Ep-86

390 22 0
                                    

Unicode Version

ဝိုင်အိမ်ပြန်ရောက်တော့ မိုးထက်မြင့်တို့သိသွားမည်စိုး၍ ခြေဖွဖွလေးဖြင့်ဝင်လာသည်။ ကံဆိုးချင်တော့ မိုးထက်မြင့်က အခန်းဝ၌ ရပ်စောင့်နေသည်။

MHM: 'ဘယ်သွားတာလဲ?'

ရုတ်တရက်ဆိုတော့ ဝိုင်လည်း ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်ထိုင်လျှက်လဲကျသွားသည်။

MHM: 'ဘာမဟုတ်တာလုပ်ထားလို့ ဒီလောက်တောင်လန့်နေတာလဲ?'
Wine: 'ဘာလုပ်ရမှာလဲ? ဘာမှမလုပ်ပါဘူး'
MHM: 'ဒါဆိုဖြေလေ...ဘယ်သွားတာလဲ?'
Wine: 'ဟို...ဆေးရုံက အဖွားဆီကိုသွားတာ'
MHM: 'ဘယ်သူနဲ့လဲ?'
Wine: 'ဘယ်သူရှိရမှာလဲ? နေမင်းပေါ့'
MHM: 'အဲ့ဒါများ ဘာလို့ကြောက်လန့်တကြားဖြစ်နေတာလဲ?'
Wine: 'ရှင်က ဒီအပေါက်ဝမှာလာရပ်နေတာကိုး...ရုတ်တရက်ဆိုတော့ လန့်တာပေါ့'
MHM: 'မင်းကခိုးကြောင်ခိုးဝှက်လုပ်နေတော့ ဘာလဲဆိုတာသိချင်လို့ ရပ်စောင့်နေတာ'
Wine: 'ခြေသံကျယ်ရင် ရှင်နိုးသွားမှာစိုးလို့ပါ'
MHM: 'ငါနိုးနေတာဖြင့်ကြာနေပြီ'
Wine: 'ကျွန်မသွားတုန်းက ရှင်မှမနိုးသေးတာ...နေပါဦး! ဘာကိစ္စတရားခံစစ်သလို လာစစ်နေတာလဲ?'
MHM: 'တရားခံစစ်က ဒီလိုမှမဟုတ်တာ ...ရိုက်နှက်ပြီးမေးတာလေ။ စစ်ပြရမလား?'
Wine: 'ဟမ်! ဟင့်အင်း ရတယ်😬'
MHM: 'ညနေဘာစားချင်လဲ?'
Wine: 'အရွက်ကြော်ပဲစားချင်တယ်။ အသားဟင်းမစားချင်ဘူး'
MHM: 'ပြီးရော...ဒါဆို အသားဟင်းမချက်တော့ဘူး'

မိုးထက်မြင့်အခန်းပြင်ထွက်မှ ဝိုင်လည်း စိတ်ချလက်ချအသက်ပြင်းပြင်းရှူရသည်။
(ဟူး....တော်ပါသေးရဲ့။ ဒီဦးနှောက်က ကလိမ်ကကျစ်ဉာဏ်တွေထွက်လာလို့😪)
ခဏကြာတော့ မိုးထက်မြင့်ပြန်ဝင်လာသည်။
MHM: 'ဒါနဲ့!'
Wine: (ဟာ! ဘာမေးဦးမလို့လဲမသိဘူး။ ရိပ်များရိပ်မိနေပြီလား?😦👉👈)
MHM: 'ဘာအရွက်စားချင်လဲ?'
Wine: (တော်ပါသေးရဲ့)
'ဘာအရွက်ဖြစ်ဖြစ် စားပါတယ်'
MHM: 'ပြီးရော...'
-----------------------------------
MHM: 'ကဲ...အမိ! စားရတာအဆင်ပြေရဲ့လား?'
Wine: 'ပြေပါတယ်။ ဘာလို့မေးတာ'
MHM: 'အခုတလော စဉ်းစားနေမိတာ။ ကုမ္ပဏီကိုပစ်ပြီး စားဖိုမှူးပဲလုပ်ရင်ကောင်းမလားလို့။ အဲ့ဘက်ကိုပိုထူးချွန်နေသလိုပဲ'
Wine: 'ရှင်ကဝါသနာပါလို့လား?'
MHM: 'ဝါသနာကတော့ သီချင်းဆိုတာပဲ။ ငါ့အဖေက ကုမ္ပဏီထဲအတင်းဆွဲသွင်းလို့ လိုင်းပြောင်းသွားတာ'
Wine: 'ဟင်! ကျွန်မလည်းအတူတူပဲ။ ဖေဖေမလုပ်ခိုင်းလို့မလုပ်ရတာ'
MHM: 'မဆိုဖြစ်တာကြာတော့လည်း ဆိုချင်စိတ်မရှိတော့ပါဘူး'
Wine: 'အင်းလေ အလှမ်းဝေးနေပြီဆိုတော့...။ ဪ..ဒါနဲ့! ရှင့်မွေးနေ့တောင်နီးလာပြီနော်'
MHM: 'မင်းကမှတ်မိတယ်လား?'
Wine: 'မှတ်မိတာပေါ့။ ကျွန်မကအဲ့လို အထူးနေ့တို့ အထိမ်းအမှတ်နေ့တို့ဆို အလေးထားတတ်တဲ့လူပါနော်'
MHM: 'ဟုတ်ပါပြီ'
Wine: 'မွေးနေ့မှာလိုချင်တာရှိလား?'
MHM: 'ဟင့်အင်း! မွေးနေ့ပွဲတောင်သိပ်မလုပ်ဖြစ်ပါဘူး။ သူများတွေတော့မသိဘူး၊ ငါ့ရဲ့မွေးနေ့တိုင်းကတော့ ပျော်စရာမကောင်းဘူး'
Wine: 'ဘာလို့လဲ?'
MHM: 'သူငယ်ချင်းတွေက သူတို့မွေးနေ့တိုင်းမှာ သူတို့အမေတွေကိုကျေးဇူးတင်ကြတယ်။ ဗိုက်ထဲမှာ ၉လလွယ်ပြီး သူတို့အတွက် ဒုက္ခခံပေးခဲ့လို့တဲ့။ ငါ့မှာမှ အဲ့လိုကျေးဇူးတင်စရာအမေမရှိတာ'
Wine: 'ရှင့်အမေကိုလွမ်းလား?'
MHM: 'မလွမ်းပါဘူး။ သူက ငါတို့သားအဖကိုထားပြီး ထွက်သွားတာပဲ...ငါကဘာလို့လွမ်းရမှာလဲ?'
Wine: 'ကျွန်မကတော့လွမ်းတယ်။ ရှင်လည်းလွမ်းနေလိမ့်မယ်လို့ထင်တာပဲ။ သူ့ဘာသာဘာပဲလုပ်သွားလုပ်သွား အမေကအမေပါပဲ။ ဟုတ်တယ်မှတ်လား?'

PoisonWhere stories live. Discover now