Ep-113

338 20 0
                                    

Unicode Version

Zarchi: 'မင်းနာမည်က ဝိုင် တစ်လုံးတည်းလား?'
Wine: 'ဟုတ်ကဲ့။ အစ်မကရော?'
Zarchi: 'ဇာခြည်ပါ။ ဒါနဲ့ ကိုနေမင်းက အလုပ်သမားခေါ်မယ်လည်းမကြားမိပါဘူး။ အင်တာဗျူးတာလည်းမတွေ့မိပဲ ဘယ်လိုလို့ အလုပ်သမားတစ်ယောက်ခန့်လိုက်တာပါလိမ့်'
Wine: 'အင်တာဗျူးလိုက်ပါတယ်...သောကြာနေ့တုန်းက'
Zarchi: 'သောကြာနေ့တုန်းက ရုံးပိတ်တာကို ဘယ်လိုလို့ အင်တာဗျူးမှာလဲ?'
Wine: 'ဪ...ဒါကြောင့် အစ်မ မသိလိုက်တာနေမှာပါ။ ကျွန်မကိုအဲ့နေ့မှာအင်တာဗျူးလိုက်တာ'
Zarchi: 'ပြီးတော့ ဒီအောက်ခြေအလုပ်သင်လောက်ကို ကိုနေမင်းကိုယ်တိုင် အင်တာဗျူးတယ်ပေါ့?'
Wine: 'ကိုနေမင်း!?'
(ဘယ်လိုအလုပ်သမားက နေမင်းကို ကိုနေမင်းလို့ခေါ်နေပါလိမ့်။ မရိုးတော့ဘူး...နေမင်းရဲ့ စပယ်ရှယ်များလား!🤔 ဒီကောင်ငါ့ကိုလျှိုထားတယ်ကြည့်စမ်း🙁)
Zarchi: 'ကိုနေမင်းဆိုတာ ကိုနေမင်းပေါ့။ ငါပဲခေါ်မယ် မင်းလိုက်ခေါ်စရာမလိုဘူး။ ကြားလား?!'
(ငါတောင် ကွယ်ရာမှာပဲ စိတ်ကူးယဉ်ပြီးခေါ်ခွင့်ရှိတာကို နင့်ပါးစပ်ကလွယ်လွယ်ပြောထွက်တယ်ပေါ့🙁)
Wine: 'ဟုတ်! ဟုတ်ကဲ့!'
(နေမင်းရေ...သူ့ကိုငါသဘောမကျဘူး🤧။ နင်ဘာတွေနဲ့ကြိုက်နေတာလဲဟာ......ကြည့်စမ်းပါဦး ပထမဦးဆုံးနေ့မှာတင် ပညာပြနေတယ်။ စိတ်ပုပ်လိုက်တာ🤧)
Wine: 'ဟို! ဒါနဲ့လေ! ကျွန်မ ပထမဦးဆုံး ဘာက စလုပ်ရမှာလဲဟင်?'
Zarchi: 'မင်းပထမဦးဆုံး စလုပ်ရမှာက ငါတို့အတွက် အဆာပြေစားစရာ မုန့်သွားဝယ်ပေး'
Wine: 'ရှင်!😳'
Zarchi: 'ဘာကိုလန့်နေတာလဲ? အလုပ်သင်ဆိုတာ လက်တိုလက်တောင်းကနေ စရမှာပေါ့'
(ကြည့်နေပါ....တစ်ပတ်တောင် မခံစေရဘူး)
Wine: 'ဟုတ်ကဲ့!'
(ပညာကတော့ အသေပြတယ်။ ကိုယ်တိုင်ကတော့ ဘယ်လောက်ထိအရည်အချင်းရှိလဲမသိရသေးဘူး။ စောင့်ကြည့်ရတာပေါ့🙁)

ဝိုင်ထွက်သွားတော့မှ ဝန်ထမ်းမလေးတစ်ယောက်က ချီတုံချတုံဖြင့် ဇာခြည့်အနားကို ကပ်လာသည်။

Other: 'မဇာခြည်! သူ့ကိုဘာလို့အဲ့လိုတွေသွားခိုင်းရတာလဲ?'
Zarchi: 'ဘာလို့လဲ?'
Other: 'မဇာခြည်မရိပ်မိဘူးလား? သူ့ကို သူဌေးကိုယ်တိုင်ခေါ်လာတာလေ။ ပြီးတော့ ကျွန်မတို့ ဝန်ထမ်းတွေရဲ့မျက်နှာကိုတောင် တစ်ခါမှမကြည့်ဖူးတဲ့သူဌေးက သူ့မျက်နှာကိုပဲကြည့်ပြီး စကားပြောသွားတယ်လေ။ သူနဲ့သူဌေးက တစ်ခုခုပက်သက်နေတာမဖြစ်နိုင်ဘူးလား?'
Zarchi: 'မဖြစ်နိုင်ဘူး။ သူဌေးရဲ့နောက်ကွယ်ကိုငါစုံစမ်းပြီးပြီ။ ချစ်သူရည်းစားဆိုတာ ထားတောင်မထားဖူးဘူးတဲ့။ ပြီးတော့ သူနဲ့ပက်သက်နေတာဆိုရင် ဘာလို့ အောက်ခြေအလုပ်သင်ဝန်ထမ်းရာထူးကိုပေးမှာလဲ? ရာထူးကြီးကြီးပေးမှာပေါ့'
Other: 'မဇာခြည်ပြောတော့လည်း ဟုတ်သလိုလိုနော်? သူဌေးက သူ့ကောင်မလေးကိုတော့ ဒီလိုအလုပ်သင်ဘဝနဲ့ထားမှာမဟုတ်ပါဘူးလေ'
Zarchi: (ငါတောင် ဒီ ၂နှစ်အတွင်း သူဌေးရဲ့အကြည့်တစ်ချက်မှမရသေးဘူး။ နင်ကတော့ ပထမဦးဆုံးတစ်ရက်မှာတင် သူဌေးရဲ့အကြည့်ကိုရခဲ့တယ်ပေါ့။ ကြည့်နေ ဝိုင်! နင်သိပ်မကြာခင် ထွက်သွားစေရမယ်)

PoisonWhere stories live. Discover now