Ep-109

326 21 0
                                    


Unicode Version

မိုးထက်မြင့်နဲ့နွယ် ပွဲကိုရောက်လာတော့ ဦးသိန်းဇော်က လာနှုတ်ဆက်သည်။

ဦးသိန်းဇော်: 'ကိုမိုးဟိန်းရဲ့ သားနဲ့သမီးမဟုတ်လား? လာလေ...ထိုင်ကြ'
Nwe: 'ဟုတ်ကဲ့'

မိုးထက်မြင့်က မထိုင်ပဲ ဟိုကြည့်ဒီကြည့်လုပ်နေသဖြင့် နွယ်အတင်းဆွဲခေါ်ကာ ထိုင်ခိုင်းရသည်။

MHY: 'ဟာ! ကိုမိုးထက်မြင့်! တွေ့ကြပြန်ပြီနော်'
MHM: 'ဟုတ်ပါရဲ့! မင်းရော ဒီပွဲလာတာလား?'
MHY: 'ကျွန်တော့်ပွဲပဲလေ...လာရမှာပေါ့'
MHM: 'ဘာ! ဒါဆို ခုဏကတစ်ယောက်က မင်းအဖေပေါ့'
MHY: 'အရင်းတော့မဟုတ်ဘူးပေါ့'
MHM: 'ဪ....Sorry'
MHY: 'ရပါတယ်ဗျာ...ဒါနဲ့! ဝိုင်ရော မပါဘူးလား?'
MHM: (ဒီကောင်ကဘာလဲဟ! ငါ့တွေ့တိုင်း ဝိုင့်ကိုပဲမေးနေတယ်🙁)
'အင်း! မပါဘူး။ အစ်မနဲ့လာတာ'
MHY: 'မမနွယ်ကိုတော့သိပါတယ်။ အရင်ကခဏခဏတွေ့ဖူးတယ်။ ကျွန်တော့်ကိုလိမ္မာလို့တောင် အပိုင်လိုချင်တယ်လို့ပြောသေးတယ်။ ဟုတ်တယ်နော် မမနွယ်?'
Nwe: (ဒီကလေး လူကြားထဲ ဘာတွေလျှောက်ပြောနေမှန်းမသိဘူး)
'ဟုတ်တာပေါ့ကွယ်...☺️'

Other: 'မြတ်ဘုန်းရေ! မင်းအမေခေါ်နေတယ်။ သွားလိုက်ဦး'
MHY: 'အေးအေး'
Other: 'ကိုမိုးထက်မြင့်ပဲ! ထပ်တွေ့ပြန်ပြီ။ ဝိုင်ရော မပါဘူးလား?'
MHM: (ဒီကောင်တွေကွာ....အနာကိုပဲ တုတ်နဲ့လာလာရိုက်တယ်)
'အင်း... မပါဘူး'
-------------------------------------------

MHY: 'မာမီ! ကျွန်တော့်ကိုခေါ်တယ်ဆို?'
MHY'sMom: 'ဟုတ်တယ်သား...ခဏနေ SUN.co.ltd ကသူဌေးလေးလာမယ်တဲ့။ သားသူ့ကိုကြိုရမယ်နော်'
MHY: 'ဪ! ဟုတ်ကဲ့'

ခဏကြာတော့ နေမင်းနဲ့ဝိုင်အတူဝင်လာကြသည်ကိုတွေ့သဖြင့် မြတ်ဘုန်းရောင်တို့ သားအမိနှစ်ယောက်လုံးအံ့ဩသွားကြသည်။

MHY: 'ဝိုင်! ဝိုင်က ဘယ်လိုလို့?'
Wine: 'ဟင်! ကိုမြတ်ဘုန်းရောင်ပဲ'
Naymin: 'နင်တို့ကသိနေတာလား?'
Wine: 'အင်း...မိတ်ဆွေတွေလေ'
Naymin: 'ဪ!'
(ခေါ်လာမိတာမှားပြီထင်တယ်)
MHY: 'အစ်ကိုက ကျွန်တော့်ဘေးအခန်းက အစ်ကိုပဲ။ ကျွန်တော့်ကိုမှတ်မိလား?'
Naymin: 'တွေ့တည်းကမှတ်မိပါတယ်'
Wine: 'ဒါနဲ့ ကိုမြတ်ဘုန်းရောင်က မွေးနေ့ရှင်လား?'
MHY: 'ဟုတ်တယ်ဗျ။ ဪ! တရားဝင်မိတ်ဆက်ပေးပါ့မယ်။ ဒါက ကျွန်တော့်အမေပါ။ ဟိုဘက်က အမေ့ရဲ့ ခင်ပွန်း'
Wine: 'ဪ! ဟုတ်ကဲ့ပါ'
(အမေ့ရဲ့ခင်ပွန်းက အဖေမဟုတ်ဘူးလား? သူဘာတွေပြောနေတာလဲမသိဘူး🤥)
Naymin: (စိတ်မချစရာ တစ်ကောင်တော့ပေါ်လာပြီ။ တိုက်ခန်းတစ်ခန်းထပ်ဝယ်ရတော့မလားမသိ🤔)
MHY'sMom: 'ဘယ်လိုလို့ လင်မယားနှစ်ယောက်က သက်သက်စီလာကြတာလဲ?'
Wine: 'ရှင်!'
(ကိုမိုးထက်မြင့်ရော ရောက်နေတာလား? ဘယ်မှာပါလိမ့်😳)

PoisonWhere stories live. Discover now