Ep-104

367 27 2
                                    


Unicode Version

ရောက်ရောက်ချင်း ရုံးပေါ်ပြေးတက်သွားသဖြင့် ကားပါကင်ကိုနေရောင်တို့ကထိုးပေးရသည်။ ရုံးပေါ်ရောက်တော့ ဝိုင်ထိုင်နေကျစားပွဲဘက်ကိုကြည့်ကာ ဝိုင့်ကိုလိုက်ရှာမိသည်။

ကိုမင်းနောင်: 'သူဌေး၊ ဝိုင့်ကိုရှာနေတာလား?'

မိုးထက်မြင့်စကားမပြောနိုင်လောက်အောင်မောနေသဖြင့် ခေါင်းပဲငြိမ့်ပြလိုက်သည်။

ကိုမင်းနောင်: 'ဝိုင်တို့ နေ့လည်စာသွားစားတယ်လေ။ သူဌေးဒီနေ့နောက်ကျတယ်နော်'

ကိုမင်းနောင်ပြောမှ နာရီကိုလှမ်းကြည့်လိုက်မိသည်။ နေ့လည် ၁၁နာရီခွဲနေပြီပဲ။ ဒီအချိန်က ဝန်ထမ်းတွေထမင်းစားချိန်ဆိုတော့ မိုးထက်မြင့်လိုက်သွားလည်း အနှောင့်အယှက်သာဖြစ်မည်စိုးသည်။

MHM: 'ဝိုင်ပြန်လာရင် ရုံးခန်းလွှတ်လိုက်ပါ'
ကိုမင်းနောင်: 'ဟုတ်ကဲ့သူဌေး'

ခဏကြာတော့ နေရောင်တို့အထုတ်ကြီးအထုတ်ငယ်ဖြင့် ရုံးခန်းထဲဝင်လာသည်။ မိုးထက်မြင့်ကတော့ ဝိုင်ဝင်လာမလားဟု မျှော်လင့်တကြီးစောင့်စားနေတာမို့ နေရောင်တို့ကိုမြင်တော့ မျှော်လင့်ချက်မဲ့သွားသည်။

နေရောင်: 'အဲ့ပုံစံလုပ်ပြမနေပါနဲ့။ ဒီမှာ မင်းစားဖို့သောက်ဖို့ ဝယ်လာတာပါ'
MHM: 'စားချင်စိတ်မရှိပါဘူး'
နေရောင်: 'မင်းကသာ စားချင်စိတ်မရှိတာ။ ကိုမင်းနောင်ကြီးကိုမေးပြီးပြီ မင်းမိန်းမက အေးဆေးပဲတဲ့။ အခုလည်းနေ့လည်စာသွားစားတယ်ဆို?'
MHM: 'ထားပါကွာ...ငါစားချင်စိတ်မရှိသေးလို့ပါ။ ခဏနေဝိုင်လာမှာကွ! မင်းတို့သွားတော့'
Other: 'ဟာ! ရင်ဝကိုဆုံကန်တယ်ဆိုတာ ဒါမျိုးနေမှာ။ သူ့မိန်းမလာမယ်ဆိုတာနဲ့ ငါတို့ကိုကန်ထုတ်...အဲ! မောင်းထုတ်ပြီပေါ့လေ'
နေရောင်: 'ကဲပါ...စကားများမနေကြနဲ့။ ပြန်ဆိုလည်းပြန်ကြတာပေါ့။ ညကျမှ မမနွယ်နဲ့ လာတိုင်မယ်'
MHM: 'မမနွယ်အလုပ်တွေရှုပ်နေတာ အိမ်တောင်ပြန်မလာဘူး။ ဒီညလည်းမသေချာပါဘူး'
နေရောင်: 'ပြန်လာတဲ့နေ့လာတိုင်မှာပေါ့ကွာ...သွားပြီ ဟေ့ရောင်'
MHM: 'အေး! လိုက်မပို့တော့ဘူး'
Other: 'သွားပြီဟေ့...ကျေးဇူးကန်းတဲ့ကောင်ရေ'

PoisonOnde histórias criam vida. Descubra agora