Ep-17

696 32 0
                                    


Unicode Version

လွန်ခဲ့သော ၇ နှစ်ခန့်......

၁၀ တန်း (က) ခန်းတွင် နေမင်းက အတန်းခေါင်းဆောင်လုပ်ရသည်။ အတန်းခေါင်းဆောင်ဖြစ်သည့်အတွက် တခြားသူများအိမ်ပြန်ချိန်တွင် မပြန်ရသေးပဲ အတန်းကိုကြည့်ရှုကာ လိုအပ်သည်များကို စာရင်းပြုလုပ်ရသည်။ ဝိုင်ကလည်း သူငယ်ချင်းအိမ်မပြန်ရသေးသည်ကိုမြင်သောအခါ နေမင်း​၏အလုပ်တာဝန်များကို ခွဲဝေကူညီပေးသည်။ အခန်းတွင်းအမှိုက်များရှိနေသည်ကိုတွေ့သောအခါ နေမင်း မှတ်စုထဲ၌ရေးမှတ်လိုက်သည်။
         #ယနေ့တာဝန်ကျသော အလောင်းဘုရား        အသင်း တာဝန်မကျေပွန်#
     ဟုမှတ်သားကာ မနက်ဖြန်၌ အတန်းပိုင်ဆရာမအား တင်ပြရမည်။ အလုပ်တာဝန်များကိုကျေပွန်အောင်ဆောင်ရွက်နိုင်သောကြောင့် ဆရာ၊ ဆရာမများကလည်း နေမင်းအား အတန်းကိစ္စအဝဝကို မျက်နှာလွှဲထားနိုင်သည်။
ထိုသို့မှတ်သားထားသော စာရင်းများကို အတန်းပိုင်ဆရာမအား တင်ပြပြီးသည်နှင့် စာရင်းအတွင်း အပြစ်ရှိသူဟုယူဆရသူမှန်သမျှ ဆရာမ​၏ လက်စာမိလေသည်။ ထို့ကြောင့် အတန်းထဲ၌ နေမင်းအား ကြည့်မရသူများသည်။
{ကြည့်ပါလား အတန်းခေါင်းဆောင်ဆိုတာနဲ့ပဲ မျက်နှာကိုချီနေရော။ ဆရာမတွေကလည်း သူဌေးသားလူချမ်းသာလေးဆိုရင် မျက်နှာကိုလိုက်လွန်းတယ်}
နေမင်းသာလျှင် အတင်းပြောခံရသည်မဟုတ် နေမင်းနှင့် တပူးတွဲတွဲရှိသော ဝိုင်လည်း အပြောခံရသည်။
{သူကရောဘာထူးလဲ? မျက်နှာလေးနဲ့လုပ်စားတာနေမှာ။ မျက်နှာလေးလှတိုင်း အတန်းခေါင်းဆောင် သူဌေးသားလေးကို အပိုင်ချုပ်ထားတယ်။ ဒီလောက်ပြောနေလည်း ရှက်ရကောင်းမှန်းမသိဘူး။ ငါသာသူ့နေရာမှာဆိုရင် ရှက်လွန်းလို့ ကျောင်းတောင်ထွက်ဖြစ်လောက်တယ်။}

Naymin: 'ဝိုင်!'
Wine: 'ဟေ!'
Naymin: 'နင် ဒီလောက်အပြောခံနေရတာ စိတ်မတိုဘူးလား?'
Wine: 'ငါကဘာကိုစိတ်တိုရမှာလဲ? သူတို့ဘာသာပြောပြီး မောရင် တိတ်သွားလိမ့်မယ်'
Naymin: 'နင်ကအဲ့လိုစိတ်မျိုးထားနိုင်ပေမယ့် ငါမထားနိုင်ဘူးဟ၊ ငါ့ကြောင့် နင်အပြောခံနေရတာ'
Wine: 'နင့်ကြောင့်ရယ်လို့မရှိပါဘူးဟယ်။ သူတို့ပြောချင်ရင် ပြောနေကြတာပါပဲ။ ပေးပြောလိုက်ပါ၊ ရင်ထဲပေါ့တာပေါ့။ ငါကတော့ ငါလှလို့မနာလိုဖြစ်နေတာလို့ပဲမြင်တယ်'
Naymin: 'အမ်မလေးဟဲ့! အန်တောင်အန်ချင်တယ်'
Wine: 'ဟဲ့! ဘာဖြစ်တာလဲ? ကျွေးလိုက်ဦးမယ်' ဆိုပြီး လက်သီး တပြင်ပြင်လုပ်သည်။
Naymin: 'ဟိုး...စိတ်လျှော့ စိတ်လျှော့။ ငါတောင်းပန်တယ်။'
Wine: 'ပြီးရော'
Naymin: 'နင့်မှာလဲလေ ငါ့ကိုအနိုင်ကျင့်ဖို့ မွေးဖွားလာသလားမှတ်ရတယ်။ ထစ်ခနဲရှိ အဲ့လက်သီးပဲ ထုတ်ထုတ်ကြွားတယ်'
Wine: 'ဒါကတော့ မတတ်နိုင်ဘူး။ နင်ကငယ်နိုင်လိုဖြစ်နေပြီ။ ပြီးတော့ အကျင့်လည်းပါနေပြီ။ ပြင်မရတော့ဘူး'
Naymin: 'နင်အဲ့ဒီ့ ကိုယ်ခံပညာဆိုတာလေ။ ဆက်မသင်ပါနဲ့တော့လား။ ငါတောင်ဒီလောက်ကြောက်နေတာ၊ နင့်အနာဂတ်ခင်ပွန်းဆို မတွေးရဲစရာပဲ။ အေးလေ ဒီပုံမျိုးကို ကြိုက်တဲ့သူလည်းရှိမလာလောက်ပါဘူး။ ငါပဲ တစ်သက်လုံးဆက်အနိုင်ကျင့်ခံနေရမယ့်ပုံပါပဲ'
Wine: 'အေး! ယောက်ျားရရမရရ၊ မရလည်းမယူဘူး၊ ဒါမယ့် နင့်ကိုတော့ တစ်သက်လုံးအနိုင်ကျင့်သွားမှာ'
နေမင်းတစ်ယောက် ဝိုင့်စကားများကို သဘောတွေ့နေသည်။ (အင်း၊ နင်ပြောသလိုဆို တစ်သက်လုံး ငါ့အနားပဲနေမယ်ဆိုတဲ့သဘောပဲ)
ထိုနောက် မိမိတို့စကားဝိုင်းအပြီးတွင် ဝိုင်က သန့်စင်ခန်းသို့ထွက်သွားသည်။ ယနေ့အပြစ်ပေးခံခဲ့ရသော ကျော်ကြီးတို့အုပ်စု မိမိအနီးသို့ချဉ်းကပ်လာကာ မိမိအားချုပ်ပြီး ကျောင်းဘောလုံးကွင်းသို့ခေါ်သွားသည်။
ကျော်ကြီး: 'ဟေ့ရောင်တွေ ဒီနားက CCTV လွတ်တယ်မှတ်လား?'
Other: 'အေး ဟုတ်လောက်တယ်ဟ'
Naymin: 'မင်းတို့ ဘာလို့ ငါ့ကိုခေါ်လာတာလဲ? အခုလွှတ်'
ကျော်ကြီး: 'ဘာလို့လဲ ဟုတ်လား? ငါတို့ကိုမမှတ်မိဘူးလား? ဒီနေ့ မင်းကြောင့် နေပူထဲမှာ ၁ နာရီလောက် ဖားခုန်လိုက်ရတဲ့အလောင်းဘုရားအသင်းကလေ'
Naymin: 'အေး! သိတယ်လေ။ မင်းတို့ဘာသာမင်းတို့အပြစ်လုပ်လို့ အပြစ်ပေးခံရတာလေ။ အဲ့ဒါဘာဖြစ်လဲ?'
ကျော်ကြီး: 'အဲ့ဒါဘာဖြစ်လဲဟုတ်လား? အဲ့တော့ ထိုးတယ်ကွာ' ဆိုပြီး နေမင်းအားဝိုင်းထိုးကြသည်။ နေမင်းမှ ပြန်ခုခံရန်ပြင်ဆင်ချိန်၌ ဒေါသသံတစ်ခုအား ကြားလိုက်ရသောကြောင့် ပြန်မခုခံပဲငြိမ်နေလိုက်တော့သည်။
Wine: 'ရပ်လိုက်စမ်း'
ကျော်ကြီး: 'ဪ! ငါတို့အခန်းရဲ့ အချောလေးပဲ၊ ဘာကိစ္စလဲ?'
Wine: 'နင်တို့ ဒါဘာလုပ်တာလဲ?'
ကျော်ကြီး: 'မြင်တဲ့အတိုင်းပဲလေ၊ ဒီကောင့်ကိုအပြစ်ပေးနေတာ'
Wine: 'အပြစ်ပေတယ်? ဟုတ်လား? အပြစ်ပေးခံရတယ်ဆိုတာ နင်တို့လို တစ်လုံးချိုင့်ကောင်တွေမှာပဲရှိသင့်တာလေ အရူးရဲ့'
ဝိုင့်ဒေါသကို သိနေသောနေမင်းက ကျော်ကြီးတို့အား ရန်ဆက်မဖြစ်ပဲ အိမ်ပြန်ရန် ဖြောင်းဖျသော်လည်း ကျော်ကြီးတို့ကနားမထောင်
Naymin: {မင်းတို့ပြန်ကြ! မဟုတ်ရင် အကုန်ဒုက္ခရောက်ကုန်မယ်}
နေမင်း​၏စကားကိုနားမထောင်ပဲ နေမင်းအား တစ်ချက်ထပ်မံထိုးကာ ဝိုင့်ကိုလှောင်ပြုံးနှင့် ထေ့ငေါ့သည်။ ထိုအခါ ဝိုင်လည်း ဒေါသများမထိန်းနိုင်တော့ပဲ ကျော်ကြီးမျက်နှာအား နောက်ပြန် ကန်ချက်နှင့်ကန်လိုက်တော့သည်။ ကျော်ကြီး​၏အပေါင်းအပါများက ဝိုင့်ကိုတိုက်ခိုက်ရန်ပြင်ဆင်သောအခါလည်း ဝိုင်ကပြန်လည်တိုက်ခိုက်၍ အနိုင်ယူလိုက်သည်။
Wine: 'နင်တို့မှတ်ထားရမှာကလေ နေမင်းက နင်တို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့လူ၊ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်လို့ရတဲ့လူမဟုတ်ဘူးဟဲ့'
ဝိုင်ရဲ့စကားကိုကြား၍ နေမင်းအပျော်ကြီးပျော်သွားသော်လည်း
Wine: 'နေမင်းကို ငါပဲအနိုင်ကျင့်မယ်။ ဟုတ်ပြီနော်? နောက်တစ်ခါ ဒီလိုထပ်ဖြစ်ရင် ကျောင်းကနေ အိမ်ကို ရုပ်နဲ့နာမ်ခွာပြီး ပို့ပေးမယ်' ဟုကျိန်းမောင်းကာ ပြန်လွှတ်လိုက်သည်။ ကျော်ကြီးတို့လည်း ကြောက်လန့်တကြား ပြန်သွားကြသည်။
Naymin: 'နင်မို့လို့ ရန်ဖြစ်ရဲတယ်နော် ! ဟိုက နင့် ၃ဆ လောက်ရှိတယ်'
Wine: 'ဘယ်နှစ်ဆပဲရှိရှိပါ။ နင့်ကိုအနိုင်ကျင့်ရင်တော့ ငြိမ်မနေနိုင်ဘူး။ ဘယ့်နှယ့်ဟယ် သူတို့မို့လို့ ငါ့သူငယ်ချင်းကိုအနိုင်ကျင့်ရဲတယ်။ မင်း မမ အကြောင်းသ်ိပြီမှတ်လား? နောက်တစ်ခါအနိုင်ကျင့်ခံရရင် မမဆီပြေးလာခဲ့။ မမကာကွယ်ပေးမယ်'
Naymin: 'နင်က ငါ့ကိုဘယ်အချိန်ထိ လိုက်ကာကွယ်ပေးနိုင်မှာမို့လို့လဲ?'
Wine: 'တစ်သက်လုံးကာကွယ်ပေးမယ်။ ကတိ'

PoisonWhere stories live. Discover now