Ep-126

378 19 0
                                    

Unicode Version

MHM: 'မလာချင်ပါဘူးဆိုမှ! ဒီကိုထပ်လာရအောင်လုပ်ပြန်ပြီ😑'
Wine: 'အာ...ကျွန်မ အန်တီနဲ့ဦးလေးကိုလွမ်းလို့ပါ'
MHM: 'အေးနော်! အန်တီနဲ့ဦးလေးကိုပဲလွမ်း😒'
Wine: 'အရေးထဲမှ သဝန်ကတိုနေသေးတယ်။ စိတ်ချ အန်တီနဲ့ဦးလေးကိုပဲလွမ်းတာ'
MHM: 'ပြီးရော!'

ထိုနောက် သူရိန့်အမေလည်း ဝိုင့်ကိုတွေ့သောအခါ ဝမ်းသာအားရဖြင့်ပြေးလာသည်။

သူရိန့်မေမေ: 'ဟယ်! သမီးလေး! အဖေကြီးရေ သမီးလေးလာတယ်ဟေ့!'
သူရိန့်ဖေဖေ: 'လာပြီ လာပြီ!'
Wine: 'မေမေနဲ့ဖေဖေ နေကောင်းကြတယ်နော်!☺️'

ဝိုင့်စကားဆုံးတာနဲ့ သူရိန့်အမေက ဝိုင့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။

သူရိန့်မေမေ: 'မေမေတို့ကသမီးလေးကိုလွမ်းနေတာ သမီးလေးရဲ့! အခုမှပဲတွေ့ရတော့တယ်ကွယ်...'
Wine: 'ဝိုင်လည်း မေမေတို့ကိုလွမ်းပါတယ်။ အခွင့်မကြုံသေးလို့သာ လာမတွေ့ဖြစ်တာပါ။ မနေ့က ကိုသူရိန်လာဖိတ်တော့ ဝမ်းသာသွားတာ။ မေမေတို့နဲ့တွေ့ရတော့မယ်ဆိုပြီးတော့'
သူရိန့်ဖေဖေ: 'သမီးလေးက အခုချိန်ထိ စကားတတ်နေတုန်းပါလားဟေ့'
MHM: (ဘာလဲဟ! မေမေ! ဖေဖေ! သမီးလေး! ငါ့ကျတစ်ယောက်မှမခေါ်ကြဘူး။ ငါကအပြင်လူလား?🙁 ဂျပန်ခေတ်ကကွဲနေတဲ့ မိသားစုအခုမှပြန်တွေ့သလိုလိုနဲ့)
Wine: 'ဪ! မေမေတို့နဲ့မိတ်ဆက်ပေးရဦးမယ်။ ဒါက ဝိုင့်အမျိုးသား ကိုမိုးထက်မြင့်လေ'
သူရိန့်မေမေ: 'ကြားပါတယ်ကွယ်...။ မောင်မိုးထက်မြင့်ကလည်း လူကောင်းလေးပါ။ သမီးလေးပျော်ရွှင်ရမှာသေချာပါတယ်'
MHM: 'ဒါပေါ့! ကျွန်တော်က ကျွန်တော့်မိန်းမကို ဘယ်တော့မှ မျက်ရည်ကျအောင်မလုပ်ဘူး။ စိတ်ဆင်းရဲအောင်လည်းမထားဘူး။ ဆေးရုံလည်းအရောက်မခံဘူးလေ☺️'

မိုးထက်မြင့်ခနဲ့သောစကားများကြောင့် သူရိန့်အမေနဲ့အဖေ မျက်နှာပျက်သွားကြသည်ကို ဝိုင်ရိပ်မိနေသောအခါ မိုးထက်မြင့်ခါးအား မသိမသာ ဆွဲဆိတ်လိုက်သည်။ မိုးထက်မြင့်ကတော့ တမင်ပြောလိုက်တာဖြစ်သဖြင့် ဝိုင်ဆွဲဆိတ်ကာတားနေသည်ကို အံကြိတ်ခံကာ မသိသလိုနေနေလိုက်သည်။

သူရိန်: 'ဟော! အစ်ကိုနဲ့ ဝိုင်တို့ရောက်လာကြပြီပဲ! မေမေတို့ကလည်း ဧည့်သည်ကို အထဲလည်းပေးမဝင်ဘူး'
သူရိန့်မေမေ: 'အဲ! ဟုတ်ပါရဲ့! သမီးလေးကိုမြင်ပြီး ဝမ်းသာလွန်းလို့ အထဲဝင်ခိုင်းဖို့တောင်မေ့နေတာ။ လာလေ သမီးလေး'

PoisonWhere stories live. Discover now