Ep-57

454 27 0
                                    


Unicode Version

ရေမိုးချိုးပြီး သဘက်ပတ်ကာ ရေချိုးခန်းမှထွက်လာသောအခါ

Wine: 'ဟင်!ရှင်က ဘာလို့ရှိနေသေးတာလဲ?'

မိုးထက်မြင့်လည်း ဝိုင့်ရဲ့ ဆံပင်ရေစိုနေပုံကိုကြည့်၍ ရင်တဒိန်းဒိန်းခုန်နေသည်။

Wine: 'ကိုမိုးထက်မြင့်! ကျွန်မမေးတာလည်းမဖြေဘူး'
MHM: 'ဟင်! ဘာမေးလိုက်တာလဲ?'
Wine: 'ထမင်းစားခန်းထဲစောင့်နေမယ်ဆိုပြီး ဘာလို့ဒီမှာရှိနေသေးတာလဲလို့'
MHM: 'ဪ! ဒါက ဟို.....'

ဘာဆင်ခြေပေးရမလဲစဉ်းစားနေရင်းမှ လက်မှာကိုင်ထားတဲ့ ဝိုင့်အဝတ်အစားတွေကိုတွေ့ကာ ချက်ချင်းဆိုသလို အကြံရသွားတော့သည်။

MHM: 'ဒီမှာလေ မင်းအဝတ်အစားတွေ ယူလာပေးတာ'
Wine: 'ဪ! ကျေးဇူး။ ဒါနဲ့ Dryer ခဏငှားပါလား'
MHM: 'အင်း မှန်တင်ခုံအောက်က ဗီရိုထဲမှာရှိတယ် ယူလိုက်လေ။ ငါသွားလိုက်ဦးမယ်' ဟုပြောရင်း ပြေးထွက်သွားတော့သည်။

ဝိုင်ကတော့ မိုးထက်မြင့် ဘာလို့ဒီလောက်အမြန်လိုနေလဲဆိုတာ နားမလည်နိုင်ပဲ ကြောင်ကြည့်နေသည်။
(ဘာဖြစ်သွားတာလဲ? )

တစ်ဖက်တွင်လည်း မိုးထက်မြင့်တစ်ယောင် အခန်းပြင်ရောက်မှ သက်ပြင်းချကာ မသေရုံတမယ် မောဟိုက်နေသည်။
(ဟူး....မြန်မြန်ထွက်လာနိုင်လို့သာပေါ့၊ မဟုတ်ရင် ငါဆေးရုံရောက်တော့မယ်။ ဒီရင်က ဘာလို့ဒီလောက်ခုန်နေရတာလဲ? သူကရော...ဘာလို့ဒီလောက် လှရတာလဲ?)
တွေးရင်းနဲ့ပြုံးမိသွားသဖြင့် ကိုယ့်ပါးနှစ်ဖက်ကို ကိုယ်ပုတ်ကာ သတိပြန်ကပ်ခိုင်းနေတော့သည်။ ထို့နောက် ထမင်းစားခန်းသို့ ဝိုင့်ကိုစောင့်ရန် ဝင်လာတော့သည်။

ဝိုင်ထမင်းစားခန်းထဲရောက်သည်နှင့် ဘာစကားမှမပြောပဲ စားစရာများကို အတူတူစားကြသည်။ စားပြီးတော့ ဝိုင်က ဘေးမှာချထားတဲ့ခွက်ကို မော့ချလိုက်ပြီး

Wine: 'ဟင်! Coffee!'
MHM: 'ဘာလို့လဲ?'
Wine: 'ဘာ...ဘာမှမဖြစ်ပါဘူး။ ကျွန်မ သောက်လေ့သောက်ထမရှိလို့ပါ'
MHM: 'ဘာလို့ Coffee မသောက်တာလဲ? မိန်းကလေးတွေက Coffee ခွက်ကိုင်ပြီး feel တာတို့ ပဲပေးတာတို့ သဘောကျကြတယ်မဟုတ်ဘူးလား?'
Wine: 'ဟုတ်လား? ကျွန်မတော့ မကြိုက်ဘူး'
(မိန်းကလေးတွေတဲ့! သူက ဘယ်မိန်းကလေးတွေနဲ့ ပက်သတ်ဖူးလို့ ဒီလောက်သိနေရတာလဲ?)

PoisonWhere stories live. Discover now