Ep-22

614 30 0
                                    


Unicode Version

ဝိုင်လည်း အတော်လေးပင်ပန်းနေပုံရသည်။ အိမ်ရောက်သည်အထိ မနိုး။ နေမင်းက ကားရပ်၍ ဝိုင့်ကိုပွေ့ချီရန်ပြင်ဆင်နေသည်ကိုမြင်လျှင် မိုးထက်မြင့် သဝန်တိုစိတ်များ ပြင်းထန်လာသည်။
MHM: 'နေ၊ နေ ။ ငါခေါ်သွားလိုက်မယ်'
နေမင်း စိတ်မကောင်းဖြစ်သော်လည်း မိုးထက်မြင့်အား အလျှော့ပေးလိုက်သည်။
Naymin: 'အပေါ်ထပ်က ညာဘက်ခန်းနော်'
MHM: 'မင်းက ဘယ်လိုသိလဲ?'
Naymin: 'သိရုံတင်မကဘူး အိပ်ပါအိပ်ဖူးတယ်'
MHM: 'ဘာ?!'
Naymin: 'ငယ်ငယ်ကဆိုပေမယ့်လည်းပေါ့'
ဒီတစ်ခါတော့ နေမင်း အလျှောက်ကောင်း၍အထောင်းသက်သာသွားသည်။ မိုးထက်မြင့်လည်း နေမင်းအား မျက်စောင်းတကဲကဲဖြင့် ဝိုင်အားပွေ့ချီကာ ဧည့်ခန်းထဲရောက်လာသည်။ နံရံ၌ချိတ်ထားသော ဦးမင်းလွင်​၏ ဓာတ်ပုံကိုတွေ့ကာ ရုတ်တရက် သတိဝင်လာသည်။
(ငါ ဒီကိစ္စကို ဘယ်လိုတောင် မေ့ပစ်ထားလိုက်ရတာလဲ။ ဦးမင်းလွင်! လူယုတ်မာ! အခုလည်း သူ့သမီးကို ငါက ချီထားတယ်တဲ့လား)
ဒေါသများဖုံးလွှမ်းလာကာ ဝိုင့်ကို နေမင်းဆီလွှဲပေးလိုက်သည်။
MHM: 'ရော့! မင်းပဲသွားပို့လိုက်တော့'
Naymin: 'ဘာလဲဟ! အမျိုးမျိုးပဲ'
နေမင်းသာလက်မခံခဲ့ရင် မိုးထက်မြင့် ဝိုင့်ကို ပစ်ချမိလောက်သည်။ နေမင်းလည်း ဝိုင်နိုးသွားမည်ဆိုးသောကြောင့် မိုးထက်မြင့်အား နားမလည်နိုင်သောအကြည့်များဖြင့်သာကြည့်၍ ဘာမျှပြန်မပြောတော့ပဲ လက်ခံလိုက်ရသည်။
MHM: 'ငါပြန်တော့မယ်'
Naymin: 'ခင်ဗျားပဲ ဒီမှာညအိပ်မလို့ဆို?'
MHM: 'မအိပ်တော့ဘူး။ လုပ်စရာရှိတာ သတိရသွားလို့။ ဒါနဲ့ မင်းရဲ့ကား ငါ့ကိုငှားပေးလိုက်လို့ရမလား?'
Naymin: 'ရတယ်လေ။ ကားထဲမှာ ကားသော့ရှိတယ်။ ယူသွားလိုက်'
မိုးထက်မြင့်လည်း နေမင်း​၏ကားကိုယူကာ အမြန်ပြန်သွားသည်။ ဆက်နေလျှင် သူ့ဒေါသသူမထိန်းနိုင်တော့ပဲ တစ်ခုခုလုပ်မိသွားမည်ဆိုး၍ဖြစ်သည်။ နေမင်းလည်း ဝိုင့်ကိုမ၍ အခန်းထဲပို့ပေးရန် လှေကားမှတက်လာရင်း
(ဒီကလေးမ ပိန်လာလိုက်တာ။ ဝိတ်လျှော့နေပြန်ပြီလားမသိပါဘူး။ ပိန်လည်း လှမလာပါဘူးလို့ပြောရဲ့သားနဲ့😅)
လှေကားထစ် တစ်ထစ်တိုင်းမှာတော့ ဆုံးရှုံးမှုတွေအတိ။ ကျွန်တော့်ဘဝကြီးနဲ့ ခိုင်းနှိုင်းခဲ့သော ထိုအမျိုးသမီးလေးကိုဆုံးရှုံးရပြီဆိုမှတော့ ကျွန်တော့်မှာ ဘာကျန်တော့မှာလဲဗျာ။ ကုတင်ပေါ်တင်ပေးလိုက်ပြီး အိပ်ပျော်နေသော ဝိုင့်မျက်နှာကိုငေးကာ (ငါနင့်ကိုလက်လွှတ်ပေးလိုက်တာမဟုတ်ဘူးနော်၊ အဲ့အတွက် နင်မပျော်တဲ့အခါ ငါ့ဆီပြန်လာလို့ရတယ်။ ငါမတရားမှန်းသိပေမယ့် နင်မပျော်ပါစေနဲ့လို့ပဲ ဆုတောင်းချင်နေမိတယ်ဟာ။ ငါတောင်းပန်ပါတယ်)
---------------------------------
Nwe: 'မောင်လေး! ပြန်လာတာနောက်ကျလိုက်တာ။ မနက်တည်းကထွက်သွားတာ'
MHM: 'ကျွန်တော် အလုပ်ရှုပ်နေလို့ပါ'
Nwe: 'ဧည့်ခန်းမှာ သူရိန်ရောက်နေတယ်။ သူစောင့်နေတာကြာနေပြီ။ သွားတွေ့လိုက်ဦး'
MHM: 'ဟုတ်ကဲ့'
ဒေါသများကိုအတင်းမျိုချကာ ဧည့်ခန်းထဲသို့ဝင်လာသည်။ ဆိုဖာပေါ်၌ ထိုင်နေသော နေမင်းလည်း မိုးထက်မြင့်အားမြင်သည်နှင့် မတ်တပ်ရပ်ကာ နှုတ်ဆက်သည်။
MHM: 'ထိုင်ပါ။ ဘာရင်းကိစ္စသာပြော'
သူရိန်: 'ဟိုနေ့က ကိစ္စအတွက်လေ ကျွန်တော် လာတောင်းပန်တာပါ'
MHM: 'ငါမှတ်မိသလောက်တော့ တောင်းပန်ရမှာ မင်းမဟုတ်ဘူးထင်တယ်'
သူရိန်: 'ဘာပဲဖြစ်ဖြစ် ကျွန်တော့ပွဲမှာ ဖြစ်သွားတာဆိုတော့ ကျွန်တော့် တာဝန်ပဲပေါ့'
MHM: 'ထားပါ။ နောက်တစ်ခါဆိုရင်တော့ ငါ့အဆိုးမဆိုနဲ့နော်'
သူရိန်: 'ဟုတ်ကဲ့ပါ။ အစ်ကို ကျွန်တော့်ကိုတော့ စိတ်မဆိုးပါနဲ့နော်'
MHM: 'စိတ်မဆိုးပါဘူး။ စိတ်ဆိုး စိတ်ကောက်ရအောင် အခြောက်မှ မဟုတ်တာ'
သူရိန်: 'ဟုတ်ကဲ့ပါ😁ဒါဆို ကျွန်တော် ပြန်လိုက်ဦးမယ်နော်'
MHM: 'နေဦး! ငါမေးစရာရှိတယ်'
သူရိန်: 'ဟုတ် မေးလေ အစ်ကို'
MHM: 'မင်းသိသလောက် ဝိုင့်အကြောင်း ငါ့ကိုပြောပြ'
သူရိန်: 'ဗျာ!'
MHM: 'ဗျာခိုင်းတာမဟုတ်ဘူး။ ဝိုင့်အကြောင်းပြောခိုင်းတာ'

PoisonWhere stories live. Discover now