Ep-16

712 30 0
                                    


Unicode Version

🎶🎵.........Ringtone
Wine: 'ဟယ်လို!'
Naymin: 'ဝိုင်...'
​တစ်ခါမျှမကြားဖူးသည့် နေမင်း​၏အားပျော့သောအသံ...
Wine: 'ဟင်! နေမင်း ဘာဖြစ်တာလဲ?'
Naymin: 'နင်ဟာ...နင်လုပ်ရက်တယ်'
Wine: 'ဘာကိုလဲဟ။ ငါကဘာလုပ်ရက်လို့လဲ?'
Naymin: 'နင်မသိချင်ယောင်ဆောင်တယ်ဟာ။ နင် ငါ့ကိုလုံးဝ စိတ်ထဲမရှိတာပဲ'
Wine: 'နင်မူးနေတာမှတ်လား? အရက်မူးပြီး ငါ့ကိုဖုန်းဆက်ရဲတယ်ပေါ့လေ'
Naymin: 'ငါသိပါတယ်။ နင်က အရက်သောက်တာမကြိုက်မှန်း။ ငါသိတယ် နင်အဲ့လူကိုလည်းမကြိုက်ဘူးဆိုတာ။ ဘာလို့လဲဟာ...ဘာလို့ လက်ထပ်မှလဲ? ဘာလို့ လက်ထပ်မှဖြစ်မှာလဲ?'
Wine: 'ဘာဖြစ်တာလဲဟ။ ငါ့ဟာငါ ငါ့အဖေဆန္ဒကိုလိုက်လျောချင်လို့လက်ထပ်တာလေ။ နင်ကဘာဖြစ်နေတာလဲ?'
Naymin:  (ငါ့မှာတော့ နင့်အကြွေးတွေဆပ်ပေးချင်လို့ နင်နဲ့ဝေးရာအထိ လာနေနေရတာလေ။ နင်မသိဘူး။ နင်ဘယ်တော့မှ သိမှာမဟုတ်ဘူး)
'နင်ငါ့ကိုနည်းနည်းလေးတောင်မတိုင်ပင်ဘူးဟာ။ နင်ငါ့ကို သူငယ်ချင်းလို့ရော သဘောထားရဲ့လား?'
Wine: 'အေးပါ။ တောင်းပန်ပါတယ်။ ပြန်လာမှ တောင်းပန်တဲ့အနေနဲ့ မုန့်ဝယ်ကျွေးမယ်လေ'
Naymin: 'မုန့်နဲ့ချော့ရအောင် ငါက ကလေးလား?'
Wine: 'ဒီလိုဆိုလည်း ကောင်မလေးချောချောလေးတစ်ယောက်ရှာပေးမယ်လေ'
Naymin: (ကောင်မလေး? ဟား! 😃 တကယ်ပဲ ငါ့ကိုစိတ်ထဲမရှိဘူးပဲ)
'မလိုပါဘူး။ ငါဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူး'
Wine: ( ဒီကောင်ဘာလို့ ဒီတစ်ခေါက် ဒီလောက်တောင် ချော့ရခက်နေလဲမသိဘူး)
'ငါတောင်းပန်ပါတယ် သူငယ်ချင်းလေးရယ်။ ငါနင့်ကိုဖုန်းဆက်ပြောတော့မလို့ပါပဲဟာ။ နင်ကဦးသွားလို့ပါ။ ငါ့မင်္ဂလာဆောင်မှာ နင်မရှိရင် ငါပျော်ရမှာမဟုတ်ဘူးဟ။ လာခဲ့ပါ၊ နော် နော်'
Naymin: (ဖိတ်ရက်လိုက်တာဟာ...နင်တကယ်လုပ်ရက်လိုက်တာဟာ...)
'ငါမရှိလည်း နင့်လူကြီးရှိနေတာပဲလေ'
Wine: 'မတူဘူးလေဟာ။ ငါ့မှာသူငယ်ချင်းဆိုလို့ နင်ပဲရှိတာလေ။ သူ့မှာက အများကြီးဟ။နင်မရှိရင် ငါမျက်နှာငယ်နေရမှာပေါ့။ နော်! လာခဲ့ပါနော်'
Naymin: 'ငါကြိုးစားပေးပါ့မယ်။ ဒါပဲနော် အဖေခေါ်နေလို့'

(ဝိုင်ရယ် ငါကကိုယ်ချစ်ရတဲ့သူရဲ့ မင်္ဂလာပွဲအထိ ချစ်ရတဲ့သူမျက်နှာမငယ်ဖို့အတွက် ကျေကျေနပ်နပ်နဲ့ တက်ရမယ့်ကောင်ပါဟာ...)
မွန်းကြပ်လာသောခံစားချက်နှင့်အတူ မျက်ရည်များပါ အတားအဆီးမဲ့စွာ စီးကျလာသည်။

PoisonWhere stories live. Discover now