Ep-88

382 21 0
                                    

Unicode Version

နေရောင်: 'ဟေ့ရောင်တွေရေ....ဟိုမှာ မိန်းမခေါ်လာပြန်ပြီဟေ့'

နေရောင်ညွှန်ပြရာသို့ သူငယ်ချင်းများအားလုံးလှည့်ကြည့်လိုက်တော့ မိုးထက်မြင့်နဲ့ဝိုင်တို့ လက်တွဲလျှက်ဘားအတွင်းသို့ဝင်လာသည်ကိုတွေ့သည်။

Others: 'ဒီကောင် မိန်းမချောချောလေးရထားတယ်ဆိုပြီး ကြွားလို့ကိုမပြီးတော့ဘူး'
Sammy: 'သူ့မိန်းမကလည်း နေရာတကာကိုလိုက်နေတော့တာပဲ'
-----------------------------------

Wine: 'ကိုမိုးထက်မြင့်! လက်ကြီးမဆွဲထားလို့ရမလား?'
MHM: 'ဘာလို့လဲ?'
Wine: 'ရှင့်ပုံစံက ကျွန်မကို ကလေးဆွဲသလိုဆွဲနေတာကိုး...'
MHM: 'မဆွဲထားရင် ပျောက်သွားမှာပေါ့။ လူတွေအများကြီးပဲတွေ့လား?'
Wine: 'ကျွန်မလည်း ဒီလောက်တော့သိပါတယ်။ ဒီလိုကြီးဆွဲထားစရာမလိုပါဘူး'
MHM: 'ကဲရောက်ပဲရောက်လာနေပြီကို...ဘာဖြစ်ချင်နေသေးတာလဲ?'

MHY: 'ဝိုင်တို့ပါလား...'
Wine: 'ဟင်! ကိုမြတ်ဘုန်းရောင်တို့ အလုပ်ကိစ္စပဲလား?'
MHY: 'ကျွန်တော်ကတော့အလုပ်ပေါ့။ ဒီနှစ်ယောက်ကတော့ ထုံးစံအတိုင်းအပျော်'
Others:
['ငါတို့လည်း မင်းအဖော်ရအောင်လိုက်ပေးတာပါ'
'ဟုတ်သားပဲ...ငါတို့မပါရင် ဒီမိန်းကလေးထုကြီးကို မင်းဘယ်လိုဖြေရှင်းမလဲ?'
'ဟုတ်ပါ့ ကျေးဇူးကန်းတဲ့ကောင်']
MHY: 'ဟုတ်ပါပြီ😄'
Wine: '😄...ဒါနဲ့ ရှင်တို့က ကြာဦးမှာလား?'
Other: 'အခုပဲပြန်....'
MHY: 'ဟုတ်..ကြာဦးမှာပါဗျ။ ဘာလို့မေးတာလဲ?'

Others: (ပြန်မလို့လုပ်နေတုန်း ဝိုင်တို့နဲ့တွေ့တာမို့ နှုတ်ဆက်ဖြစ်တာကို...ဘာလို့ကြာဦးမှာလို့ပြောတာပါလိမ့်🤔)

Wine: 'ဪ...ဘာရယ်မဟုတ်ပါဘူး။ ကျွန်မပျင်းလာရင် လာခဲ့မယ်လေ။ ရှင်တို့နားမှာဆို ရယ်ရတယ်😁'
Others: '😬😬'
MHY: 'ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော်တို့ ဟိုနားလေးကဝိုင်းမှာရှိနေပါမယ်'
Wine: 'ဟုတ်'

မြတ်ဘုန်းရောင်တို့ပြန်လှည့်ထွက်သွားသည်ကိုကြည့်ကာ ပြုံးနေစဉ် အနောက်မှ ဒေါသမျက်လုံးကို သတိပြုမိသွားသည်။

Wine: 'ဘာကြည့်တာ?'
MHM: 'ကျွန်မပျင်းရင် ခဏလာခဲ့မယ်လေ ဆိုပဲ...။ မင်းက သူတို့ဆီဘာသွားလုပ်မလို့လဲ?'
Wine: 'ရှင့်သူငယ်ချင်းတွေနားမှာဆိုတော့ကြာရင် ပျင်းတာပေါ့။ ပြီးတော့ ရှင့်သူငယ်ချင်းတွေက ကျွန်မကိုကြည်တာလည်းမဟုတ်...'
MHM: 'အဲ့ဒါနဲ့ပဲ အဲ့ကောင်တွေနားသွားမယ်ပေါ့'
Wine: 'အဲ့လိုမပြောပါနဲ့။ အဲ့ဒါကျွန်မသူငယ်ချင်းတွေ'
MHM: 'လူမှုဆက်ဆံရေးက တိုးတက်တာမြန်လှချည်လား? ၁၀နှစ်ကျော်လောက် သူငယ်ချင်းတစ်ယောက်ပဲရဖူးတဲ့လူက ရက်ပိုင်းလောက်နဲ့ သူငယ်ချင်း ၃ ယောက်ထပ်ရတယ်ဆိုတော့လေ'
Wine: 'ဘာလို့ဒီလောက် ဒေါသထွက်နေရတာလဲ? ရှင်သဝန်တိုနေတာတော့မဟုတ်ပါဘူးနော်?'
MHM: 'ဘာလို့သဝန်တိုရမှာလဲ? လုံးဝပဲ...မိုးထက်မြင့်က ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်။ လုံးဝသဝန်မတိုဘူး'
Wine: 'ဒါဆိုလည်း ကျွန်မသူငယ်ချင်းထားတဲ့ကိစ္စကိုဘာလို့လိုက် ဖျက်နေတာလဲ?'
MHM: 'ငါကဖျက်တယ်?😐....Okay! ဘာမှမပြောတော့ဘူး။ မင်းဟာမင်းလုပ်ချင်ရာလုပ်'
Wine: 'မဟုတ်ဘူးလေ ကိုမိုးထက်မြင့်...'

PoisonWhere stories live. Discover now