Ep-121

370 19 1
                                    

Unicode Version

MHM: 'မင်းဒီနေ့ ဘာလို့ ဒီလိုဆုံးဖြတ်ချက်မျိုးချလိုက်တာလဲ?'
Wine: 'ဘာကိုပြောတာလဲ? အစမရှိ၊ အဆုံးမရှိ'
MHM: 'ဟိုဝန်ထမ်းကို ခွင့်လွှတ်ပေးလိုက်တာကိုပြောတာလေ'
Wine: 'ဪ...ဒါကတော့ ကျွန်မ လုပ်သင့်လုပ်ထိုက်တာကိုလုပ်လိုက်တာပါ။ ဒီလိုလုပ်လိုက်တော့ ထပ်ပြီး အမုန်းမပွားရတော့ဘူးပေါ့'
MHM: 'သေချာလို့လား? သူက မင်းကိုမမုန်းတော့ဘူးဆိုတာ'
Wine: 'ဒါတော့မသိဘူးလေ။ မုန်းချင်လည်းမုန်းနေဦးမှာပေါ့။ ဒါပေမယ့် အရင်ထက်တော့ နည်းနည်းလျော့သွားမယ်လို့ယုံကြည်တယ်။ အကယ်၍သာ ရှင်ပြောသလိုအလုပ်ထုတ်ပစ်လိုက်ရင် သူ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး ကျွန်မကိုမုန်းနေတော့မှာ'
MHM: 'အမုန်းခံရမှာ အဲ့လောက်တောင်ကြောက်တာပဲလား?'
Wine: 'မကြောက်ပါဘူး။ တခြားသူတွေရဲ့ ချစ်တာ၊ မုန်းတာတွေက ကျွန်မထိန်းချုပ်လို့ရတဲ့ဟာမှမဟုတ်ပဲ။ ဒီအတိုင်း ကျွန်မရဲ့ ကျန်ရှိတဲ့ဘဝတစ်လျှောက်ကိုတော့ အတတ်နိုင်ဆုံး အမုန်းမခံရအောင်နေဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်မလည်းဘယ်သူ့ကိုမှမမုန်းချင်ဘူး။ မုန်းလည်းမမုန်းဖူးဘူး'
MHM: 'အကယ်၍ တစ်နေ့နေ့မှာ မင်းကိုယ့်ကို မုန်းရတော့မယ်ဆိုရင်ရော?'
Wine: 'မဖြစ်နိုင်တာ! ကျွန်မကြည့်မရတဲ့သူတွေကိုတောင် မမုန်းနိုင်တာ။ ကျွန်မချစ်ရတဲ့သူဆိုရင် ပိုလို့တောင်မမုန်းနိုင်သေး...!'
MHM: 'ချစ်ရတဲ့သူ?🙄'
Wine: 'ဪ! ဟူး! ပင်ပန်းလိုက်တာ။ အိပ်ချင်လာလို့ သွားအိပ်လိုက်ဦးမယ်နော်'

ဝိုင်ရုတ်တရက်ထရပ်လိုက်သောအချိန်၌ မိုးထက်မြင့်က ဝိုင့်လက်ကိုလှမ်းဆွဲလိုက်သောအခါ ဝိုင်လည်း မိမိကိုယ်ကိုမထိန်းနိုင်တော့ပဲ မိုးထက်မြင့်အပေါ် ပစ်လဲကျသွားတော့သည်။ မိုးထက်မြင့်ကတော့ အခွင့်ကောင်းဆိုစောင့်နေသည့်အလား လဲကျလျှက်နှင့်ပင် ဝိုင့်ကိုရင်ခွင်ထဲ၌
ဆွဲသွင်းကာတင်းတင်းကြပ်ကြပ်ဖက်ထားသည်။

MHM: 'ဘယ်ပြေးဖို့စဉ်းစားနေတာလဲ? ကိုယ့်မိန်းမက ကိုယ်နဲ့အတူအိပ်ရမှာပေါ့'
Wine: 'ဟင်! ဘာလို့ အိပ်ရမှာလဲ?'
MHM: 'မင်းမျက်နှာက ဘာလို့နီနေရပြန်တာလဲ? ကိုကမင်းကိုအတူအိပ်ဖို့ပဲပြောတာ မင်းကဘာတွေစဉ်းစားနေတာလဲ?'
Wine: 'ဘာ! ဘာစဉ်းစားလို့လဲ? ဘာမှမစဉ်းစားဘူး'
MHM: 'မစဉ်းစားရင်လည်း ပြီးတာပဲလေ။ ဒါနဲ့မေးရဦးမယ်! မနေ့ကပွဲကို ဘာလာလုပ်တာလဲ? ကို့ကိုလာရှာတာလား?'
Wine: 'အာ....ရှင့်ကိုဘာလို့ရှာရမှာလဲ? အိမ်မှာလည်းတွေ့နေရတာပဲကို'
MHM: 'ဒါဆို ဘယ်သူ့ကိုလာရှာတာလဲ?'
Wine: (ဆက်ပြီး ဖုံးကွယ်မနေတော့ပါဘူးလေ။ အမှန်အတိုင်းပဲပြောလိုက်ပါတော့မယ်)
'ကျွန်မ ဖေဖေ့ရဲ့အမှုကိုပြန်စုံစမ်းနေတာ။ အခုလည်းကျွန်မအဖေရဲ့ သူငယ်ချင်းကိုရှာတာပါ။ ဖေဖေဆုံးတဲ့နေ့မှာ သူကမျက်မြင်သက်သေဖြစ်နေတာမို့လို့'
MHM: 'ဟမ်!'
Wine: 'ဘာဖြစ်တာလဲ? ဘာလို့လန့်သွားတာလဲ? သူရဲတွေ့လို့လား?'
MHM: 'မဟုတ်...မဟုတ်ပါဘူး။ ကိုအောက်မှာ မင်းသောက်ဖို့ရေသွားယူလိုက်ဦးမယ်'
Wine: 'အင်း!'

PoisonWhere stories live. Discover now