Ep-35

553 31 0
                                    


Unicode Version

ဝိုင် မိုးထက်မြင့်အခန်းမှ ထွက်ပြေးလာသည်ကိုမြင်သဖြင့် စမ်းရေကြည်တို့အုပ်စု ပို၍မနာလိုဖြစ်လာသည်။
စမ်းရေကြည်: 'ရပ်စမ်း!'
မိမိအနောက်မှ စမ်းရေကြည်ရဲ့အသံကြားသဖြင့် ပြေးရာမှ ရပ်လိုက်ပြီး နောက်လှည့်ကာ
Wine: 'မစမ်းရေကြည်! ဘာခိုင်းစရာရှိလို့လဲ?'
စမ်းရေကြည်က ကိုယ်တိုင်ပြောလျှင်လွန်တယ်ဖြစ်မှာဆိုး၍ မိမိထက်လည်းရာထူးကြီးပြီး သူဌေး​၏အရေးပေးခံရသော အတွင်းရေးမှူး ရိုစီနှင့် လှည့်တိုက်ပေးသည်။
စမ်းရေကြည်: 'မမရိုစီတွေ့လား? ကြည်ပြောတယ်လေ သူက အခုမှကုမ္ပဏီကိုရောက်လာပြီး မမနေရာကိုလုဖို့တန်းပြီးကြံစည်တော့တာပဲ။ အမြှီးတွေဘာတွေဖွက်ထားလားမသိဘူး၊ မြေခွေးမ'
Rosy: 'ကြည် နေ! မမရှင်းမယ်' ဟုပြောပြီး ဝိုင့်နားကပ်ကာ
Rosy: 'ဒီကညီမ၊ သူဌေးနဲ့ဘယ်လိုပက်သက်လဲတော့မသိပေမယ့် သူဌေးအခန်းကိုအဲ့လို ဝင်ထွက်ခွင့်တော့ ဘယ်ဝန်ထမ်းမှာမှမရှိဘူး။ အဲ့တော့ အပြစ်တော့ပေးရမှာပဲ'
Wine: 'ဝိုင် ဒီနေ့မှရောက်တာဆိုတော့၊ ဒီစည်းကမ်းတွေကို မသိလိုက်လို့ပါ။ တောင်းပန်ပါတယ်'
Rosy: 'အခုသိသွားပြီဆိုတော့ အပြစ်ပေးလို့ရပြီပေါ့'
Wine: 'ရှင်!'
Rosy: 'လာကြ။ သူ့ကိုခေါ်လာခဲ့၊ ရိုးရိုးခေါ်လို့မလိုက်ရင် ကြိုးတုပ်ပြီးခေါ်လာခဲ့'
စမ်းရေကြည်တို့အုပ်စု ဝိုင့်ကို ချုပ်ပြီး ဆွဲခေါ်နေကြသည်။ ထိုအဖြစ်အပျက်ကိုမြင်မြင်ချင်း ဒေါသတကြီးအသံကြီးတစ်ခု ဟိန်း၍ထွက်လာသည်။
Naymin: 'အခုချက်ချင်း လွှတ်လိုက်စမ်း!'
နေမင်းအသံကြောင့် အကုန်လုံးကလန့်ပြီး နောက်လှည့်ကြည့်ကြသည်။ ကျန်တဲ့သူတွေကတော့ နေမင်းကို သိချင်မှသိလိမ့်မည်၊ ရိုစီကတော့ နေမင်းကိုကောင်းကောင်းသိသည်။ နေမင်း​၏ အတွင်းရေးမှူး Mark နဲ့လည်း တွဲခဲ့ဖူးသည့် ဆက်ဆံရေးဖြစ်သဖြင့် နေမင်းကိုသိနေခြင်းဖြစ်သည်။ သို့သော်လည်း အလုပ်သင်ကောင်မလေးတစ်ယောက်အတွက်နှင့် ဘယ်မိန်းကလေးကိုမှလှည့်မကြည့်ဖူးသော MD တစ်ယောက်က ဒီလောက်ဒေါသထွက်ပေးလိမ့်မည်လို့ဆတာ့ မထင်မိတာတော့အမှန်ပင်။
စမ်းရေကြည်: 'အံမယ်! နင်ကဟိန်းလားဟောက်လားနဲ့၊ ဘယ်သူမို့လို့ ငါတို့ကိုအဲ့လိုပြောတာလဲ?'
Naymin: 'ငါ့ကိုဘယ်သူလဲ မမေးခင် မင်းလက်ကိုအရင်ဖယ်လိုက်တာကောင်းမယ်နော်'
အကြောင်းသိနေသော ဝိုင်လည်း လန့်လာကာ...
Wine: 'ငါ့လက်ကိုလွှတ်လိုက်ပါ။ ပြီးရင် လွတ်ရာကျွတ်ရာမှာသွားနေကြပါတော့'
စမ်းရေကြည်: 'ငါကဘာကိုကြောက်ရမှာလဲ? ဘာလဲ! ဒါကရော နင့်စပွန်ဆာပဲလား?'
Naymin: 'ဘာ!'
စမ်းရေကြည်စကားကြောင့် ပို၍ဒေါသထွက်လာကာ အော်လိုက်သောအသံက ကုမ္ပဏီတစ်ခုလုံး ဟိန်းထွက်သွားသည်။
Wine: 'နေမင်းရေ ငါဘာမှမဖြစ်ဘူးဟဲ့။ အခုက ငါတကယ်အပြစ်လုပ်ထားလို့ အပြစ်ပေးခံရတာပါ။ စိတ်လျှော့'
Naymin: 'ဒီလောက်ခံနေရတာကိုတောင် ကာပြောပေးနေသေးတယ်။ နင်လည်းတိတ်တိတ်နေ၊ ပါးစပ်ပိတ်...ငါ့ဒေါသက လူမရွေးတော့ဘူးနော်'
Wine: 'အံမယ်! နင်ကငါ့ကိုပါ ဟိန်းလား ဟောက်လားနဲ့။ သေချင်လို့လား?'
ဝိုင်လည်း မခံနိုင်ပဲတစ်ချက်ပြန်ဟောက်လိုက်သဖြင့် နေမင်းပခုံးတွန့်သွားသည်။
Naymin: 'အေး! နင်မပါဘူး။ သူတို့ကိုပြောတာ'
ရိုစီကတော့ နေမင်းကိုကြည့်လိုက် ဝိုင့်ကိုကြည့်လိုက်ဖြင့် နားမလည်နိုင်ဖြစ်နေသည်။ ထိုစဉ်....
MHM: 'ဒီနေရာက စည်ကားလှချည်လား၊ ဘာဖြစ်နေကြတာလဲ? ဟင်! နေမင်း၊ မင်းလည်းရောက်နေတယ်?'
စမ်းရေကြည်: 'ဒါ-ဒါ-ဒါ သူဌေးရဲ့အသိလား?'
MHM: 'အေး! အသိတင်မကဘူး ငါတို့ကုမ္ပဏီရဲ့ ရှယ်ယာရှင်လည်းဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ?'
စမ်းရေကြည်: 'ရှင်! ရှယ်ယာရှင်?'
MHM: 'ဘာဖြစ်လို့လဲ?'
စကားပြောရင်း ဝိုင့်ကိုချုပ်ထားကြသည်ကိုမြင်သွားသဖြင့်
MHM: 'ဟေး! မင်းကရော ဒီမှာဘာလုပ်နေတာလဲ? ဆော့နေတာလား? အလုပ်လုပ်ချင်တယ်ဆိုလို့ ကုမ္ပဏီခေါ်လာတာ မင်းကလာဆော့နေတယ်ပေါ့'
မိုးထက်မြင့်စကားကြောင့် စမ်းရေကြည်တို့အဖွဲ့ဆွံ့အ သွားသည်။
Rosy: 'သူကရော သူဌေးနဲ့ဘာတော်လို့လဲ?'
MHM: 'သွေးတော့ဘာမှမတော်စပ်ပါဘူး'
Rosy: 'ဟူး...တော်ပါသေးရဲ့'
MHM: 'ငါ့ဇနီးလေ!'
Rosy&စမ်းရေကြည်'sGroup: 'ရှင်!'
Naymin: 'ကိုမိုးထက်မြင့်! ရှယ်ယာရှင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတစ်ယောက်ရဲ့အပြစ်ကိုလျှော့ပေါ့အောင် တောင်းဆိုခွင့်မရှိဘူးလား?'
MHM:'အပြည့်အဝရှိတာပေါ့။ ဒါနဲ့ ဘယ်သူ့အပြစ်လဲ?'
Naymin: 'ဝိုင့်ကို အပြစ်ရှိလို့ဆိုပြီး ဒီမိန်းကလေးတစ်စုက ကြိုးတုပ်ပြီး ဆွဲခေါ်နေကြတယ်။ ခင်ဗျားတို့ကုမ္ပဏီက အပြစ်ပေးစနစ်က ဒီလိုပဲ မင်းမဲ့စရိုက်ဆန်လား?'
MHM: 'အပြစ်ပေးတယ်? သူတို့ကလား?'
မိုးထက်မြင့်လည်း ဝိုင့်ကိုကြိုးတုပ်ကြတယ်ဆိုသောကြောင့် ဒေါသထွက်လာသည်။
(ငါ့မိန်းမကိုများ အပြစ်ပေးကြမယ်တဲ့လား။ ကြိုးနဲ့တုပ်ပြီးတော့လေ)
Naymin: 'ဝင်ဖြေရှင်းပေးတဲ့ ကျွန်တော့်ကိုလည်း တစ်ခွန်းမကျန်ပြန် Complain တက်တယ်။ ဒီကိစ္စဘယ်လိုရှင်းပေးမှာလဲ?'
MHM: 'ဒီကိစ္စက တခြားသူကိုတင်မဟုတ်ဘူး ငါ့ကိုပါစော်ကားတာပဲ'
ဝိုင့်နားသွားပြီး ဝိုင့်ပုခုံးကိုဆွဲဖက်ကာ...
MHM: 'ငါ့ဇနီးကို အပြစ်ပေးကြတယ်ဆိုပဲ...သူဌေးရဲ့ဇနီးကိုကြိုးနဲ့တုပ်ကြတယ်တဲ့ ငါ့သိက္ခာကိုမှမထောက်'
Rosy: 'သူဌေး! ဒါကနားလည်မှုလွဲတာပါ'
MHM: 'ဘာမှမသိချင်ဘူး။ Rosy ကစပြီး အကုန်လုံး ၃ လစာ ထုတ်ပြီး သွားလိုရာသွားနိုင်ပြီ။ နောက်ထပ် ငါ့မျက်စိရှေ့ပေါ်မလာစေနဲ့တော့'
Wine: 'ကိုမိုးထက်မြင့်! ဒီလိုကြီးကျတော့ သိပ်မများလွန်းဘူးလား?'
Naymin: 'အပြစ်ပေးချင်ရင် သူ့ပါပေးလိုက်ပါလား။ သူ Complain အတက်ဆုံးပဲ'
Wine: 'နင်ပါးစပ်ပိတ်ထား'

PoisonWhere stories live. Discover now