Ep-123

336 20 1
                                    


Unicode Version

MHM: 'ကဲ! ကျေနပ်ပြီလားအစ်မ? သူ့ကိုရုံးမသွားခိုင်းတာနဲ့ ငါပါအလုပ်မလုပ်ရဘူး🙁'
Wine: 'ဘာလဲ? မကျေနပ်ဘူးလား?'
MHM: 'ကိုကျေနပ်တာမကျေနပ်တာက မင်းအပေါ်ပဲမူတည်တယ်🙄'

မိုးထက်မြင့်က တဖြည်းဖြည်းမိမိအနားကပ်လာသောအခါ ဝိုင်လည်းကယောင်ကတမ်းဖြင့်ထရပ်မိတော့သည်။

Wine: 'ဟို! ရေ! ရေချိုးမလို့ကို ဘာလို့မေ့နေပါလိမ့်'
MHM: 'မင်းအခုလေးတင်ရေချိုးပြီးထွက်လာတာလေ'
Wine: (အာ....ဟုတ်သားပဲ😣)
'ဪ! သွားတိုက်ဖို့မေ့ခဲ့လို့'
MHM: 'တစ်ရက်တစ်လေမတိုက်လည်းရတာပဲ'

ထိုနောက်မိမိမှာအကြောင်းပြချက်မရှိမှန်းသိသွားသောအခါ မိုးထက်မြင့်ကိုအကြောင်းပြချက်ရှာပြီး အခန်းပြင်နှင်ရန်အကြံထုတ်တော့သည်။

Wine: 'ရှင်ရော ရေချိုးပြီးပြီလား?'
MHM: 'ပြီးပြီ'
Wine: 'ညစာစားမလား? ရှင်ပီဇာလည်းသိပ်စားမလာတော့လေ...ဗိုက်များဆာမလားလို့'
MHM: 'မဆာဘူး။ ဗိုက်ကတင်းနေတော့ လေ့ကျင့်ခန်းလုပ်ရင်ကောင်းမလားလို့စဉ်းစားနေတာ🙄'
Wine: '🙁ရှင်! ဘာပြောနေတာလဲ?😠'
MHM: 'လေ့ကျင့်ခန်းလုပ်မလို့လေ' ဟူ၍ Gym ခန်းကိုလက်ညှိုးထိုးပြသည်။

MHM: 'မင်းကဘာတွေတွေးနေတာလဲ?'
Wine: 'ဘာ! ဘာတွေးလို့လဲ? ဘာမှမတွေးပါဘူး'
MHM: 'မင်းမျက်နှာကဘာလို့နီနေတာလဲ?'
Wine: 'ဟို...ဟို! ပူလို့လေ။ ရှင် Aircon မှမဖွင့်ထားတာ' ဟုဆိုပြီး Aircon ဘက်လှည့်ကြည့်မိသောအခါ အမြင့်ဆုံးအအေးဖြင့် ဖွင့်ထားကြောင်းတွေ့ရသည်။

Wine: (ငါ့ဘဝကြီးက ဒီနေ့မှဘာလို့ ခက်ခဲနေရတာလဲ?😞)
'ဪ! ဖွင့်ထားတာပဲ😁'
MHM: (ဘာတွေကြောက်နေမှန်းမသိဘူး။ ဝိုင်...ဝိုင်...မင်းအတွေးတွေကို ကိုကသိတာပေါ့😅။ ဒါပေမယ့် ကိုတို့နှစ်ယောက်လုံး စိတ်ရှင်းရှင်းနဲ့ ရှေ့ဆက်နိုင်တဲ့အချိန်ထိ စောင့်ရမယ်လေ)
'မင်းအိပ်ချင်ရင် အိပ်နှင့်လေ။ ကို Gymခန်း ခဏသွားလိုက်ဦးမယ်'
Wine: 'ညဘက်ကြီး ဆော့မလို့လား? ရေချိုးပြီးမှလေ😐'
MHM: 'ဆော့ပြီးမှရေပြန်ချိုးလိုက်ပါ့မယ်။ မင်းကုတင်ပေါ်ကို ချွေးတွေနဲ့တော့ မတက်ပါဘူး စိတ်ချ'
Wine: (ပြောတဲ့ပုံကလည်း...🙁)
'ကျွန်မပြောတာက ရှင်လေဖြတ်နေမှာစိုးလို့ပြောတာ။ အခုခေတ်က အသက်အရွယ်မရွေးလေဖြတ်နေကြတာကို'
MHM: 'လေဖြတ်သွားရင် မင်းဂရုစိုက်ပေါ့'

PoisonWhere stories live. Discover now