Ep-45

480 27 0
                                    


Unicode Version

မိုးထက်မြင့်ခြံရှေ့ရောက်သောအခါ ကားကိုလမ်းဘေးချရပ်လျှက် ဝိုင့်ကိုပွေ့ချီကာ အိမ်ထဲ ပို့ပေးသည်။

Wine: 'ကိုသူရိန်၊ ကျွန်မကို ဆိုဖာပေါ်ပဲတင်ပေးခဲ့ပါ'

ဝိုင့်စကားအတိုင်းပဲ ဆိုဖာပေါ်တင်ပေးပြီး စားပွဲအောက်ရှိ ဆေးသေတ္တာကိုထုတ်လျှက် ဆေးလိမ်းပေးရန်ပြင်သည်။

Wine: 'ဟင်'
သူရိန်: 'တိတ်! ဘာဆက်ပြောမလဲဆိုတာသိတယ်။ ငြိမ်ငြိမ်နေနော်၊ လှုပ်ရင် ပိုနာမယ်'
Wine: 'မလိမ်းလို့မရဘူးလားဟင်'

ဝိုင်ကြောက်နေမှန်းသိသဖြင့် ဆေးမလိမ်းခင် တရားပြဖို့ဆုံးဖြတ်လိုက်တော့သည်။

သူရိန်: 'အနာက သွေးတွေအများကြီးထွက်ထားတာနော်၊ ပြီးတော့ ဖုန်ကလည်း ဝင်ထားသေးတယ်။ ပိုးသာဝင်သွားကြည့်စမ်း...အခုဆေးမလိမ်းပဲ၊ ပိုးမသတ်ပဲထားလိုက်ရင် ၊ ကြာရင် ခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်တတ်တယ်နော်'
Wine: 'ဘာလို့လာခြောက်နေတာလဲ? မကြောက်ပါဘူး၊ ခြေထောက်ဖြတ်ရလည်းနောက်မှဖြတ်ရမှာ၊ အခုဆေးလိမ်းရင် အခုနာမှာ'
သူရိန်: 'ဝိုင်! ကလေးဆန်ပြန်ပြီလား?'
(မင်းမဖြူစင်ပြပါနဲ့။ ဒီအတိုင်းနေရင်းတောင် ကျရှုံးနေရတာ၊ မင်းရဲ့ချစ်စရာအမူအရာတွေမြင်ရင်...)

ဧည့်ခန်းထဲက ဆူညံသံတွေကြောင့် နွယ်တစ်ယောက် အိပ်မပျော်တော့ပဲ နိုးလာသည်။

Nwe: 'ဝိုင်! သူရိန်! ဘာလုပ်နေကြတာလဲ? ဟယ်! သွေးတွေပါလား! ဘာဖြစ်လာကြတာလဲ?'
Wine: 'ချော်လဲတာမမ။ တိုင်ရဦးမယ် မမမောင်ကလေ ဒီလောက် မိန်းမတစ်ယောက်လုံး မထနိုင်ဖြစ်နေတာတောင် သူပြောချင်ရာပဲပြောပြီး ထွက်သွားတယ် မမရယ်။ မိန်းမအရင်းမှဟုတ်ရဲ့လားမသိဘူး'
သူရိန်: (ထပ်ပြောပြန်ပြီ၊ ကလေးဆန်တာ လူမသိမှာစိုးလို့လားမသိပါဘူး။ ဒီကလေးမနဲ့တော့ ခက်ပြီ)
Nwe: 'ဟင်! မိန်းမကအရင်းတို့ တစ်ဝမ်းကွဲတို့ရှိလို့လား?'
Wine: 'မသိဘူးလေ၊ ရုပ်ရှင်တွေထဲမှာဆိုရင် မိဘတွေချစ်တာမခံရရင် သမီးအရင်းမှဟုတ်ရဲ့လားတို့ဘာတို့ပြောကြတယ်လေ'
Nwe: 'ဟဲ့ တူမှမတူတာ ဒီကလေးကတော့။ ဒါနဲ့ မောင်လေးက ဘာပြောသွားလို့လဲ'

PoisonOpowieści tętniące życiem. Odkryj je teraz