Ep-47

483 27 0
                                    


Unicode Version

ဆေးလိမ်းပြီးသည်နှင့် ဝိုင့်ကိုပွေ့ချီကာ အိပ်ရာပေါ်တင်ပေးသည်။ ထိုနောက် မိမိအိပ်ရာနေရာဖြစ်သော ဆိုဖာပေါ်သို့ ပြန်လာရသည်။ မိမိမှာတော့ မအိပ်နိုင်ပဲ အတွေးပေါင်းစုံနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ မယ်မင်းကြီးမကတော့ ဆေးလိမ်းပြီးတည်းက ဧည့်ခန်းမှာတင်အိပ်ပျော်သွားလိုက်တာ အပေါ်ထပ်က အိပ်ခန်းထဲ ခေါ်လာပြီး ကုတင်ပေါ်တင်ပေးတာတောင် နိုးမလာဘူး။
(ဟူး...တော်ပါသေးရဲ့။ သူသာတစ်ခုခုဖြစ်သွားခဲ့ရင် ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး)
တွေးနေရင်း ခဏအကြာမှာပဲ ဝိုင့်ဆီက ငြီးသံလိုလိုထွက်လာသည်။ သွားကြည့်လိုက်တော့ သေချာတာပေါ့ အနာအရှိန်နဲ့ ဖျားနေလေပြီ။
(ဖျားနေတာပဲ...မဖြစ်ဘူး ရေပတ်တိုက်မှဖြစ်မယ်။ မနက်ဖြန်တော့ ဒေါက်တာ့ကို အိမ်ခေါ်မှဖြစ်တော့မယ်)
ရေပတ်တိုက်ပေးနေရင်းက ဝိုင့်မျက်နှာကိုကြည့်ကာ
(မင်း! ငါ့ကို ဒွိဟဖြစ်အောင်လုပ်နိုင်လွန်းတယ်။ တစ်ခါမှမတွေးဖူးဘူး မင်းကိုချစ်လာလိမ့်မယ်လို့။ အမြဲတမ်း ရန်ဖြစ်နေရာက ဘယ်အချိန်မှာ ဘယ်လိုချစ်မိသွားမှန်းမသိပါဘူးကွာ။ ဒါနဲ့၊ တွေးကြည့်မှပဲ မင်းကိုမျက်ရည်ကျအောင် ခဏခဏလုပ်မိနေတယ်နော်...)

Nwe: 'မောင်လေးရေ!'
MHM: 'ရှူး.... ဝိုင်အိပ်ပျော်နေတယ်။ ဖျားနေတော့ မနိုးစေချင်လို့'

ဝိုင်ဖျားနေတယ်ဆိုမှ နွယ်လည်း အသံဖျော့ပြီး ပြောရသည်။

Nwe: 'အေး။ မမသွားတော့မယ်လို့။ လိုက်မပို့နဲ့တော့လို့၊ အဲဒါလာပြောတာ'
MHM: 'ဟုတ်မမ ဂရုစိုက်သွားနော်။ ဟိုရောက်ရင် ဖုန်းဆက်ဦး၊ ဝိုင်စိတ်ပူနေဦးမယ်'
Nwe: 'အမ်မလေး၊ ဟုတ်ပါပြီရှင်။ ရှင့်ဇနီးလေး စိတ်မပူရအောင်နေပါ့မယ်။ စိတ်ချ'
MHM: 'ဟုတ်ပါပြီ၊ သွားတော့လေ၊ လေယာဉ်ချိန်နောက်ကျနေမယ်'
Nwe: 'အေးအေး၊ သွားပြီ'

မမထွက်သွားတော့ အခန်းထဲပြန်ပြီး ဝိုင့်ကိုယ်ပူစမ်းရသေးသည်။ ပြီးမှ မိမိအိပ်ရာကိုပြန်အိပ်ရသည်။

မနက်မိုးလင်းလို့ နေရဲ့အလင်းရောင်က မျက်နှာအပေါ်ဖြာကျနေသည့်အတွက် မိုးထက်မြင့်နိုးလာသည်။ နိုးနိုးချင်း ဝိုင့်ကိုလှမ်းကြည့်တော့ အိပ်ရာကမနိုးသေး။ ထို့ကြောင့် ဝိုင်မနိုးခင် ရေမိုးချိုး၍ မနက်စာပြင်ဆင်သည်။

PoisonHikayelerin yaşadığı yer. Şimdi keşfedin