Ep-50

526 26 0
                                    


Unicode Version

စက္ကန့်အတော်ကြာ မျက်နှာချင်းအပ်ပြီးမှ နှစ်ယောက်လုံး သတိပြန်ဝင်လာကြသည်။

Wine: 'ဟို! ဆောရီး'
MHM: 'မ၊ မလို၊ အဲ! ရပါတယ်'

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းတောင်မဆိုင်နိုင်တော့ပဲ မျက်နှာလွှဲ၍ ပြောစရာစကားရှာနေကြတော့သည်။

Wine: 'ဟိုလေ၊ ဝှီးချဲလေးကို ဒီဘက်နည်းနည်းရွှေ့ပေးလို့ရမလား?'
MHM: 'ဪ! အင်း'

ဝိုင့်စကားအတိုင်း ဝှီးချဲကိုရွှေ့ပေးလိုက်သည်။ ဝိုင်လည်း ဝှီးချဲအနားရောက်လာသည်နှင့် တန်းထိုင်ချကာ ကိုယ့်အားကိုယ်ကိုး၍ နွယ့်အခန်းထဲ တွန်းဝင်လာခဲ့သည်။

(ဝိုင်ရေ နင်စိတ်ထိန်းစမ်း။ ရင်ခုန်လို့မဖြစ်ဘူး။ သူဂရုစိုက်သမျှက မမကြောင့်၊ ငါ့အပေါ်ခံစားချက်ရှိလို့်မဟုတ်ဘူး။ နင်စိတ်ယိုင်လို့မဖြစ်ဘူး)

ကိုယ့်အပေါ်မချစ်တဲ့သူကို ချစ်မိသွားမှာကြောက်တဲ့စိတ်၊ နှလုံးသားက စကားနားမထောင်တော့မှာကြောက်တဲ့စိတ်က ဝိုင့်ရင်ထဲ ဗလောင်ဆူနေသည်။ မျက်လုံးအိမ်ထဲပြည့်နေသော မျက်ရည်များ ကျမလာအောင်လည်း ထိန်းရသည်။

တစ်ဖက်တွင်လည်း မိုးထက်မြင့်တစ်ယောက် အပေါ်ထပ်က အခန်းထဲပြေးဝင်ကာ

(ဘာလဲ? ဘာလို့ ရင်တွေအရမ်းခုန်နေရတာလဲ? မဖြစ်ဘူး နှလုံးအထူးကုနဲ့ပြမှဖြစ်တော့မယ်။ နှလုံးသားတွေပေါက်ထွက်သွားပြီတောင်ထင်ရအောင် ခုန်နေလိုက်တာ)

ရင်ဘတ်ကိုကိုင်ပြီး စဉ်းစားလိုက်တိုင်း ဝိုင့်နှုတ်ခမ်းကိုပဲမြင်ယောင်လာကာ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိပဲပြုံးမိသည်။
တစ်ဖက်တွင်လည်း(ဟင်! ဘာပြုံးနေတာလဲ?)ဆိုပြီး ကိုယ့်ကိုယ်ကို သတိပေးနေသည်။
------------------------------------
🎵🎶......Ringtone
Wine: 'အေး နေမင်းပြောလေ'
Naymin: 'သက်သာလား? ဆေးသောက်ဖို့အချိန်ရောက်ပြီလေ'
Wine: 'အင်း၊ အခုပဲသောက်တော့မလို့ပါ'
Naymin: 'သောက် သောက်၊ ငါကြည့်နေမယ်'

ဝိုင်ဆေးသောက်တာကို မျက်စိဒေါက်ထောက်ကြည့်နေရင်းက ဝိုင်မျက်နှာမကောင်းတာပါ သတိထားမိသည်။

PoisonWhere stories live. Discover now