Ep-119

338 22 1
                                    

Unicode Version

Zarchi: 'ဘယ်သူများလဲမှတ်တယ်! နင်ပါလား!'
Wine: 'ဪ! မဇာခြည်'
Zarchi: 'အလုပ်သင်က ဒီကိုဘာလာလုပ်တာလဲ? ဒီမှာနင့်အလုပ်မရှိဘူးလေ'
Wine: 'ဟို! နေမင်း! အဲ! သူဌေးနဲ့လိုက်လာတာပါ။ သူဌေးက အတွေ့အကြုံရအောင်ခေါ်လာတာ'
Zarchi: (သူဌေးကဘာလို့ သူ့ကိုအတူခေါ်လာတာလဲ? ငါလာခေါ်ဖို့ပြောတုန်းကကျ Taxi သမားလွှတ်ပေးလိုက်တယ်🙁)
'ဒါဆို သူဌေးရော?'
Wine: 'သူကဟိုဘက်မှာရှာ! အဲ! ဟိုဘက်မှာ မိတ်ဆွေတွေနဲ့စကားသွားပြောနေတယ်လို့'
Zarchi: (ဒါဆို တော်တော်နဲ့ သူ့အနားပြန်လာမှာမဟုတ်ဘူး)

ထိုနောက်ဇာခြည်က အနားကဖြတ်သွားသော ဝန်ထမ်းတစ်ဦးရဲ့ခြေထောက်ကို မိမိခြေထောက်ဖြင့်ထိုးခံလိုက်သည်။ ထိုဝန်ထမ်းလည်း ရုတ်တရက်လဲကျသွားတော့ ဝိုင့်ကိုတွန်းမိသလိုဖြစ်ပြီး ဝိုင်ရေထဲပြုတ်ကျသွားသည်။ ဝိုင်ကရေမကူးတတ်သူဖြစ်သဖြင့် ရေထဲ၌ ကြောက်အားလန့်အားဖြင့် ယက်ကန်ယက်ကန်သာလုပ်ကာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ ထိုအခြေအနေကို မြင်သောနေရောင်က မိုးထက်မြင့်ကို အလျှင်အမြန်အကြောင်းကြားတော့သည်။

နေရောင်: 'ဟျောင့်! မိုးထက်မြင့်! ဟိုမှာ မင်းမိန်းမရေနစ်နေတယ်'

နေရောင့်စကားကြောင့် မိုးထက်မြင့် စိတ်အပူကြီးပူပြီး ချက်ချင်းရေကူးကန်ဆီပြေးကာ ဝိုင့်ကိုဆင်းကယ်တော့သည်။

MHM: 'ဝိုင်! ဝိုင်! ဝိုင်! ထပါဦး! ဝိုင်...!'

ထိုနောက် ဝိုင်သတိပြန်လည်လာစေရန် ရှေးဦးသူနာပြုနည်း(🙄)ဖြင့် ကုသပေးသည်။

Zarchi: (ဒါ! ဒါ! ရှယ်ယာရှင်! RainDropရဲ့! သူကဒီကောင်မနဲ့ဘယ်လိုပက်သက်တာပါလိမ့်။ သူ့ပုံစံက တော်တော်လေးစိတ်ပူနေပုံပဲ😐။ ပြီးတော့ နာမည်လည်းသိနေတယ်)

ခဏကြာတော့ ဝိုင်သတိရလာသည်။ မျက်စိပွင့်ပွင့်ချင်း မိုးထက်မြင့်မျက်နှာကိုမြင်တော့ ကြောက်ရွံ့ဝမ်းနည်းစိတ်များဖြင့် မိုးထက်မြင့်ကိုလှမ်းဖက်ထားလိုက်သည်။

Wine: 'အီးဟီး...ကိုမိုးထက်မြင့်! ဝိုင်ကြောက်တယ်! အီးဟီး...ရေထဲပြုတ်ကျတာ တစ်နာရီလောက်ကြာသွားပြီးမှ ရှင်ကဘာလို့လာကယ်ရတာလဲ? အီးဟီး...😭။ ကျွန်မကို သူလေရေထဲတွန်းချတယ်...😭'

PoisonOpowieści tętniące życiem. Odkryj je teraz