Ep-63

441 26 0
                                    


Unicode Version

Sammy: 'ဘာလို့လဲ မိုးရဲ့၊ တွေ့မှတော့ အတူတူပဲသွားကြရအောင်လေ'

ဆမ်မီ့ကို ငြင်းရန်စဉ်းစားပြီးသော်လည်း ဝိုင့်ကိုရွဲ့ချင်စိတ်ဖြင့် လက်ခံလိုက်သည်။

MHM: 'ကောင်းပြီလေ၊ လိုက်ခဲ့ပေါ့'

မထင်မှတ်ထားတော့ မိုးထက်မြင့်ရဲ့စကားက ဝိုင့်ရင်ကိုစူးနင့်ကာ တုန်လှုပ်သွားစေသည်။ Sammy ကတော့ ဝိုင့်ကိုအနိုင်ရလိုက်သကဲ့သို့ ပျော်ရွှင်နေသည်။ နေမင်းကလည်း ဝိုင့်မျက်နှာကိုတကြည့်ကြည့်ဖြင့်သာ ဝိုင့်နဲ့အတူ စိတ်မကောင်းဖြစ်နေသည်။ ထိုအချိန်တွင်....

'မမဆမ်မီ!'
Sammy: 'ဟယ်! ရွှေစင်ပါလား။ ကောင်လေးနဲ့အတူဆိုတော့ Date လား?'

သူရိန်ကတော့ ဝိုင့်ကိုမြင်သည်နှင့် ဝိုင့်မျက်နှာကိုသာကြည့်၍ ငြိမ်နေသည်။ ရွှေစင်လည်း ဝိုင့်ကိုကြွားချင်တာကြောင့်
'ဟီး! ဟုတ်' ဟုဝိုင့်ကိုကြည့်၍ လှောင်ပြုံးပြုံးကာ ပြောသည်။ ဝိုင်နဲ့နေမင်းကတော့ သူရိန့်ကို တစ်ချက်သာလှည့်ကြည့်၍ မျက်နှာပြန်လွှဲနေလိုက်သည်။

Sammy: 'ကဲ! မိုးရေ၊ ဒီလိုဆုံဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ တစ်ဆိုင်ဆိုင်မှာ အတူတူထိုင်ကြရအောင်လေ'
MHM: 'ကောင်းပြီလေ၊ သွားကြတာပေါ့'

ဆိုင်ရောက်တော့ ဝိုင်က မိုးထက်မြင့်နားဝင်ထိုင်ရန် ပြင်သောအခါ ဆမ်မီက ဝိုင့်ကို ဘေးသို့တွန်းလွှတ်လိုက်ကာ ဝိုင့်နေရာ ဝင်ထိုင်လေသည်။ အလုံးစုံကိုမြင်သော နေမင်းနဲ့သူရိန်က ဝိုင်ထိုင်ဖို့အတွက် ထိုင်ခုံများ ကိုယ်စီပြင်ပေးကြသည်။ ဝိုင်လည်း သူရိန်ဆွဲထုတ်ပေးသောထိုင်ခုံကို မမြင်ချင်ယောင်ဆောင်၍ နေမင်းဆွဲထုတ်ပေးသော ခုံ၌သာဝင်ထိုင်လေသည်။ ရွှေစင်ကတော့ သူရိန်ဝိုင့်အတွက်ဆွဲထုတ်ပေးထားသောခုံ၌ ရူးချင်ယောင်ဆောင်၍ ဝင်ထိုင်လိုက်သည်။ ထိုအခါ သူရိန့်ထိုင်ခုံက ဝိုင့်ဘေးသို့ရောက်သွားပြီး မိုးထက်မြင့်ကတော့ ဝိုင်နှင့် မျက်နှာချင်းဆိုင်ရောက်သွားသည်။

MHM: (ငါမရှိရင်တောင် သက်တော်စောင့် ၂ ယောက်တော့ရှိတယ်ဆိုတဲ့ပုံစံနဲ့၊ ဝန်းရံနေလိုက်သေးတယ်။ ငါ့အပေါ်လည်း သဝန်တိုစိတ်လေး နည်းနည်းမှမရှိဘူး😪)
Wine: (ဟွန့် ရှင့်မိန်းမက ကျွန်မပါနော်။ အခုတော့ မိန်းမကို ချောင်ထိုးထားတယ်၊ ခေါ်ရကောင်းမှန်းတောင်မသိဘူး။ အေးပေါ့ ရှင့်အနားမှာသူရှိနေပြီပဲ ကျွန်မကို ဘယ်လိုပါ့မလဲ😪)
သူရိန်: (ငါကဘာဖြစ်နေတာလဲ! ဝိုင့်ဘေးမှာထိုင်ရုံနဲ့တင် ရင်တွေဘာလို့ခုန်နေရတာလဲ? မဟုတ်မှလွဲရော.....😟)
Naymin: (ထူးထူးဆန်းဆန်းပဲ၊ ဒီဝိုင်းမှာတော့ ငါ့ကိုယ်ငါ လူပိုလို့မခံစားရဘူး။ ဒါပေမယ့် ဝိုင်ကတော့....😔)

Poisonحيث تعيش القصص. اكتشف الآن