Ep-125

355 16 2
                                    

Unicode Version

အခန်းတစ်ခန်းတည်း၌အတူထိုင်ပြီး Romantic ဆန်ဆန် ဝိုင်အတူသောက်နေရသဖြင့် မိုးထက်မြင့်တစ်ယောက်ပျော်ရွှင်ကြည်နူးနေသည်။ ဝိုင်ကတော့ သိချင်စိတ်ကြောင့်လုပ်နေရသဖြင့် မိမိကိုယ်မိမိအပြစ်တင်မိနေသလို မိုးထက်မြင့်အပေါ်လည်း အားနာနေရသည်။

MHM: (ဘယ်ကနေ စကားစပြောရမှန်းမသိတော့ဘူး။ ဝိုင်လည်း အခန်းထဲရောက်လာတည်းက တိတ်ဆိတ်နေတယ်🤔! သူလည်းငါ့လိုရင်ခုန်နေလို့ထင်တယ်)
Wine: (ထွက်ပြေးလိုက်ချင်တယ်😣။ ဒီပုံစံနဲ့တော့ ငါ ကိုမိုးထက်မြင့်ကို အသုံးမချလိုက်သင့်ဘူး။ သူ့ပုံစံက ပျော်နေတဲ့ပုံပေါက်လေ...ငါအားနာရလေပဲ😣။ ဦးသတိုးရဲ့စကားကိုမယုံလိုက်သင့်ဘူး😣။ ထားပါတော့ ငါပါ အတူလိုက်သောက်လိုက်ပါ့မယ်)

အချိန်အတော်ကြာအောင် ဘာစကားမှမပြောပဲ သောက်နေကြသဖြင့် နှစ်ယောက်စလုံး မူးဝေလာကြပြီး စားပွဲ၌ပင် အိပ်ပျော်သွားကြသည်။ မနက်မိုးလင်းတော့ နှိုးစက်သံကြောင့် အတူနိုးလာကြပြီး ညက အများကြီးသောက်မိသော မိမိကိုယ်ကို အပြစ်တင်ကြသည်။
------------------------------------------

Nwe: 'ဟေး! မောင်လေး!'
Naymin: 'ဗျာ! ဪ! အစ်မပါလား! ဘာကိစ္စများရှိလို့လဲမသိ'
Nwe: 'အချိန်ရလား? မေးစရာလေးရှိလို့'
Naymin: 'ဟုတ်ကဲ့မေးပါ'
Nwe: 'တစ်နေရာရာသွားကြရအောင်!'
Naymin: 'ဟုတ်ကဲ့! ဒီအရှေ့နားက ကော်ဖီဆိုင်သွားကြမယ်လေ'
Nwe: 'အင်း!'

Naymin: 'ဘာမေးစရာရှိလို့လဲအစ်မ? မေးလေ'
Nwe: 'ဟို! ဝိုင်တို့အကြောင်းပါ။ အစ်မကအပြင်မှာနေတာကြာတော့ သူတို့လင်မယားအကြောင်းသိပ်မကြားမိဘူးလေ။ အဲ့ဒါကြောင့်ပါ...မေးစရာလည်း မောင်လေးပဲရှိတော့...'
Naymin: 'ဪ! ဟုတ်! ရပါတယ်။ သူတို့အခုတော်တော်လေးအဆင်ပြေနေပါတယ်။ မသိတဲ့သူဆို ညားကာစလင်မယားလို့တောင်ထင်မှာ'
Nwe: 'ဟာ! ဒီလောက်တောင်အဆင်ပြေနေတာလား?😅 အစ်မထွက်လာတာမှန်သွားပြီပဲ!'
Naymin: (ဘာဖြစ်တာပါလိမ့်! ဒီအစ်မရယ်တဲ့ပုံစံကြောင့် ငါရင်ခုန်သွားတာလား? အာ...မဖြစ်နိုင်တာ! ငါချစ်တာ ဝိုင်တစ်ယောက်တည်း)
'ဟိုလေ အစ်မ! စိတ်မရှိပါနဲ့! ကျွန်တော်ကိစ္စရှိသေးလို့'
Nwe: 'ရပါတယ် သွားပါ။ အားနာလိုက်တာ...အလုပ်များတဲ့လူကိုဆွဲထားမိတယ်'
Naymin: 'ရပါတယ်ဗျ! နောက်လည်းမေးစရာရှိရင် လာမေးပါ!'
(ဟင်! ဘာစကားကြီးလဲ? မေးစရာရှိရင်လာမေးပါတဲ့! ဖုန်းဆက်လည်းရတာပဲကို ငါဘာတွေပြောနေတာလဲ?😑)
Nwe: 'ကျေးဇူးပါ!'
(ဟမ်! ကျေးဇူးပါတဲ့ ! ဘာစကားကြီးလဲ? ငါဘာတွေပြောမိနေတာလဲ?😐)
Naymin: 'ဟို! သွားလိုက်ပါဦးမယ်နော်!'
Nwe: 'ဪ! သွားပါ သွားပါ'
Naymin: (ဆက်နေရင်ရူးတော့မယ်! ငါဘာတွေဖြစ်နေတာလဲ?)

PoisonWhere stories live. Discover now