Ep-96

409 23 0
                                    

Unicode Version

ပွဲအတွင်းတိတ်ဆိတ်နေသောအချိန်၌ နေမင်းက စင်ပေါ်တက်လာသည်။ ရုတ်တရက်ဆိုတော့ မိုးထက်မြင့်တို့လည်းကြောင်ကြည့်နေကြသည်။

Naymin: 'ဒီညရဲ့အထူးအစီအစဉ် စပါတော့မယ်ဗျာ...လက်ခုပ်သံများနဲ့ ကြိုဆိုပေးကြပါ'

နေမင်းစကားကြောင့် အားလုံး ဘုမသိဘမသိဖြင့် လက်ခုပ်ထတီးကြသည်။

ShweSin: 'မမကဘာလာမလဲဆိုတာသိလို့လား?'
Sammy: 'မသိပါဘူး'
ShweSin: 'ဒါဆိုဘာလို့လက်ခုပ်တီးတာလဲ?'
Sammy: 'သူတီးခိုင်းလို့လေ'
ShweSin: '🤦‍♀️'

ဧည့်သည်များ​၏လက်ခုပ်သံများအဆုံးတွင် ဝိုင် စင်ပေါ်တက်လာသည်။ မိုးထက်မြင့်ကတော့ ဝိုင်ဘာကြောင့်တက်လာမှန်းမသိ၍ စောင့်ကြည့်နေသည်။

Wine: 'ဒီည...ကျွန်မရဲ့အမျိုးသားအတွက် မွေးနေ့လက်ဆောင် သီချင်းဆိုပြချင်ပါတယ်။ အားလုံးကိုတောင်းပန်ပါတယ်...ကျွန်မအသံနဲ့နှိပ်စက်ရတော့မယ့်အတွက်'

ဝိုင့်ဟာသကြောင့် ဧည့်သည်အားလုံး တခွီခွီဖြစ်နေကြသည်။ထိုနောက် တီးလုံးသံ စတင်ထွက်လာသည်။

Wine: 'သူသာလေညှင်းလေးဆို...ကိုယ်ဟာလေညှင်းအထိအတွေ့ကိုခံစားခွင့်ရှိမယ့်...ပန်းလေးဖြစ်ချင်ခဲ့....🎶'

ချိုမြပြီး ရင်အေးစေသော ဝိုင့်အသံကြောင့် နားထောင်သူအပေါင်းတို့သဘောကျနှစ်သက်နေကြသည်။ မိုးထက်မြင့်ကတော့ ကျောက်ရုပ်ကြီးအလားရပ်ကာ သူ့မိန်းမကိုအချစ်ပိုနေရသည်။
------------------------------------

Sammy: 'အသံလေးကကောင်းလိုက်တာ...အဆိုတော်လုပ်စားလို့တောင်ရတယ်👏👏👏'
ShweSin: '😏'
------------------------------------

Wine: 'ဒါနောက်ဆုံး...အချစ်တစ်ခုနဲ့ ဒီဘဝခရီးစချင်တယ်...တို့ရဲ့ရင်မှာဝင်လာဖြစ်တည်နေတဲ့ အချစ်တို့ရှိတယ်...ထာဝစဉ်သိမ်းဆည်းထားမယ်၊ မင်းလေးယူနိုင်တယ်...ဒါမင်းအတွက်သီးသန့်ပဲ...🎶'

သီချင်းဆုံးသွားတော့ လက်ခုပ်သံများကျယ်လောင်စွာကြားရသဖြင့် ဝိုင်ရင်တွေခုန်နေသည်။ ထိုနောက်ခပ်တည်တည်ဖြင့် မိုးထက်မြင့် စင်ပေါ်တက်လာသည်။

MHM: 'ကျွန်တော့်အမျိုးသမီးလေးရဲ့ မွေးနေ့လက်ဆောင်ကို ကျွန်တော်တကယ်သဘောကျပါတယ်။ ပြီးတော့ တစ်ခုလောက်လည်းတောင်းဆိုချင်ပါတယ်။ ကျွန်တော်နဲ့ သီချင်းတစ်ပုဒ်လောက်အတူဆိုပေးဖို့'
Wine: 'ဟင်! ကိုမိုးထက်မြင့်! ကျွန်မ သီချင်းတစ်ပုဒ်ပဲကျက်လာတာ'
MHM: 'ဒီသီချင်းကိုမင်းရမှာပါ...🙄'

PoisonWhere stories live. Discover now