Ep-118

324 20 1
                                    


Unicode Version

🎶🎵..................Ringtone

ဖုန်းသံကြားပြီး ဝိုင်နိုးသွားမည်စိုး၍ ဖုန်း speaker ကိုလက်ဖြင့်အုပ်ကာ အခန်းပြင်ထွက်လာခဲ့သည်။

MHM: 'ပြော!'
Sammy: 'ညကျရင်လာမှာလား မိုး?'
MHM: 'ဘယ်ကိုလဲ?'
Sammy: 'ဟာ! ဖိတ်စာမရဘူးလား? ညကျရင် လုပ်ငန်းရှင်ကြီးများ Dinner ရှိတယ်လေ!'
MHM: 'ဪ! ဒါလား? ဖိတ်စာက ရတယ်လေ။ မင်းရော အဖိတ်ခံရတာလား?'
Sammy: 'အင်း! ဆမ်မီက ပရယ်စင်တာအဖြစ်ပွဲတက်ပေးရမှာ'
MHM: 'ကောင်းပါတယ်။ ငါတော့ မသေချာဘူး'
Sammy: 'ဘာလို့လဲမိုးရဲ့? နေရောင်တို့လည်းလာမှာပဲကို'
MHM: 'စဉ်းစားဦးမယ်'
Sammy: 'အမ်မလေး! ဈေးကိုင်လိုက်တာ...။ ဒါနဲ့လာဖြစ်ရင် ဝိုင့်ကိုပါခေါ်လာခဲ့နော်! ဆမ်မီ ဝိုင်နဲ့စကားကောင်းကောင်းပြောဖို့အခွင့်အရေးမရသေးလို့'
MHM: 'မင်းပြောချင်ရင် မင်းဘာသာခေါ်လေ။ ငါနဲ့ဘာဆိုင်လဲ? ဒါပဲ ဒါပဲ'

Sammy: (ဟင်! ဘာဖြစ်သွားတာလဲ? ငါဘာမှားပြောလို့လဲ? ဝိုင်နဲ့စကားပြန်ပြောဖြစ်အောင် လမ်းလည်းခင်းပေးရသေးတယ်🙁။ လူကိုများ အော်လားငေါက်လားနဲ့ လာပါစေဦး)
-------------------------------------------

အဝတ်အစားများကိုသေချာဝတ်ကာ မွှေးကြိုင်နေအောင် ရေမွှေးတွေစွတ်ထားပြီး သန့်ပြန့်ခန့်ညားနေသော မိုးထက်မြင့်ကို ဝိုင်ငေးမောကြည့်နေမိသည်။

Wine: (ချောလိုက်တာ...🤩။ ဒါနဲ့ ဒီလောက်အထိပြင်ဆင်ပြီး ဘယ်သွားမလို့ပါလိမ့်🙁။ ဘယ်သူ့အတွက် ဒီလောက်တောင် ပြင်ဆင်နေတာပါလိမ့်🙁)

ထိုအခါ မိုးထက်မြင့်လည်း မိမိအား တံခါးဝကနေ ချောင်းကြည့်နေသော ဝိုင့်ကိုသတိထားမိသွားတော့သည်။

MHM: 'ဘာကြည့်နေတာလဲ?'
Wine: 'ဘာမှမဟုတ်ပါဘူး။ ဘယ်သွားမလို့လဲလို့ မေးမလို့ပါ'
MHM: 'ငါ့ဟာငါ ဘယ်သွားသွားပေါ့! မင်းနဲ့ဘာဆိုင်လဲ?'
Wine: (ပြောပုံဆိုပုံကိုကနော်.... အရင်စိတ်နဲ့သာဆိုမလွယ်ဘူး🙁)
'အင်း ထမင်းစားသွားမလား?'
MHM: 'ငါအဲ့လောက် အားမနေဘူး'

ထိုနောက် မိုးထက်မြင့် ဝိုင့်ကိုလှည့်မကြည့်တော့ပဲ မျက်နှာသေဖြင့် ထွက်သွားတော့သည်။

Wine: 'ဟိုးအရင်က ၊ သူနဲ့ငါ လက်မထပ်ခင်ကအချိန်ကို ပြန်ရောက်သွားသလိုပဲ။ အာ.....ဒီလူကတော့! လူကို ဒီပျက်ရှင်ဝင်အောင်လာလုပ်နေတယ်🙁'

PoisonWhere stories live. Discover now