Ep-37

546 28 0
                                    


Unicode Version

Wine: 'ဟဲ့! နင်ကဘာလာလုပ်တာလဲ?'
Naymin: 'အစာလာကျွေးတာလေ'
Wine: 'ဘယ်သူ့ကိုလဲ?'
Naymin: 'နင့်ကိုလေ'
Wine: 'ဘာ!'
Naymin: 'ဪ! နေ့လည်စာလာကျွေးတာလို့ ပြောတာပါ'
မိုးထက်မြင့် ဝိုင်တို့သူငယ်ချင်းနှစ်ယောက် ကျီစယ်နေကြသည်ကို ဆက်မကြည့်နိုင်တော့သဖြင့် ကြားဝင်ဖြတ်ရတော့သည်။
MHM: 'အာ၊ ဟုတ်သားပဲ။ နေ့လည်စာစားချိန်တောင်ရောက်ပြီ။ သွားစားကြမယ်လေ'
Wine: 'ကျွန်မ မလိုက်တော့ဘူး။ နေမင်းမှာ ကျွန်မအတွက်စားစရာပါတယ်'
MHM: 'အစားအသောက်က ဆိုင်မှာစားမှ အရသာရှိတာလေ'
Wine:'ဟုတ်ချင်ဟုတ်မှာပေါ့။ ဒါမယ့် ကျွန်မက ဟန်ဘာဂါကို လက်နဲ့ကိုင်စားမှအားရတာ၊ ပြီးတော့ Bubble Chocolate ကိုလည်း အထဲက ပုလဲတွေကို ပိုက်နဲ့ကော်စားနေကျဆိုတော့ ဆိုင်မှာဆို ရုပ်ပေါက်ပါတယ်'
MHM: 'သူဘာဝယ်လာလဲဆိုတာ မင်းဘယ်လိုသိတာလဲ? မှာလိုက်တာလား?'
Wine: 'မဟုတ်ပါဘူး။ သူကိုင်လာတဲ့အထုတ်မြင်တာနဲ့သိတာ'
MHM: 'သူ့အထုတ်က ဘာမှ မှမမြင်ရတာ'
Wine: 'ဟိုဘက်ကအိတ်ကိုကြည့်လိုက် Loteria တဲ့...အထဲမှာ စက္ကူအိတ်တွေ့လား?၊ Loteria မှာ ကျွန်မစားတာ ကြက်ကြော်အစပ်နဲ့ ဘာဂါပဲရှိတာ။ ကြက်ကြော်အစပ်က စက္ကူအိတ်နဲ့မထည့်ဘူးလေ၊ အဲ့တော့ ဒါက ဘာဂါပဲ။ ပြီးတော့ ဒီဘက်အိတ်က Tea Land တဲ့၊ ကျွန်မ အဲ့ဆိုင်မှာ Bubble Chocolate ရယ် Hot Choco Milk ရယ်ကလွဲရင် တခြားမှမသောက်တာ။ အခုသူကိုင်ထားတာ ဒီတိုင်းလက်ကဆွဲလာတာဆိုတော့ အဲ့ဒါ အအေးပဲ။ အကယ်၍အပူသာဆို အဲ့လိုကိုင်ထားရင် မှောက်မှာလေ'
မကျေနပ်ချက်များက  ဝိုင့်အကြောင်းအရမ်းသိနေသော နေမင်းကိုလား၊ နေမင်းအမူအရာအကုန်အလွတ်ရနေသော ဝိုင့်ကိုလားတော့မသိပေမယ့် မကျေနပ်တာတော့အမှန်။
MHM: 'စုံထောက်လုပ်စားပါလား'
Wine: 'လုပ်ချင်တာပေါ့။ မေမေကပေးမလုပ်လို့'
ပါးစပ်ကအလွယ်တကူပြောထွက်သွားသောစကားတစ်ခွန်းက ကိုယ့်ကိုယ်ကိုပြန်ဝမ်းနည်းစေခဲ့သည်။ (ဪ! ငါ့မှာ မေမေမှမရှိတော့ပဲ...)။ တစ်ဖက်တွင်လည်း ဝိုင့်မိဘအကြောင်းကြားရင်ကို အလိုလိုသူ့မိဘတွေကိုပါပြန်သတိရလာပြီး ဒေါသကကြီးထွားလာရသည်။
MHM: 'ငါသွားတော့မယ်'
မိုးထက်မြင့်ရဲ့ကျောပြင်ကိုငေးရင်း ကျန်ခဲ့ရပြန်သည်။ ဘာကြောင့် ထွက်သွားမှန်းလည်းမသိ၊ မေးခွင့်လည်းမရှိဘူးလေ။
Naymin: 'ဟဲ့! ဘာဖြစ်သွားတာလဲ?'
Wine: 'ငါလည်းမသိဘူးလေ'
(စာမေးပွဲတွေကိုမုန်းတဲ့ငါ့အတွက် ဘဝကြီးက ရက်ရက်စက်စက်ပဲ စာမေးပွဲတွေဆက်ဖြေခိုင်းနေခဲ့တယ်။ တစ်ခါမှမမြင်ဖူးတဲ့မေးခွန်းတွေအတွက် ငါ့မှာ အဖြေမရှိဘူး။ ဘယ်တော့ရောက်မယ်မှန်းမသိတဲ့ စာမေးပွဲပြီးချိန် ၊အဖြေတိုက်ရမယ့်အချိန်ကိုစောင့်မျှော်နေရုံပဲတတ်နိုင်တော့တယ်။)
Naymin: 'လာလေ။ ငါနင်စားဖို့ဝယ်လာတယ်'
Wine: 'အင်း'
-----------------------------
ကားပါကင်မှာ ဆရာ့ပြန်အလာကိုမျှော်နေတဲ့ Mark တစ်ယောက်ကတော့ လည်ပင်းရှည်နေလေပြီ။
Mark: (ဆရာကလည်း ကြာလိုက်တာ...။ ငါတက်သွားရင်ကောင်းမလား၊ မဖြစ်ဘူး ငါ့ကိုဒီကနေတစ်ဖဝါးမှ မခွာနဲ့လို့ပြောသွားတယ်။ အခြေအနေလေးပဲသွားကြည့်လိုက်ရင်ကောင်းမလား။ အာ...ဘာလုပ်ရမှန်းမသိတော့ဘူး...)
ထိုစဉ် အထုတ်အပိုးများဖြင့်ဆင်းလာသော မိန်းကလေးတစ်စုထဲမှ ရိုစီ့ကိုမြင်မိသည်။
Mark: (ဟင်! Rosy? သူကဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ? ဒုက္ခပဲ ငါ့ကိုမြင်လို့မဖြစ်ဘူး)
အလျှင်အမြန်ပင်ကားထဲဝင်ပုန်းလိုက်သဖြင့် ရိုစီ့အမြင်မှ ရှောင်နိုင်ခဲ့သည်။
Mark: (ဟူး...မဖြစ်ဘူး။ ငါအခုတလော ကံဆိုးနေတယ်၊ ဗေဒင်မေးဦးမှပဲ)

PoisonWhere stories live. Discover now