Ep-74

445 20 0
                                    


Unicode Version

Wine: 'ကိုမိုးထက်မြင့် Date မယ့်နေရာက ဒီနေရာလား?'

လရောင်အောက်က လှိုင်းခတ်သံတို့ဖြင့် သာယာငြိမ့်ညောင်းနေသော ပင်လယ်ကမ်းခြေတစ်ခုကိုလက်ညှိုးထိုးကာ မေးသည်။

MHM: 'အင်းလေ။ ဘယ်လိုလဲ? မပျော်ဘူးလား?'
Wine: 'ကမ်းခြေကို ဘယ်သူက ညဘက်လာလို့လဲ? ကြောက်စရာကြီး'
MHM: 'ညဘက်ကပိုလှတာလေ ကြည့်ကြည့်'
Wine: 'အာ...မလှပါဘူး။ ဒီလောက်ကြောက်ဖို့ကောင်းနေတာကို။ ဒါနဲ့၊ ရှင်! ဒီအချိန်ကြီး ရေဆင်းကူးမယ်လို့တော့ မတွေးထားဘူးမဟုတ်လား?'
MHM: 'မင်းကူးချင်လို့လား? ရတယ်လေ' ဆိုပြီး ဝိုင့်ကိုချီ၍ ရေထဲဆင်းသွားသည်။

ရေထဲရောက်ပြီး ဝိုင့်ကိုပစ်ချဖို့လုပ်တော့ ဝိုင်က မိုးထက်မြင့်ကိုတင်းကြပ်စွာဖက်ထားသည်။

MHM: 'ဘာလို့လဲ? မဆော့ချင်လို့လား?'
Wine: 'ကြောက်လို့!'

ခြေထောက်နှစ်ဖက်က မိုးထက်မြင့်ခါးကိုခွလျှက်၊ လက်နှစ်ဖက်က မိုးထက်မြင့်လည်ပင်းကို တင်းကြပ်စွာဖက်လျှက် အနေအထားဖြစ်နေသည်ကို မိုးထက်မြင့်တစ်ယောက် သဘောကျနေသည်။
(မင်းကြောက်တာဒီလိုပုံစံလား?😅)

MHM: 'ဒါနဲ့ ဘယ်လိုလုပ်မလဲ? ငါပြန်မတက်ချင်သေးဘူး'
Wine: 'ဒါဆိုလည်းကျွန်မကို အရင်ပြန်ပို့ပေးလေ။ ပြီးမှ ရှင့်ဘာသာရှင် လာကစားပေါ့'
MHM: 'ဟင့်အင်း! ခဏလောက်နေဦးမယ်'

ထိုအခါဝိုင်က စိတ်မရှည်တော့ပဲ ရန်တွေ့ရန်လုပ်တော့ မိုးထက်မြင့်နှင့် မျက်နှာချင်းဆိုင်မိသွားသည်။ မိုးထက်မြင့်ရော ဝိုင်ပါ နှစ်ယောက်စလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ရင်ခုန်သံများဝုန်းဒိုင်းကြဲနေကြသည်။ မိုးထက်မြင့်ကတော့ မိမိရင်ခုန်သံကိုမိမိ မထိန်းနိုင်တော့တဲ့အဆုံး ဝိုင့်နှုတ်ခမ်းများကို ဖိနမ်းလိုက်မိတော့သည်။ ပြီးနောက် သတိပြန်ဝင်လာကာ...ဝိုင့်မျက်နှာကိုကြည့်မိတော့ ဝိုင့်မျက်နှာတစ်ခုလုံး အနီရောင်သန်းနေပြီ။

MHM: 'မင်း! နေမကောင်းဘူးလား?'
Wine: 'ဟို! ဟို! ကောင်း...ကောင်းပါတယ်'
(ဘာလို့လဲ? ဘာလို့ ဒီလိုအချိန်၊ ဒီလိုနေရာကြီးမှာ အနမ်းခံရတာကို ဒီလောက်ရင်ခုန်သွားရတာလဲ?)
MHM: (နေကောင်းတယ်ဆိုတော့...ရှက်နေတာများလား။ ငါကရော ဘာလို့လုပ်လိုက်မိတာလဲ? ငါ့ကိုယ်ငါတောင် မထိန်းနိုင်လောက်တဲ့အထိ ချစ်မိနေပြီလား? အာ....မသိတော့ဘူး။ မိုးထက်မြင့်! မင်းကိုယ့်ကိုယ်ကိုထိန်းစမ်း!)
'မင်းအဆင်မပြေရင် ငါတို့ ပြန်ကြမယ်လေ'
Wine: 'အင်း...'
-------------------------------
Wine: 'ရှင်! အခန်းက တစ်ခန်းပဲကျန်ပြီ?'

PoisonWhere stories live. Discover now