Ep-75

445 25 0
                                    


Unicode Version

မနက်မိုးလင်းတော့ ဝိုင်နိုးလာသည်။ နှဖူးပေါ်တွင် တဘက်ခေါက်ကလေးတင်ထားလျှက်ရှိသည်။
(ဟင်! ညက ငါဘယ်လိုအိပ်ပျော်သွားတာလဲ? ဒါနဲ့၊ ကိုမိုးထက်မြင့်ရော?)
မိုးထက်မြင့်ကို ထ ရှာရန်လုပ်တော့ မိမိလက်ကို တစ်စုံတစ်ခုကတင်းကြပ်စွာဆုပ်ကိုင်ထားတာကို သတိပြုမိပြီး လှည့်ကြည့်သောအခါ မိုးထက်မြင့်ကိုတွေ့သည်။ ဝိုင့်ဘေး၌ ကုတင်ပေါ်ခေါင်းတစ်လုံးသာတင်၍အိပ်နေပြီး ဝိုင့်လက်ကိုလည်း တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
(ရှင်တစ်ညလုံး ဒီလိုပဲနေနေခဲ့တာလား?🥺)

Wine: 'ကိုမိုးထက်မြင့်! ကိုမိုးထက်မြင့်!'

ဝိုင့်အသံကြောင့် မိုးထက်မြင့်နိုးလာသည်။

MHM: 'ဟင်! နိုးပြီလား? သက်သာရဲ့လား?'

နိုးနိုးချင်းပဲ ဝိုင့်နှဖူးကိုထစမ်းသည်။ မိုးထက်မြင့်တစ်ယောက် တစ်ညလုံး ထိုင်လျှက်အိပ်ပျော်နေသောကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေသည်ကိုပင် မေ့၍ ဝိုင့်ကျန်းမာရေးကိုပဲ စိုးရိမ်ပေးနေသည်။ ဝိုင်အဖျားပျောက်သွားတာသေချာမှ မိမိရဲ့ ဝေဒနာများ စတင်လာတော့သည်။

MHM: 'အား...!😵'
Wine: 'ဟင်! ဘာဖြစ်တာလဲ?'
MHM: 'ဘာ...ဘာမှ..မဖြစ်ပါဘူး😵'
Wine: 'တစ်ညလုံး ဒီလိုနေနေမှတော့ ဘာမှမဖြစ်ပဲနေပါ့မလား? ကိုမိုးထက်မြင့်ရယ် ဝိုင်အိပ်ပျော်သွားပြီဆိုရင် ဝိုင့်ဘေးဝင်အိပ်လည်းရတာပဲ။ ဝိုင့်ဘေးမှာမအိပ်ချင်လည်း ဆိုဖာ...'
MHM: 'မအိပ်ချင်တာမဟုတ်ပါဘူး။ မင်းဘေးနားဝင်လှဲလိုက်ရင် တစ်ညလုံး မင်းကိုပြုစုနိုင်တော့မှာမဟုတ်ဘူး။ ငါတကယ်အိပ်ပျော်သွားလိမ့်မယ်'
Wine: 'ဒါဆိုလည်း အခုအိပ်လိုက်ဦး။ ဝိုင်သက်သာသွားပြီ'
MHM: 'အင်း! မင်းကရော? ဒီမှာပဲအိပ်ဦးမှာလား?👉👈'
Wine: 'ဘာလဲ? ရေသွားချိုးဦးမယ်။ ပြီးရင် ကမ်းခြေကိုလျှောက်သွားရအောင်။ အိပ်နေလေ! ကျွန်မရေချိုးပြီးမှနှိုးလိုက်မယ်'

မိုးထက်မြင့်လည်း ဝိုင့်စကားကို တသွေမတိမ်းနားထောင်ကာ အိပ်လျှက်ကျန်ခဲ့သည်။ ဝိုင်ရေချိုးခန်းကထွက်လာပြီး မိုးထက်မြင့်ကိုနှိုးဖို့လုပ်တော့လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အတွက် မနှိုးပဲထားလိုက်သည်။ ထိုနောက် ရေမိုးချိုးပြင်ဆင်ပြီးသည်နှင့် တစ်ယောက်တည်းထွက်လာခဲ့တော့သည်။

PoisonWhere stories live. Discover now