Ep-24

598 31 0
                                    


Unicode Version

သူရိန်: 'ဝိုင်နဲ့ကျွန်တော်ချစ်သူဖြစ်ပြီးတည်းက ပြဿနာက တစ်မျိုးပြီးတစ်မျိုး စတော့တာပါပဲ'
MHM: 'အေးလေ! တကယ်မလိုချင်ပဲ ရခဲ့တဲ့ ကောင်မလေးကို မင်းဘယ်တန်ဖိုးထားချင်ပါ့မလဲ။ ပြဿနာဖြစ်တာမဆန်းပါဘူး'
သူရိန်: 'ဟုတ်ပါတယ်။ ကျွန်တော်အစပိုင်းမှာ သူ့ကိုတကယ်မချစ်ခဲ့ဘူး။ ဒါပေမယ့် တဖြည်းဖြည်း သူ့ဂရုစိုက်မှုတွေကြောင့် ကျွန်တော်ချစ်မိသွားတယ်'
MHM: 'ဂရုစိုက်တယ်? သူကဂရုစိုက်တတ်တယ်တဲ့လား?'
သူရိန်: 'ဂရုစိုက်ချက်က ကန်းကုန်ပါတယ်။ ကျွန်တော့်အတွက် မနက်စာအဆင်သင့်။ မောရင် ရေအဆင်သင့်။ တစ်နေကုန် အရိပ်တကြည့်ကြည့်နဲ့ ဘာလိုမလဲပဲချောင်းနေတာ။ လိုတာနဲ့ အကုန်ဖြည့်ဆည်းတော့တာပဲ'
MHM: 'ဒါနဲ့တောင် ဘာလို့ ပြတ်သေးလဲ?'
သူရိန်: 'အမြဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခံရတော့ ကျွန်တော်လည်း မွန်းကြပ်တာပေါ့။ လူငယ်ပဲလေ လွတ်လပ်ချင်တာပေါ့။ ဝိုင်က ဟိုမသွားရ ဒီမသွားရနဲ့ ချုပ်ချယ်တယ်'
MHM: 'ချုပ်ချယ်တယ်ဆိုတာ ချစ်လို့မဟုတ်ဘူးလား?'
သူရိန်: 'ကျွန်တော်လည်း အစ ကတော့အဲ့လိုပဲ လက်ခံခဲ့ပါတယ်။ သူ ရွှေစင်တို့ကို အဲ့လိုစကားမပြောခင်အထိပေါ့'
{ShweSin's squad: 'ဟဲ့! နင်က ပေါင်းတော့လည်း တစ်ကျောင်းလုံးက အချမ်းသာဆုံး။ တွဲတော့လည်း The Whole King။ တော်တော်အကောင်းကြိုက်ပုံပဲနော်'
Wine: 'နင်တို့နဲ့ ဘာဆိုင်လဲ?'
ShweSin's squad: 'မှန်မှန်ပြော! နင်သူရိန့်ကို The Whole King မို့လို့ ကြိုက်တာမဟုတ်လား? နေမင်းကိုရော ချမ်းသာလို့ ခင်တာမဟုတ်လား?'
Wine: 'အဲ့တော့ဘာဖြစ်လဲ? The Whole King ကနင်တို့ကိုမကြိုက်ပဲ ငါ့လာကြိုက်လို့ မနာလိုတာလား? ပြီးတော့ နေမင်းကလည်း ငါ့ကိုပဲခင်လို့မနာလိုတာမှတ်လား?'
ShweSin's squad: 'ငါတို့ကမနာလိုစရာဘာမှမရှိပါဘူး။ ဒါမယ့် သူရိန်ကတော့ နင်သူ့ကို King မို့လို့ကြိုက်တာသိရင် ဘယ်လ်ိုနေမလဲ?'
Wine: 'ဒါ နင်တို့စိတ်ပူစရာမလိုပါဘူး၊ ငါ့ကိစ္စပါ'}
MHM: 'ဒါပဲလား?'
သူရိန်: 'အင်း၊ သူအဲ့လိုပြန်ပြောတည်းက ကျွန်တော်သူ့အပေါ် စိတ်ထင့်သွားတာ'
MHM: 'တကယ်ကြီး? သူက ဝန်ခံတယ်လည်းပြောမသွားပဲနဲ့လေ? '
သူရိန်: 'ဒါဝန်ခံလိုက်တာပဲမဟုတ်ဘူးလား?'
MHM: 'မင်းကပဲ အ တာလား။ ငါကပဲ အရမ်းတွေးတတ်နေတာလားမသိတော့ပါဘူး။ ပြီးတော့ရော? ဘာဆက်ဖြစ်လဲ? ဆက်ပြော'
သူရိန်: 'အဲ့လိုနဲ့ ကျွန်တော်တို့ 1st Anni ကိုရောက်လာတယ်။ သူကကျွန်တော့်ကို သဲနာရီလေးတစ်ခုလက်ဆောင်ပေးတယ်။ ကျွန်တော်ကတော့ လမ်းခွဲခြင်းပဲ လက်ဆောင်ပေးခဲ့တယ်။ နောက်ပိုင်း တစ်ခါ နှစ်ခါလောက် သူ့ဆီကအဆက်အသွယ်ရသေးတယ်။ အဲ့နောက်တော့ ကျွန်တော်လည်း နိုင်ငံခြားထွက်လာလိုက်တာပဲ'
MHM: 'ဘာပြောတယ်? မင်းတော်တော်အသည်းနှလုံးမရှိတဲ့ကောင်ပဲ။ ဘယ်လောက်ပဲ လမ်းခွဲချင်ဦးတော့၊ ဒီလိုနေ့ထူးနေ့မြတ်မှာတော့ လမ်းမခွဲလိုက်သင့်ဘူး'
သူရိန်: 'ကျွန်တော်လည်း တကယ်သည်းမခံနိုင်တော့လို့ပါ။ ကျွန်တော် ချစ်ခဲ့ပါတယ်။ ဒါမယ့် ကျွန်တော့်ကို ကျွန်တော်မို့လို့ ချစ်တဲ့သူကိုပဲလိုချင်တယ်'
MHM: 'သူမင်းကို သဲနာရီလက်ဆောင်ပေးခဲ့တယ်လို့ပြောတယ်နော်။ မင်း အဲ့အဓိပ္ပါယ်ကိုရော သိရဲ့လား?'
သူရိန်: 'ဘာလို့လဲ? ဒီအတိုင်း Anni လက်ဆောင်ပဲလေ'
MHM: 'မင်းကတော့ တကယ် အ တာဖြစ်သွားပြီ။ မင်းတကယ်မသိတာလား? သဲနာရီရဲ့အဓိပ္ပါယ်က မင်းသူ့ကိုကြည့်နေသ၍ သူမင်းအတွက်ရှိနေမယ် ဆိုတာလေ!'
သူရိန်: 'ဗျာ...!ဘာဆိုင်လို့လဲ?'
MHM: 'မင်းသဲနရီက ဓာတ်ခဲလဲရလား?'
သူရိန်: 'မလဲရဘူးလေ လှည့်ပေးရုံပဲကို'
MHM: 'မင်းလှည့်ပေးမှ သူအလုပ်လုပ်မယ်။ ဒါပေမယ့် ဘယ်တော့မှလည်း အားကုန်မသွားဘူး။ ငါပြောတာနားလည်ပြီလား?'
သူရိန်: 'ဒါ၊ ဒါပေမယ့်ဗျာ။ ဒါပေမယ့် သူကျွန်တော့်ကိုချစ်တာမှမဟုတ်ပဲ'
MHM: 'သူမင်းကိုပြောလား? သူမင်းကိုမချစ်ခဲ့ပါဘူးလို့'
သူရိန်: 'ကျွန်တော် မှားသွားပြီလား?'
MHM: 'တချို့အမှားတွေက ပြန်ပြင်လို့ရတယ်။ မင်းကတော့ ပြန်ပြင်ဖို့မလိုတော့ဘူး'
သူရိန်: 'ဘာလို့လဲ?'
MHM: 'ဝိုင့်မှာ ငါရှိနေပြီ။ မင်းဘာမှ အတိတ်တွေ ပြန်ဖော်စရာမလိုဘူး'
သူရိန်: 'ဒါပေမယ့် သူငွေမက်တာတော့ တကယ်ပဲလေ'
MHM: 'မင်းဘာလို့ အဲ့လိုပြောနိုင်ရတာလဲ?'
သူရိန်: 'ကျွန်တော်တို့တွဲနေတုန်းကဆို သူနေမင်းဆီက အမြဲ ပိုက်ဆံချည်းတာတွေ့တယ်။ ပြီးရင် ပြန်လည်းမပေးဘူး။ ပြီးတော့ပြောသေးတယ်။
{Naymin: 'ဟဲ့! နင်ငါ့ကို တခြားလူတွေပြောသလို ပိုက်ဆံကြောင့်များ ခင်နေတာလားဟင်?'
Wine: 'ဒါပေါ့။ ပိုက်ဆံရှိနေသ၍ နင်ကငါ့သူငယ်ချင်းပဲ'} တဲ့။
MHM: 'ဒါပေမယ့် နေမင်းက မင်းလို ရှောင်ထွက်မသွားဘူးလေ။ အခုထိ ဝိုင့်နားမှာရှိနေတုန်း'
သူရိန်: 'ဒါကတော့ သူက ဝိုင့်ကိုကြိုက်နေတာကိုး'
MHM: 'မင်းပြောတော့ မင်းလည်း ဝိုင့်ကိုချစ်တယ်ဆို?'
သူရိန်: 'ဘာပဲဖြစ်ဖြစ် အစ်ကိုကြည့်နေပါ။ အစ်ကို့မှာ ပိုက်ဆံမရှိတော့တဲ့နေ့ကျရင် သူ အစ်ကို့ကို ထားခဲ့မှာ။ ဘာလို့လဲဆိုတော့ သူက ပိုက်ဆံရှိမှ ခင်မှာလေ'
-------------------------
Naymin: 'ဟဲ့...ဘာလုပ်နေတာလဲ တစ်ယောက်တည်း?'
Wine: 'အရင်ကအကြောင်းတွေ ပြန်စဉ်းစားနေတာ'
Naymin: 'ဘာလဲ? မင်္ဂလာဆောင်ခါနီးမှ Ex ကိုသတိရနေတာလား?'
Wine: 'အဲ့လိုမဟုတ်ပါဘူးဟာ။ ငါစဉ်းစားနေတာ...အဲ့ကိုသူရိန်က ဘာလို့ ငါ့ကို ငွေမက်တယ်လို့ တစ်ထစ်ချယုံကြည်နေရတာလဲလို့'
Naymin: 'ဒါတော့ ငါလည်းမသိဘူး။ ပြီးတော့ သူနဲ့တွဲတုန်းက နင်တို့အိမ်လည်း အဆင်ပြေနေတာပဲလေ။ ဘာလဲ! နင်သူ့ဆီက ပိုက်ဆံချည်းမိလို့လား?'
Wine: 'အာ! ဘယ်ကသာ။ ငါကဘာလို့ သူ့ဆီကချည်းရမှာလဲ? ငါ့မှာ နင်ရှိနေတာကို'
Naymin: 'အေးလေ။ မှတ်မိတာပေါ့ နင်စောင့်ရှောက်နေတဲ့ အဖိုးနဲ့အဖွားအတွက် ငါ့ဆီကနေ ပိုက်ဆံတွေ ယူယူပြီး ဆေးတွေ သွားဝယ်ပေးတာလေ။ ပြီးတော့ ပြန်လည်းမပေးဘူး'
Wine: 'ဘာလို့ပြန်ပေးရမှာလဲ? နင်ကချမ်းသာပြီးသားပဲဟာကို😁 ပြီးတော့ နင်လည်း ကုသိုလ်ရတာပေါ့'
Naymin: 'အေးပေါ့ ဒါကြောင့်လည်း တစ်ခါမှ ပြန်မတောင်းတာလေ'
Wine: 'အေးလေ! ပြန်တောင်းလည်း ပိုက်ဆံတော့မပေးဘူး လက်သီးပဲပေးမှာ'
Naymin: 'အေးပါ။ သိပါတယ်။ ငါ့ပဲနင်အနိုင်ကျင့်လို့ရတာကိုး'
Wine: 'ဟီးဟီး...နင်က ငါအနိုင်ကျင့်ဖို့ မွေးလာတာကိုး။ မကျေနပ်ရင် မမွေးနဲ့လေ'
Naymin: 'အခုမှတော့ ပြန်ဝင်လို့လည်းမရတော့ဘူး။ နိုင်ချင်သပ ဆိုလည်း နိုင်စေဗျာ။ တစ်သက်လုံး အနိုင်ပေးမယ် ဟုတ်ပြီလား'
Wine: 'ဒါပဲလေ။ ငါ့သူငယ်ချင်းဆိုတာ ဒီလိုပဲဖြစ်ရမှာပေါ့'
Naymin: (အခုကစပြီး နင့်နားမှာပဲ နင်လိုသမျှ ငါဖြည့်ဆည်းရင်းနေသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ။ နင့်မျက်နှာမှာ အပြုံးတွေတွေ့ရဖို့ ငါကြိုးစားရဦးမယ်။ တစ်ချိန်ချိန် မိုးထက်မြင့်က နင့်ကိုပြုံးရယ်စေနိုင်မယ့်လူဖြစ်လာတဲ့အခါမှပဲ ငါနင့်ကို ထားခဲ့တော့မယ်)

PoisonWhere stories live. Discover now