Ep-8

873 30 0
                                    


Unicode Version

ခြံစောင့်: 'ဒေါ်ကြီးရေ ၊ ဒေါ်ကြီး'
Dawgyi: 'အေး ဘာလဲ မောင်ထူးရဲ့ အလန့်တကြား'
ခြံစောင့်: 'မမလေးလေ၊ မမလေး'
Dawgyi: 'မမလေး ? မမလေး ဘာဖြစ်လို့လဲ?'
ခြံစောင့်: 'အခုပဲအပြင်ထွက်သွားတယ်'
Dawgyi: 'ဘာလဲ၊ ကားတွေဘာတွေများတိုက်မိလို့လား? သတိတွေဘာတွေလစ်လို့လား? အမ်မလေးပြောပါဦး မောင်ထူးရဲ့၊ ဘာဖြစ်လို့လဲဆိုတာ'
ခြံစောင့်: 'ဘာမှမဖြစ်ပါဘူး၊ အပြင်ထွက်သွားတာ ဒေါ်ကြီးမသိမှာစိုးလို့လာပြောတာ'
Dawgyi: 'သေနာလေး...ငါကဘာများဖြစ်လို့လဲလို့ လန့်သွားတာပဲ၊ သိတယ်ဟဲ့ မနက်က ငါ့ကိုပြောသွားတယ်၊ အဲ...နေပါဦး ထွက်သွားတာ မနက်တည်းကလေ နင်ကဘာလို့အခုမှလာပြောတာလဲ'
ခြံစောင့်: 'မနက်ကပြောမလို့ပဲ...မေ့သွားလို့ဗျ'
Dawgyi: 'နင်ဟာလေ..ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်း'
ခြံစောင့်: 'မဟုတ်သေးပါဘူး၊ ဒေါ်ကြီးက ဘာလို့မမလေးကိုအပြင်သွားခွင့်ပြုလိုက်ရတာလဲ၊ နေလည်းကောင်းသေးတာမဟုတ်ဘူး၊ဦးကြည်လာမှသွားခိုင်းတာမဟုတ်ဘူး'
Dawgyi: 'ခွင့်မပြုလို့ရမလားဟဲ့၊ ငါတို့ကအလုပ်သမားတွေလေ ကိုယ့်အလုပ်ရှင်ကိုအဲ့လောက်ထိလိုက်ချုပ်ချယ်နေလို့ရမလား'
ခြံစောင့်: 'အဲ့လိုတော့မပြောပါနဲ့ ဒေါ်ကြီးရယ် ၊ မမလေးက ကျွန်တော်တို့ကိုတစ်ခါမှ အလုပ်ရှင်နဲ့ အလုပ်သမားလိုဆက်ဆံတာမဟုတ်ဘူး၊ သူ့သူငယ်ချင်းတွေလိုပဲဆက်ဆံတဲ့ဟာ'
Dawgyi: 'ဟုတ်တော့လည်းဟုတ်ပါတယ် ၊ မမလေးမှာ သူငယ်ချင်းဆိုလို့ သခင်လေးနေမင်းကလွဲရင်ရှိတာမဟုတ်ဘူး၊ ကျောင်းတုန်းကလည်း သူရဆိုလား သူရိန်ဆိုလား အဲ့တစ်ယောက်နဲ့တွဲလို့ဆိုပြီး ကျောင်းက ကလေးမလေးတွေက ငါတို့မမလေးကို စကားမပြောဘူးလေ၊ အဲ့တော့ မမလေးမှာပေါင်းစရာလူမရှိတော့ဘူးပေါ့'
ခြံစောင့်: 'ဒါကတော့ဒေါ်ကြီးရယ် အဲ့ကောင်မလေးတွေက မမလေးကိုမနာလိုတာပါ၊ မမလေးကသူတို့ထက်ချောလို့ ကျောင်းကပေါ်ပျူလာဖြစ်တဲ့ကောင်လေးနဲ့တွဲရတာကိုး'

Wine အကြောင်းဖောက်သည်ချနေတုန်းမှာပင် ခြံရှေ့၌ အမြင်မစိမ်းသော ကားအနီရောင်ရောက်လာသည်။ ဟွန်းကိုအဆက်မပြတ်တီး​၍ တံခါးဖွင့်ခိုင်းနေသောကြောင့် မောင်ထူးလည်းဖွင့်ပေးလိုက်ရသည်။

PoisonWhere stories live. Discover now