Ep-36

529 30 0
                                    


Unicode Version

MHM: 'မင်းက ဒီလောက်ထိထားတာတောင် ကာပြောပေးနေသေးတယ်။ အမှတ်မရှိဘူးလား?'
Wine: 'အမှတ်မရှိတာမဟုတ်ဘူး။ အခု​က တကယ်လည်း ကျွန်မအပြစ်ပဲလေ၊ သူတို့မှားတယ်ဆိုရင်တောင် ကုမ္ပဏီအတွက်ဆိုတဲ့စိတ်ကြောင့်ပဲလေ'
MHM: 'အပြစ်ရှိရင်တောင် ငါ့ဝန်ထမ်းကို ဒီလိုအပြစ်ပေးလို့မရဘူး။ ပြီးတော့...မင်းတကယ်ပဲ ကုမ္ပဏီအတွက်လို့မြင်တာလား?'
Naymin: (အ မယ်ဆိုလည်းသူ့အပြင်မရှိ။ ဒါမျိုးကျ ဒေါသကဘယ်ရောက်။ ငါ့ဆို ပြောလိုက်ဆိုလိုက်တာများ နှစ်ပြားတောင်မတန်ဘူး)
Wine: 'ဘာဖြစ်ဖြစ် အလုပ်ထုတ်တာကြီးကတော့ များပါတယ်'
MHM: 'မင်းကအခု ငါ့ကိုဆန့်ကျင်နေတာလား?'
Wine: 'ကျွန်မက ဘယ်တုန်းက ရှင်နဲ့လမ်းတူဖူးလို့လဲ? အမြဲဆန့်ကျင်ဘက်ပဲလေ'
ဒီလိုပြောတော့လည်း ဟုတ်သား၊ ဝိုင်နဲ့မိုးထက်မြင့်ဆိုတာ အမြဲ ဆန့်ကျင်ဘက်အရပ်ကိုပဲ မျက်နှာမူနေကြတာ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူအရင်လှည့်မလဲဆိုတာပဲ ပြိုင်ဆိုင်ရင်း၊ အနိုင်မခံ အရှုံးမပေးပဲ ကျောခိုင်းနေကြတာလေ။
MHM: 'ဒါဆိုပြောင်းမေးမယ်။ မင်းငါ့ကို ဝေဖန်နေတာလား? ငါ့ဝန်ထမ်းငါ အပြစ်ပေးချင်သလိုပေးမယ်။ အလုပ်ထုတ်ချင်ထုတ်မယ်၊ ထုတ်ချင်မှလည်းထုတ်မယ်။ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်မယ့် လူတွေရှိရင်လည်း ကြိုပြောထားဦးမယ်၊ ငါ့ကုမ္ပဏီက ဇရပ်မဟုတ်ဘူး'
Wine: 'ဟုတ်ကဲ့ ကိုမိုးထက်မြင့်ကုမ္ပဏီကို ဇရပ်လို့ထင်မိတဲ့အတွက် ကျွန်မအပြစ်အရမ်းကြီးပါတယ်။ အလုပ်တောင်ထုတ်ပစ်သင့်တယ်'
Rosy: 'ဟုတ်တယ်!'
MHM: 'တိတ်စမ်း! ပထမအကြိမ်ဆိုတော့ မသိလို့ပဲထားတော့'
Wine: 'မရပါဘူး။ ကျွန်မက တာဝန်ယူစိတ်တအားကြီးတာကြောင့် ဒီမှာအလုပ်ဆက်မလုပ်နိုင်ပါဘူး'
Naymin: 'အဟွတ်...တာဝန်ယူစိတ်ကြီးတယ်တဲ့'
နေမင်းက ချောင်းဟန့်သလိုလိုနှင့် ဝိုင့်စကားကိုလှမ်းထောက်သဖြင့် ဝိုင်လည်း"ပါးစပ်ပိတ်ထား" ဆိုသောအကြည့်ဖြင့် ပြန်ကြည့်ပေးလိုက်သည်။
MHM: 'ငါမထုတ်ဘူး။ ထွက်ခွင့်လည်းမပြုနိုင်ဘူးဆိုရင်ရော?'
(ငါ့ဆီကထွက်ပြီး ဟိုကောင့်ကုမ္ပဏီသွားမလို့မှတ်လား? ငါကရူးနေလို့ထုတ်ရမှာလား၊ သေတောင်မထုတ်နိုင်ဘူး)
Wine: 'ကျွန်မ မထွက်ရရင် သူတို့ကိုလည်းမထုတ်နဲ့'
MHM: (ဘာကိုကာကွယ်ချင်နေမှန်းမသိဘူး။ အဆုံးထိ တင်းခံနေမယ့်သဘောမှာရှိတယ်။ ဒီတိုင်းဆိုမလွယ်ဘူး။)
'ကောင်းပြီလေ။ သူတို့ကိုမထုတ်ရင်ရပြီမဟုတ်လား?'
Wine: 'အင်း'
MHM: 'သူတို့ကိုမထုတ်ရင် မင်းအလုပ်ဆက်လုပ်ရမယ်နော်?'
Wine: 'အင်းပါဆို'
MHM: 'ကောင်းပြီ။ Rosyတို့အဖွဲ့ နားထောင်'
Rosy&other: 'ဟုတ်'
MHM: 'မင်းတို့ မန္တလေးက ရုံးခွဲကိုပြောင်းရမယ်။ ဒီရာထူးတွေနဲ့ပဲ။'
Rosy: 'ရှင်? ဪ! ဟုတ်'
Wine: 'ရှင်!'
MHM: 'ဘာလဲ! မထုတ်ရင်ရပြီဆို?'
Wine: 'ဒါတော့ ဒါပေါ့'
MHM: 'ဘာမှဒါတော့ ဒါပေါ့မနေနဲ့။ နောက်နေ့ကစပြီး Rosy နေရာမှာ မင်းနေရမယ်။ ငါ့အတွင်းရေးမှူးလာလုပ်ဖို့ပြင်ထား။ ပြီးတော့ မင်းတို့! ရာထူးမကျတာကိုတော့ မင်းတို့သူဌေးကတော်ကိုကျေးဇူးတင်လိုက်'
Rosy&other: 'ဟုတ်ကဲ့! ကျေးဇူးပါ သူဌေးကတော်'

PoisonOpowieści tętniące życiem. Odkryj je teraz