချင်ဘူး၊ အချိန်တွေကြာလာမှ နှစ်ယောက်လုံးစိတ်ပင်ပန်းနေမယ်'
MHM: 'ကျွန်တော်ကတော့ အဖေ့ရဲ့နောက်ဆုံး ဆန္ဒဆိုတာကို လိုက်လျောမယ်လို့ ဆုံးဖြတ်လိုက်ပြီ'
Nwe: 'မင်း ၊ ဝိုင်ကိုချစ်လို့လား? လက်စားချေချင်တာလေးတစ်ခုတည်းအတွက် မိန်းကလေးတစ်ယောက်ကို အသုံးမချသင့်ဘူး၊ ဒီလိုလုပ်လိုက်လို့ အဖေလည်း အသက်ပြန်ရှင်မလာနိုင်ဘူး'
MHM: 'ကျွန်တော်သိတယ်လေ၊ အဖေအသက်ပြန်ရှင်မလာနိုင်ဘူးဆိုတာကို၊ အဖေအသက်ပြန်ရှင်မလာနိုင်ရင်တောင် ဦးမင်းလွင်ရဲ့ မ်သားစုကိုတော့ ရှင်ရက်နဲ့ သေနေသလိုဘဝမျိုးရောက်အောင် ကျွန်တော်လုပ်နိုင်သေးတယ်'
Nwe: 'အငြိုးကြီးလှချည်လား မောင်လေးရယ်၊ မမလည်းအဖေ့ကိုမောင်လေးထက်မပိုရင်သာနေမယ် မောင်လေးလောက်တော့ချစ်ပါတယ်၊ ဒါပေမယ့် ကိုယ့်စိတ်အဆင်ပြေဖို့အတွက်နဲ့ သူများကိုဒုက္ခပေးဖို့တော့ တစ်ခါမှမစဉ်းစားဖူးဘူး'

Nwe ဆိုတာ ဦးမိုးဟိန်းရဲ့ တူမဖြစ်သလို မွေးစားသမီးလည်းဖြစ်သည်။ ဦးမိုးဟိန်း​၏ ဇနီးနှင့် အစ်ကိုလင်မယားကားအက်ဆီးဒင့်ကြောင့် ကွယ်လွန်သွားကြသည့်အချိန်မှစ၍ Nwe ကိုမွေးစားပြီး သမီးအရင်းလိုစောင့်ရှောက်ထားသည်။ Nwe အတွက်တော့ ဦးမိုးဟိန်းက ကျေးဇူးရှင်အဖေဖြစ်သည်။ ဦးမိုးဟိန်းမကွယ်လွန်ခင်တွင်လည်း မိုးထက်မြင့်အား စောင့်ရှောက်ရန် Nwe အားတဖွဖွမှာဖူးသောကြောင့် အချိန်မလွန်ခင်တားရန်ပြင်ဆင်သည်။ သို့သော်လည်း မိုးထက်မြင့်​၏ ဆုံးဖြတ်ချက်မှာ ပြတ်သားခိုင်မာလွန်းနေသောကြောင့် Nwe စိတ်လျှော့လိုက်ရတော့သည်။

PoisonWhere stories live. Discover now