Ep-64

424 25 1
                                    


Unicode Version

​ဝိုင်က ရွှေစင်ကမ်းပေးသောခွက်ကို ဆွဲယူလိုက်တဲ့အချိန်မှာ သူရိန်က ဝိုင့်လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ဝိုင်းမှလူအားလုံးလည်း သူရိန့်ကိုအံ့ဩစွာကြည့်နေကြသည်။

Wine: 'ဘာလို့လဲ?'
သူရိန်: 'မသောက်နဲ့'

ဝိုင်ကတော့ သူရိန့်စကားကိုအသိမှတ်မပြုပဲ သောက်ရန် ဆွဲယူလိုက်တော့ နေမင်းက အအေးခွက်ကို ပုတ်ချလိုက်သည်။ ဝိုင်ကတော့ နေမင်းအပေါ် အတော်ဒေါသထွက်သွားကာ ရန်တွေ့ရန်လုပ်သော်လည်း ...

Naymin: 'ဒါ၊ မင်းတမင်လုပ်တာမဟုတ်လား?' ဟုနေမင်းက ရွှေစင့်ကိုကြည့်ကာ မေးသည်။
ShweSin: 'ငါ....ဘာလုပ်လို့လဲ?'
Naymin: 'မင်းလုပ်တာမင်းသိမှာပေါ့'

တစ်ဝိုင်းလုံးက နေမင်းနဲ့ရွှေစင့်ကိုတစ်လှည့်စီ နားမလည်နိုင်စွာ ကြည့်နေကြသည်။ သူရိန်ကတော့ သိနေသဖြင့် ရွှေစင့်ကိုမျက်နှာလွှဲနေလိုက်သည်။

Wine: 'ဟဲ့! ဘာထဖြစ်တာလဲ? ငါသောက်ချင်တယ်ဆိုလို့ ရွှေစင်ပေးတာလေ'
Naymin: 'နင်မသိပဲဝင်မပြောနဲ့၊ ငြိမ်ငြိမ်နေ။ ကဲ! ရွှေစင်...မင်းအအေးနဲ့ တစ်ထပ်တည်းတူတာ ငါဝယ်လာခဲ့ပေးမယ်။ မင်းသောက်မလား?'
ShweSin: 'ဘာလို့သောက်ရမှာလဲ?' ဟုရုတ်တရက် ထွက်သွားတော့ ဝိုင်အကြည့်တို့ ရွှေစင့်ဆီရောက်သွားသည်။

အမှန်တော့ ဝိုင်နဲ့ရွှေစင်က ကီဝီနဲ့ ဓာတ်မတည့်တာချင်းတူကြသည်။ ဓာတ်မတည့်တာကို Rating အနေနဲ့ပေးရရင် ဝိုင်က အဆင့် ၃ ဆို ရွှေစင်က ၃.၅ လောက်ရှိသည်။

Wine: 'ဘာလို့လဲ နေမင်းရဲ့၊ ဘာဖြစ်နေကြတာလဲ? ငါ့လည်းပြောပါဦး'

ထိုအခါ သူရိန်က ဝိုင့်ဘက်လှည့်လာပြီး

သူရိန်: 'ဒီခွက်ထဲ ကီဝီသီးပါတယ်' ဟု ဖြေလေသည်။

ဒီတော့မှ ဝိုင်လည်း နေမင်းစိတ်ဆိုးတာကို နားလည်သွားတော့သည်။ မိုးထက်မြင့်နဲ့ ဆမ်မီတို့ကတော့ ဝိုင်နဲ့ ဓာတ်မတည့်တာကို မသိသဖြင့် နားမလည်နိုင်သော မျက်ဝန်းများဖြင့် နေမင်းနဲ့ သူရိန့်ကို ဆက်ကြည့်နေကြသည်။

Wine: 'ရွှေစင်! အမှန်ပဲလား?'

ဝိုင့်မေးခွန်းကို ရွှေစင်ကမဖြေပဲ တွေဝေနေသည်။

PoisonWhere stories live. Discover now