Ep-95

392 23 0
                                    

Unicode Version

Sammy: 'သေချာရဲ့လား ရွှေစင်ရယ်'
ShweSin: 'သေချာတယ်မမရဲ့။ အစတည်းကရွှေစင်သူတို့ကို မသင်္ကာခဲ့တာ...အခုမှသေချာသိသွားပြီ။ သူတို့ကမချစ်ပဲလက်ထပ်ခဲ့ကြတာ'
Sammy: 'ဒါကိုအသာထားပါဦး။ မိုးကအမွေအတွက်နဲ့ လက်ထပ်မယ့်လူမျိုးမဟုတ်ဘူးနော်။ တစ်ခုခုတော့မှားနေပြီ'
ShweSin: 'မသေချာဘူးလေ မမရယ်။ သူ့ကိုမှမယူရင် ရှိသမျှစည်းစိမ်အကုန်လှူရမှာဆိုတော့လည်း ကိုမိုးထက်မြင့်လည်း မယူချင်ပဲယူရတာနေမှာပေါ့'
Sammy: 'ဒီလိုသာဆိုရင် ဝိုင်သနားပါတယ်'
ShweSin: 'သူ့ထိုက်နဲ့သူ့ကံပဲပေါ့ မမရယ်'

ထိုအချိန်မှစ၍ ဆမ်မီ​၏အကြည့်တို့ ရွှေစင့်အပေါ်အနည်းငယ်ပြောင်းလဲသွားသည်။ ဆမ်မီက သူတစ်ပါးအပေါ် တစ်ဖက်သက်အနိုင်ကျင့်လိုသောသူများကို မုန်းသည်။
-------------------------------------

မွေးနေ့ပွဲအတွင်းသို့ ဝိုင်ဝင်လာသည်နှင့်တစ်ပြိုင်နက် ဆူညံသံများအားလုံးပျောက်ကွယ်သွားကာ မှင်သက်ကုန်ကြသည်။
မိုးထက်မြင့်ကတော့ အသက်ရှူသံတွေပါ စည်းချက်မကိုက်လောက်အောင် ရင်ခုန်နေသည်။

MHM: (လှလိုက်တာ...ဒီနှစ်ကငါ့အတွက်အပြည့်စုံဆုံး မွေးနေ့ပွဲပဲ)

ထိုနောက် ဘေးပတ်ဝန်းကျင်ကိုလှည့်လည်ကြည့်မိတော့ ယောက်ျားသားများအားလုံး​၏ မျက်လုံးတို့က မိမိဇနီးဆီသာရောက်နေကြသည်။
(ဘာလဲ! ဘာလို့ငါ့မိန်းမကိုကြည့်နေကြတာလဲ?🙁😒)

မိုးထက်မြင့်သဝန်တိုနေတုန်းမှာပဲ ဝိုင်တဖြည်းဖြည်းချင်း မိုးထက်မြင့်အနားရောက်လာသည်။

Wine: 'ကိုမိုးထက်မြင့်! Happy Birthdayပါ😚'

ဝိုင့်ဆီမှ Birthday Kiss လေးရလိုက်သောအခါ မိုးထက်မြင့်တစ်ယောက် ပို၍ စိတ်လှုပ်ရှားလာသည်။ နေမင်းနှင့် သူရိန်တို့ကလည်း မိုးထက်မြင့်နည်းတူ စိတ်လှုပ်ရှားနေကြသည်။ ဧည့်သည်များအားလုံးကတော့ လက်ခုပ်ဩဘာများဖြင့် ဂုဏ်ပြုနေကြသည်။

Wine: 'မွေးနေ့လက်ဆောင်က ခဏနေရင်တွေ့ရလိမ့်မယ်'

ထိုနောက် မိုးထက်မြင့် ဝိုင့်လက်မှ လက်စွပ်ကိုတွေ့သွားတော့သည်။

PoisonWhere stories live. Discover now