Ep-127

372 15 1
                                    

Unicode Version

Naymin: 'ဘာပြောတယ်!'
ဦးသတိုး: 'ငါ့တူမပုံစံကြည့်ရတာ အခုထိ သူ့ယောက်ျားကို မမေးရသေးတဲ့ပုံစံမို့လို့မင်းကိုလာပြောပြတာ'
Naymin: 'ခင်ဗျားလိုလူပြောတဲ့စကားကို ကျွန်တော်က ယုံရမယ်တဲ့လား?😅'
ဦးသတိုး: 'ယုံတာမယုံတာမင်းအပိုင်းပဲလေ။ ငါကတော့ ပြောစရာရှိတာပြောပြီးသွားပြီ။ ပြီးတော့ ဒီကိစ္စကို မိုးထက်မြင့်လည်း သိနေပြီးပြီ။ အခုချိန်ထိ ဘာလို့ နှုတ်ဆိတ်နေရလဲဆိုတာတော့ငါလည်းမသိဘူး'
Naymin: (ဟုတ်တယ်! ကိုမိုးထက်မြင့်ကဘာလို့ ဝိုင့်ကိုဘာမှမပြောပဲ ထားတာလဲ?)
ဦးသတိုး: 'ပြီးတော့! ဒီကိစ္စကို မိုးထက်မြင့်ထက်အရင် ဝိုင့်ကိုသွားပြောလိုက်ရင် မင်းလည်းအခွင့်အရေးရလာမယ်လေ🙄'
Naymin: 'ခင်ဗျားဘာကိုပြောချင်တာလဲ?'
ဦးသတိုး: 'ပြောမရဘူးလေ ငါ့တူမက မင်းအပေါ်အမြင်တစ်မျိုးပြောင်းချင်ရင်လည်းပြောင်းလာမှာပေါ့🙄'
Naymin: 'အပိုတွေပြောမနေနဲ့! ဝိုင့်ဆီက ဘာမှမလိုချင်ဘူး။ ဒါနဲ့ ခင်ဗျားပုံစံက ဘာလို့ ဝိုင်တို့လင်မယားကိုခွဲချင်သလိုပုံစံဖြစ်နေတာလဲ? ဝိုင်တို့အတူရှိနေရင် ခင်ဗျားအတွက် ဘာမကောင်းတာ ဖြစ်လာနိုင်လို့လဲ?🤔'
ဦးသတိုး: (ဒီကောင်က မထင်ထားလောက်အောင် ဦးနှောက်ကောင်းနေပါလား!🙁)
'ငါက ဝိုင့်ကို ငါ့တူမအရင်းလေးလို သဘောထားတာ! မဖြစ်သင့်တဲ့သူနဲ့မဖြစ်ရအောင် လိုက်တားနေတာ'
Naymin: 'လက်ထပ်ပြီး တစ်နှစ်လောက်ကြာမှ ပေါ်လာပြီး မဖြစ်သင့်တဲ့သူနဲ့မဖြစ်အောင် လာတားတာတဲ့လား?'
ဦးသတိုး: 'ဘာပဲဖြစ်ဖြစ်ကွာ! ငါပြောတဲ့အတိုင်းပဲ မင်းဝိုင့်ကိုပြန်ပြောပြလိုက်! ဝိုင့်အနားမှာ မင်းပဲရှိခဲ့တာ...နောင်လည်း မင်းပဲရှိသင့်တာ!'
Naymin: 'လူတိုင်းကိုခင်ဗျားလိုများထင်နေလား? ကျွန်တော်က အဓိကနဲ့ သာမညခွဲတတ်သေးတယ်။ ဒီကိစ္စကို သေချာအောင်စုံစမ်းပြီးရင် ဝိုင့်ကိုပြောပြမှာမို့ စိတ်ချလက်ချသာနေပါ'
ဦးသတိုး: (စုံစမ်းဦးမယ်တဲ့လား? ဒီကောင် ဘာထပ်စုံစမ်းချင်နေသေးတာလဲ? အကုန်ပြောပြထားတာကို🙁)
'ပြီးရောလေ! ဒါဆိုလည်း ခွင့်ပြုပါဦး'
Naymin: 'ကောင်းပါပြီ။ လိုက်မပို့တော့ဘူး'

ထွက်ခွာသွားသော ဦးသတိုး​၏ကျောပြင်ကိုကြည့်ရင်း ဒေါသလည်းထွက်သလို ဝိုင့်အတွက် စိတ်မကောင်းလည်းဖြစ်ရသည်။

PoisonWhere stories live. Discover now