Ep-14

719 32 0
                                    


Unicode Version

ပွဲအတွင်း၌ ဧည့်သည်များအား ဧည့်ခံကျွေးမွေးပြီး အိမ်ရှေ့၌လည်း ဧည့်သည်များကိုကြိုဆိုရသောကြောင့် သူရိန်ပင်ပန်းနေသည်။ သို့သော်လည်း ပါတီအတွင်းရောက်မလာသေးသော မိုးထက်မြင့်အား မျှော်နေသည်။
ShweSin: 'ကို! ဘာလုပ်နေတာလဲ? ဟိုမှာ ဖေဖေတို့ပြန်တော့မယ်တဲ့'
ရွှေစင်သည် သူရိန်နှင့်စေ့စပ်ထားသော ကောင်မလေးဖြစ်သည်။ အစ်ကိုအားမျှော်နေရာမှ ရွှေစင့်အသံကြား၍ ဧည့်ခန်းသို့ပြန်ဝင်ကာ ပြန်တော့မည့် ဧည့်သည်များအား နှုတ်ဆက်ရသည်။
-----------------------
MHM: 'မင်းစိတ်လှုပ်ရှားနေလား?'
Wine: 'ကျွန်မ ဒီလိုပွဲမျိုး တစ်ခါတော့ တက်ဖူးပါတယ်၊ ဒါပေမယ့်လည်းနည်းနည်းတော့.....'
MHM: 'ဘာမှမဖြစ်ဘူး၊ မင်းဘေးနားမှာ ကိုရှိတယ်' ဟုဆိုကာ ပွဲအတွင်းသို့ တစ်ယောက်လက်တစ်ယောက်ဆွဲ၍ဝင်လာသည်။ Wineလည်း ဘေးတစ်ဖက်တစ်ချက်ကိုကြည့်၍
Wine: 'ကိုမိုးထက်မြင့် ဒီပွဲကတော်တော်မိုက်တာပဲနော်'
MHM: 'အင်း၊ ဟုတ်တယ်၊ အပြင်အဆင်လေးတော်တော်မိုက်တယ်'
Wine: 'အပြင်အဆင်ကအသာထားပါ၊ ဟိုမှာကြည့်လိုက်' ဟုဆို၍ အစားအသောက်များခင်းကျင်းထားသော စားပွဲအားညွှန်ပြသည်။
MHM: 'ဪ! မင်းမိုက်တယ်ဆိုတာ အဲ့စားပွဲတစ်လုံးတည်းကိုကြည့်ပြီးပြောတာကိုး။ မင်းကို ဒီနေ့ခေါ်လာတာ စားဖို့သောက်ဖို့မဟုတ်ဘူးနော်။ မင်းဘယ်ဘဝတည်းကငတ်လာတာလဲ ဟမ်?'
Wine: 'ကျွန်မနဲ့ အဲ့နား ၅ မိနစ်လောက်ပဲလိုက်ခဲ့ပေးလေ။ ကျွန်မဗိုက်ဆာနေပြီ။ ဒီလာခါနီးတုန်းကလည်း ရှင်စောင့်နေရမှာဆိုးလို့ ဘာမှမစားခဲ့ရဘူးလေ။ နော်...နော်လို့'
MHM: 'မင်းဟာလေ၊ ပြောလို့ဆိုလို့ကိုမရဘူး'
မိုးထက်မြင့်လည်း ပြောမရသည့်အဆုံး ဝိုင့်နောက်ကိုလိုက်သွားခဲ့ရသည်။ ထို့နောက် အမြင်မတော်လောက်အောင် စားသောက်နေသော Wine အားကွယ်၍ရပ်ပေးနေသည်။ သူရိန်လည်း ဧည့်သည်များအား လိုက်လံကြည့်ရှုရင်း မိုးထက်မြင့်ရပ်နေသည်ကိုမြင်သောအခါ ဝမ်းသာလျှက် သွားရောက်နှုတ်ဆက်သည်။
သူရိန်: 'ဟာ...အစ်ကို ရောက်နေတာတောင်မပြောဘူး။ နောက်ကျတယ်နော်'
MHM: 'အေး...ပြောမလို့ပဲ၊ ဒါမယ့် အခြေအနေက ပေးမပြောလို့'
သူရိန်: 'ဒါနဲ့ အစ်ကိုပြောတော့ အစ်ကို့ဇနီးလောင်းကိုခေါ်လာမယ်ဆို? ပါမလာဘူးလား?'
MHM: 'ပါလာတယ်။ ငါ့အနောက်မှာ မုန့်စားနေလို့၊ ခဏ' ဟုဆိုကာ အနောက်မှ ဝိုင်အား ဘေးသို့ဆွဲကပ်၍
MHM: 'ဒီမှာလေ ငါ့ဇနီးလောင်း။ နာမည်က Wine တဲ့။ Wine! နှုတ်ဆက်လိုက်လေ'
Wine: 'ဪ! ဟုတ်ကဲ့။ ကျွန်မနာမည်..........'
Wine လည်းသူရိန့်မျက်နှာအားမြင်၍ အံ့ဩသွားကာ ကျောက်ရုပ်သဖွယ်ရပ်တန့်သွားသည်။ ထိုအချိန်တွင်
ShweSin: 'ဪ၊ ဘယ်သူများလဲလို့။ Wine ပဲ'
MHM: 'မင်းတို့က သိကြတာလား?'
ShweSin: 'သိရုံဘယ်ကမလဲ၊ သူတို့ နှစ်ယောက်ဆိုရင် ထူးခြားတဲ့ပက်သက်မှုပါရှိခဲ့သေးတာ' ဟုပြောကာ Wine နှင့် သူရိန်တို့အားညွှန်ပြသည်။ ထိုအခါမှ သူရိန်လည်း သတိပြန်ဝင်လာကာ
သူရိန်: 'အစ်ကို့ဇနီးဆိုလို့ ဘယ်သူများလဲလို့၊ မင်းပဲ'
Wine: 'ဘာလဲ၊ ကျွန်မဖြစ်လို့မရဘူးလား?'
သူရိန်: 'ဒီတစ်ခါရော ဘာအတွက်လဲ? ဪ! ဟုတ်သားပဲ၊ ငါ့အစ်ကိုက ချမ်းသာတာပဲ'
Wine: 'ဒါရှင့်အလုပ်မဟုတ်ပါဘူး။ ကျွန်မဘာသာ ဘာလို့ပဲ လက်ထပ်လက်ထပ် ရှင်နဲ့ တစ်ပြားဖိုးမှမဆိုင်ဘူးနော်။'
သူရိန်: 'ငါဖိတ်တုန်းကကျ မလာဘူးဆိုပြီးငြင်းတာက ငါ့အစ်ကိုနဲ့အတူတူလာဖို့စီစဉ်ထားလို့ကိုး'
Wine: 'ရှင့်အစ်ကိုက ရှင့်ပွဲဆိုတာကိုမပြောလို့ ဒီအထိရောက်လာတာ။ ပြောရင် ရှင့်အိမ်အရိပ်တောင်မနင်းဘူး စိတ်ချ'
တင်းမာနေသော နှစ်ယောက်​၏ စကားနိုင်လုပွဲအား နားမလည်နိုင်စွာဖြင့် မိုးထက်မြင့်ကြည့်နေရသည်။ ထို့နောက်မှ
MHM: 'ဟေး...နေကြဦး။ အခုအခြေအနေကို ငါ့ကိုတစ်ယောက်လောက်ရှင်းပြကြဦး'
ShweSin: 'ကိုမိုးထက်မြင့်မသိဘူးသေးကိုး။ သူတို့နှစ်ယောက်ရဲ့ ပက်သက်မှုကို။ အေးလေ ဘယ်ပြောရဲပါ့မလဲ၊ ပြောရင် သူ့ကိုပစ်ထားခဲ့မှာဆိုးလို့နေမှာပေါ့'
MHM: 'သူတို့နှစ်ယောက်ရဲ့ ပက်သက်မှု? အဲ့ဒါဘာလဲ?'
ShweSin: 'E-X '
MHM: 'ဘာ?...ဝိုင်! ဒါဆို၊ ဒါမင်းပြောတဲ့ အရင်ကရည်းစားဆိုတာလား?'
Wine: 'ဟုတ်တယ်'
ShweSin: (ဘာလဲ? ပြောပြထားတာပဲ)
MHM: 'မင်း ငါ့ကိုဘာလို့မပြောတာလဲ?'
Wine: 'ကျွန်မက ဘာကိုပြောရမှာလဲ? ရှင်ကရော မေးလို့လား?'
ShweSin: 'ဒီမိန်းမက ကျောင်းမှာတည်းက ငွေမက်တယ်။ သူဌေးတွေကိုပဲအမိဖမ်းတာ။ အခုလည်း ကိုမိုးထက်မြင့်က သူဌေးမှန်းသိလို့ အမိဖမ်းတာပဲနေမှာ'
တစ်ဖက်စွန်းရောက်နေသော ShweSin​၏ စကားအားကြားကာ မိုးထက်မြင့်စိတ်တိုသွားသည်။ ဝိုင့်မျက်ဝန်းများလည်းစိုစွတ်လာသည်ကိုသတိထားမိကာ ပို၍ဒေါသထွက်သွားသည်။
MHM: 'မင်းက ရွှေစင်နော်? ငါ့မင်္ဂလာပွဲကိစ္စ​က မင်းနဲ့ဆိုင်လို့လား? ငါ့ဇနီးလောင်းကို မင်းနဲ့တန်းတူလိုပြောဆိုခွင့်မင်းမှာမရှိဘူး။ ပြီးတော့ မင်းတို့ပြောတဲ့ငွေမက်တယ်ဆိုတဲ့ ဒီမိန်းကလေးကို ငါ ခက်ခက်ခဲခဲ လက်ထပ်ခွင့်တောင်းထားရတာ၊ မင်းတို့မှာ ငါ့ဇနီးလောင်းကို ဝေဖန်ပိုင်ခွင့်မရှိဘူး'
ShweSin: 'ရွှေစင်က ကိုမိုးထက်မြင့် လူရွေးမှားမှာစိုးလို့ပါ'
MHM: 'လူရွေးမှားမယ်? ဟုတ်လား? သူ့ကိုရွေးလို့မှားမယ်ဆိုရင် ဘယ်သူ့ကိုရွေးရင်မှန်မှာလဲ? မင်းကိုလား?'
ShweSin: 'အဲ့လိုလည်းမဟုတ်ပါဘူး'
MHM: 'အကယ်၍ သူ့ကိုရွေးလို့မှားမယ်ဆိုရင်တောင် ငါသူ့ကိုပဲရွေးချယ်ဦးမှာ၊ မင်းတို့ဝင်စွက်ဖက်ခွင့်မရှိဘူး'
Wine: (မထင်ထားဘူး သူင့ါဘက်ကပြောပေးလိမ့်မယ်လို့။ သူသာဝင်မပြောရင် ငါတော်တော်အကြပ်အတည်းထဲရောက်နေဦးမှာ)
သူရိန်: 'အစ်ကို ကျွန်တော်ပဲ ကြားထဲကနေ တောင်းပန်ပါတယ်။ အားလုံးလည်း Peace ဗျာ'
MHM: 'မလိုဘူးရတယ်။ ငါတို့ပြန်တော့မယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ ငါလေအကုန်မခံတော့ဘူး။ ဒါနဲ့ ငါ့ညီ Happy Birthday လို့ဆုတောင်းမပေးနိုင်တာ Sorry။ ငါ့ဇနီးလောင်းလေး စိတ်မကောင်းဖြစ်ရတဲ့ပွဲမှာ တခြားဘယ်သူ့ကိုမှလည်း ပေးမပျော်နိုင်ဘူး'
သူရိန်: 'ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျွန်တော် နောက်ထပ်ပွဲတစ်ခုစီစဉ်ဆိုလည်း စီစဉ်ပေးပါ့မယ်'
MHM: 'မလိုဘူး ရတယ်။ ငါ့မိန်းကလေးက မင်းတို့နဲ့မတွေ့ချင်လောက်ဘူး။ ဪ! ဒါနဲ့ နောက်ထပ် ဘာပွဲဖြစ်ဖြစ် စီစဉ်မယ်ဆိုရင် အဆင့်အတန်းချင်းတူတာတွေပဲရွေးချယ်ပေးစေချင်တယ်။ ပြီးတော့ ငါဒီနေ့ကိုမမေ့ဘူးနော်။ ခုဏက လှောင်ရယ်သံတွေပေးခဲ့ကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း မှတ်မိနေတယ်။ ဒီတစ်ခေါက်တော့ Warning နဲ့တင် ကြေအေးပေးလိုက်မယ်၊ နောက်တစ်ခေါက်ဆိုရင်တော့.....' ဟု ပြောပြီး မဲ့ပြုံးပြုံးကာ ဝိုင့်ရဲ့လက်အားဆွဲလျှက် ပါတီမှ ထွက်လာခဲ့တော့သည်။

PoisonOpowieści tętniące życiem. Odkryj je teraz